အခန်း(28)

709 44 5
                                    

"​ခေါင်း​ဆောင်​ ဒါကlunaအ​ကြောင်းစုံစမ်း ထားတဲ့ အဖြစ်​မှန်​​တွေပါ"

လွန်းတို့ ကျွန်းက​နေပြန်​လာပြီးတာနဲ့ daddyတို့လက်​ဖွဲ့ထားတဲ့ ရန်​ကုန်​က အိမ်​မှာပဲ မိသားစုသုံး​ယောက်​အတူတူ​နေဖြစ်​ကြတယ်​ ပါးပါးက​တော့ ​မြေးဦးဖြစ်​တဲ့ သမီး​လေးကို ခနခန လာကြည့်​ပြီး ပင်​မစံအိမ်​​တော်​ကို ​ခေါ်သွားတတ်​ပင်​မယ့်​ အသက်​​လေးက​တော့ တခါမှ လွန်းရဲ့ မိသားစုကို မျက်​နှာချင်းမဆိုင်​ခဲ့ဘူး​လေ

လွန်းပိုင်​တဲ့လုပ်​ငန်းစု​တွေကို ဦးစီးရင်း လွန်းတို့သားအဖ​တွေ ဒီသုံးလအတွင်းမှာ ​တော်​​တော်​​လေး ​ပျော်​ရွှင်​​နေ​တော့တယ်

ဒီ​နေ့​တော့ သမီး​လေးကိုမူကြိုပို့ထားတာမလို့ လွန်း ရဲ့အသက်​​လေးက လွန်းနဲ့companyတူတူ လိုက်​လာတုန်း တိုက်​တိုက်​ဆိုင်​ဆိုင်​ Sက အသက်​ရဲ့ မိသားစုအ​ကြောင်း လာ​ပြော​တော့တယ်​​လေ

"ကျွန်​​တော့်​အ​ကြောင်းဆိုတာ"

"Lunaရဲ့ မိဘအရင်း​တွေအ​ကြောင်းပါ"

နားမလည်​သလိုဖြစ်​​နေတဲ့ အသက်​ရဲ့ လက်​​လေးကို လွန်းဆုပ်​ကိုင်​လိုက်​ပြီး

"M gangရဲ့​ခေါင်း​ဆောင်​​တွေက အသက်​ရဲ့မိဘအရင်း​တွေ မဟုတ်​ဘူး အသက်​"

"ဘယ်​လို ​မောင်​ အသက်​ရဲ့မိဘရင်း​တွေမဟုတ်​ဘူးဆိုတာ ဘယ်​လိုဖြစ်​နိုင်​မှာလဲ"

"တကယ်​​တော့ အဲအ​ကြောင်း ကို​မောင်​တို့စုံစမ်း​နေတာကြာပြီ အသက်​​လေး အသက်​နဲ့ မိဘမတူတဲ့ အမွှာ ရှိတယ်​ဆိုကတည်းက တကယ်​ဆို M gang​ခေါင်း​ဆောင်​ဦးထွန်းလူက သူ့လက်​​ထောက်​ဦးမင်း လွင်​နဲ့ ​ဒေါ်ဖြူစင်​ရဲ့ က​လေးကို ခိုးယူခဲ့တာ"

"အသက်​​လေး ဒါကိုဖတ်​ကြည့်​လိုက်​ရင်​နားလည်​ ပါလိမ့်​မယ်​"

အသက်​လက်​ထဲကို ဖိုင်​အမဲ​လေး​ပေးပြီး ​မောင်​က အခန်းထဲကထွက်​သွား​တော့တယ်​ အသက်​တုန်​ယင်​​နေတဲ့လက်​​တွေနဲ့ ဖိုင်​​လေးကို ဖွင့်​လိုက်​တဲ့ အချိန်​မှာ ပထမဆုံးမြင်​လိုက်​ရတာက ultrasound ဓာတ်​ပုံ​လေးနဲ့ လွန်​ခဲ့တဲ့ 31နှစ်​က ရက်​စွဲ​လေးတခု ပြီး​တော့ ဖိုင်​ကြားထဲ ကဒိုင်​ယာရီ​လေး

လေထဲကအိမ်​ Where stories live. Discover now