အခန်း(30)

653 40 13
                                    

"အသက်​​လေး အသက်​"

အသက်​ ​ဖေ​ဖေ့ဒိုင်​ယာရီစာအုပ်​​လေးကိုဖက်​ပြီး ဘယ်​​လောက်​​တောင်​ဝမ်းနည်း​နေမိတယ်​မသိဘူး ​မောင်​လာ​ခေါ်​နေတာ​တောင်​ မသိလိုက်​မိဘူး

"​မောင်​"

အသက်​ ​မောင့်​ခါးကိုဖက်​လိုက်​ရင်း ​မောင့်​ဗိုက်​​ပေါ်မျက်​နှာအပ်​ပြီး ငိုလိုက်​မိ​တော့တယ်​ ​ဖေ​ဖေ့အတွက်​ဝမ်းနည်းတာ​ရော နှစ်​​ပေါင်းများစွာ အသက်​သိထားတဲ့ မိဘ​တွေဆိုတာ မိဘအရင်းမဟုတ်​ဘူးဆိုတာ သိလိုက်​ရတာ​ရော​ကြောင့်​ အသက်​အ​တွေး​တွေထဲရှုပ်​​ထွေးပြီး ဝမ်းနည်းလာမိ​တော့တယ်​ ခုချိန်​မှာ အသက်​သိတာ ငိုချင်​တာတစ်​ခုထဲပဲ

မောင်​က အသက်​​ဘေးထိုင်​ချလိုက်​ပြီး ရင်​ခွင်​ထဲဆွဲသွင်းလိုက်​​တော့တယ်

"ငိုလိုက်​ ​မောင့်​အသက်​​လေး စိတ်​ရှိသ​လောပ်​ အားရပါးရငိုလိုက်​​နော်​ ဒီတရက်​​တော့ အားရပါးရ ငိုပစ်​လိုက်​"

"​ဖေ​ဖေနဲ့ daddyက သနားဖို့​ကောင်းလိုက်​တာ ချစ်​ရက်​နဲ့ မ​ပေါင်းဖက်​ကြရဘူး ဘယ်​သူ​တွေက ယုတ်​မာလိုက်​ကြတာလဲ မသိပါဘူး ​မောင်​ရယ်​ ​ဖေ​ဖေ သနားပါတယ်​"

လွန်းရင်​ခွင်​ထဲမှာ အ​ဖေရင်းနဲ့ ​မွေးစားအ​ဖေတို့ကို သနားလို့  ငို​နေတဲ့ အသက်​​က​လေးက တကယ်​ကို ဝမ်းနည်း​နေ​တော့တယ်​ အဲ​နေ့က အချိန်​အကြာကြီး ငို​နေတဲ့ အသက်​ကိုယ်​​လေးကို လွန်း ဖက်​ထားရင်း နှစ်​သိမ့်​​ပေး​နေမိ​တော့တယ်

"အချစ်​"

"တိုးတိုး အံ့မှူး သခင်​မငယ်​​လေး ခုမှအိပ်​​ပျော်​သွားတာ"

မင်းရံ သခင်​မငယ်​​လေးကို ကုတင်​​ပေါ်​သေချာသိပ်​ပြီး​စောင်​​သေချာခြုံ​ပေးပြီးမှ အပြင်​ထွက်​လိုက်​​တော့ ဆိုဖာ​ပေါ်ထိုင်​​နေတဲ့ အံမှူးကထ လာ​တော့တယ်

"ကိုယ့်​အချစ်​က က​လေး​တောင်​​ကောင်း​ကောင်းထိန်းတတ်​​နေပြီပဲ ကိုယ့်​ကို သခင်​မငယ်​​လေးလိုမျိုး ချစ်​စရာ​ကောင်းတဲ့ baby​လေး​မွေး​ပေး​တော့"

လေထဲကအိမ်​ Where stories live. Discover now