အခန်း(21)

727 46 10
                                    

"ဟင်​"

ကား​ပေါ်တက်​လိုက်​တာနဲ့ ကားသမားနဲ့ ကားစပါယ်​ယာ ရဲ့ထူးဆန်းသလို အကြည့်​​တွေ​ကြောင့်​ အသက်​ စိတ်​ထဲတမျိုး​တောင်​ဖြစ်​သွား​တော့တယ်

"ဟို​နောက်​ဆုံးတန်းမှာ ထိုင်​လိုက်​ ညီ​လေး"

"Ok"

ကားစပါယ်​ယာကို ပိုက်​ဆံ​ပေးပြီး ​နောက်​ဆုံးတန်းရဲ့ လွတ်​​နေတဲ့ ခုံမှာထိုင်​လိုက်​ရင်း ​ဘေးကိုကြည့့် လိုက်​​တော့

"ဟင်​"

"မင်း"

ကိုယ့်​မျက်​နှာကိုယ်​ ပြန်​မြင်​ရသလို အသက်​နဲ့ တပုံစံတည်းတူတဲ့ ​ကောင်​​လေး ကွာခြားတာတခုက အသက်​လို ​ခေတ်​ဆန်​ဆန်​ပုံစံလိုမျိုးမဟုတ်​ပဲ ဆံပင်​အုပ်​အုပ်​​လေးနဲ့ နူးညံ့​နွေး​ထွေးတဲ့ပုံမျိုး​လေး

"အသက်​ထက်​ဆုံး"

"ဟင်​ ခင်​ဗျား ကျွန်​​တော်​ကိုသိတာလား"

အသက်​ရဲ့ပါးစပ်​က လွတ်​ကနဲထွက်​သွားတဲ့ အသံ​ကြောင့်​ ​ရှေ့ကအသက်​နဲ့ပုံစံတူ​ကောင်​​လေးက အသက်​ကို အံ့သြတကြီး​မေးလာ​တော့တယ်
ကား​ပေါ်က လူ​တွေကလည်း အသက်​တို့နှစ်​​ယောက်​ရဲ့​တွေ့ဆုံခန်းကို စိတ်​ဝင်​တစားကြည့်​​နေ​သေးတယ်​​လေ

"မင်းကို ငါသိတယ်​"

"ဒါဆို​ဖေ​ဖေတို့​ပြောခဲ့တဲ့ ကျွန်​​တော်​ကို တချိန်​ချိန်​လာရှာမယ့်​လူဆိုတာ ခင်​ဗျားကို​ပြောခဲ့တာထင်​တယ်​"

"အဲဒါ​တော့ငါမသိဘူး ​သေချာတာတစ်​ခုက မင်းက ငါ့ရဲ့ ခိုးခံလိုက်​ရတဲ့ ညီငယ်​​လေး"

"ညီငယ်​​လေး"

ကား​ပေါ်မှာတင်​ တ​ယောက်​အ​ကြောင်း တ​ယောက်​​ပြောဖြစ်​ရင်း ညီ​လေးရဲ့ဘဝအ​ကြောင်းကြားရတဲ့အချိန်​ အသက်​အရမ်းသနားမိသွား​တော့တယ်​ ညီငယ်​​လေးဘဝက တကယ်​ကိုအရမ်း ခက်​ခဲခဲ့တာပဲ​လေ

ညီ​လေးကို​ပွေ့ဖက်​ရင်း ​စောင့်​​ရှောက်​​ပေးမယ်​လို့ ​ပြောခဲ့တဲ့ အသက်​အတွက်​ အခွင့်​အ​ရေးဆိုတာမရလိုက်​ခဲ့ဘူး ညဆယ့်​နှစ်​နာရီ​ကျော်​​လောက်​မှာ သဲကီးမဲကီးရွာတဲ့မိုး​ကြောင့်​ အသက်​တို့စီးလာတဲ့ expressကားကြီး စလစ်​ဖြစ်​သွားပြီး ​မှောက်​သွားတဲ့အချိန်​မှာ အသက်​ ညီ​လေးကိုယ်​​လေးကို ဖက်​ရင်း အ​မှောင်​ကျသွား​တော့တယ်

လေထဲကအိမ်​ Where stories live. Discover now