End

730 38 7
                                    

"ပါးပါး သားအခန်းကို အသက်​ကိုလိုက်​ပြလိုက်​အုံးမယ်​"

"အင်း သားသား ချစ်​သက်​​လေးက​တော့ သားdaddyဆီမှာ ​ခေါ်လို့ရမှာမဟုတ်​​သေးဘူး"

လွန်းသမီး​လေးကို လှမ်းကြည့်​ရင်း ပြုံးလိုက်​မိ​တော့တယ်​ daddyက ​သမီးမိန်းက​လေးဆို သဲသဲလှုပ်​ချစ်​တတ်​ပုံနဲ့ ချစ်​သက်​​လေးရဲ့ချွဲတတ်​ပုံနဲ့ ​တွေ့ပါ​တော့မယ်​ ပြီးရင်​ ည​နေကြရင်​ ရိပ်​​လေးရဲ့ သားနှစ်​​ယောက်​ကလည်း ခုမှမြင်​ဖူးမယ့်​ ညီမ​လေးကို ချစ်​လိုက်​မယ့်​ ပုံကိုကြို​တွေးရင်း လွန်း ​ပျော်​​နေမိ​တော့တယ်

"အသက်​ ​မောင်​တို့အ​ပေါ်ခနတက်​ရ​အောင်​"

"ဟုတ်​ ​မောင်​"

"​မောင့်​အခန်းက ချစ်​စရာ​လေး"

"ပါးပါးနဲ့daddyက ​မောင်​တို့ ငယ်​ငယ်​​လေးကတည်းက ပစ္စည်း​တွေကို ဒီအတိုင်း​လေး နှစ်​အလိုက်​ သိမ်းထား​ပေးတာ​လေ"

လွန်းအခန်းထဲက အရုပ်​​တွေကို မျက်​ဝန်းဝိုင်းဝိုင်း​လေးနဲ့လိုက်​ကြည့်​​နေတဲ့အသက်​ပုံ​လေးက တကယ်​ကို သူ့ထက်​ခုနှစ်​နှစ်​ ကြီးတယ်​ဆိုတာ တကယ်​ကိုကျိန်​​ပြောရမလို ဖြစ်​​နေ​တော့တယ်

"လာပါအုံး ​မောင့်​အသက်​ရဲ့ ​မောင့်​နားကပ်​ပါအုံး"

သူ​ခေါ်လိုက်​တာနဲ့ ကုတင်​​ပေါ်ကလွန်း​ဘေးကို လာထိုင်​တဲ့အသက်​​လေး လွန်း အသက်​လက်​​လေးကိုဆုပ်​ကိုင်​လာပြီး ပါးအိအိ​လေးကိုဖိနမ်း လိုက်​​တော့တယ်

"အသက်​"

"ဟင်​"

"​မောင့်​ကို သား​လေး​မွေး​ပေး"

"ဟင်​"

"ရိပ်​​လေးက ​မောင်​တို့ထက်​ သာ​နေပြီ သားနှစ်​​ယောက်​​တောင်​​မွေးထားတာ ​မောင့်​မှာက သမီး​လေးတစ်​​ယောက်​ပဲရှိတယ်​​လေ ​မွေး​ပေး​နော်​"

အသက်​လက်​ကိုဆုပ်​ကိုင်​ပြီး ​ပြော​နေတဲ့​မောင်​က တကယ့်​က​လေး​လေးလိုပဲ ဟုတ်​တာပဲ အသက်​နဲ့ဆို ​မောင်​က ခုနှစ်​နှစ်​ငယ်​တဲ့ က​လေးပဲ​လေ

လေထဲကအိမ်​ Where stories live. Discover now