Ep-2

27 5 0
                                    

"မင်းတို့နှစ်ယောက်မှာလည်းအခန်းရှိတယ်လေ မင်းတို့အခန်းဆီပဲပြန်ပြီးတော့ အိပ်ကြကွာ"
Lopကအနည်းငယ်စိတ်ရှုပ်နေတဲ့အသံနဲ့ပြောလိုက်သည်။

"ငါတို့ကမင်းအခန်းထဲမှာပဲအိပ်ချင်တာလေ မရဘူးလား?"
Kitကမေးလိုက်တော့ Lopကချက်ချင်းကိုမျက်မှောင်ကြုံ့လိုက်လေသည်။

"မင်းတို့ကဘယ်လိုအိပ်ကြမှာလဲ? ငါ့အိပ်ယာကိုလည်းကြည့်ကြည့်ဦး သေးသေးလေးဟာကို"
Lopကသူ့အိပ်ယာကိုဖွဖွလေးပုတ်ပြီးပြောလိုက်တော့ Ruthနဲ့Kitလည်းအချင်းချင်းပြန်ကြည့်မိလေသည်။ ဘာလို့လဲဆိုတော့Lopရဲ့အိပ်ယာအလျားက၃ပေခွဲလောက်ပဲရှိတယ်လေ။ အကယ်၍လူနှစ်ယောက်တူတူအိပ်မယ်ဆိုရင်တောင် အချင်းချင်းကွေးအိပ်မယ်ဆိုရင်အိပ်လို့ရနိုင်ပေမဲ့ သုံးယောက်ဆိုရင်တော့ သေချာပေါက်ကိုမရပေ။

"ခနလေး ငါတို့အရင်စကားပြောကြရအောင်"
Kitကတည်တည်ငြိမ်ငြိမ်ပဲပြောပြီးတော့ မတ်တပ်ထရပ်ပြီး Ruthကိုဖက်ကာ Lopရဲ့အခန်းထဲကနေထွက်လာလိုက်ပြီး အခန်းတံခါးကိုပိတ်လိုက်လေသည်။ ဘာလို့လဲဆိုတော့သူတို့ဘာအကြောင်းကိုပြောနေလဲဆိုတာကို Lopကြားသွားမှာဆိုးတာကြောင့်ပင်ဖြစ်သည်။

"ငါတို့ဘယ်လိုလုပ်ကြမလဲ?"
Ruthကတိုးတိုးလေးမေးလေသည်။

"အိပ်ယာကလူနှစ်ယောက်ပဲအိပ်လို့ရမှာကွ"
Ruthကစိတ်ပူစွာနဲ့ထပ်ပြောလေသည်။

"မင်းနဲ့ငါ တစ်ယောက်တစ်လှည့်ဆီသူနဲ့အိပ်ကြရင်‌ရော တစ်ရက်စီပေါ့"
Kitကအကြံပေးသည်။

"သူကလက်ခံပါမလားကွ"
Ruthကစိတ်ပူနေဆဲဖြစ်သည်။

"သူလက်ခံပါတယ်ကွာ ဟိုကျားနှစ်ကောင်ဆီကိုခေါ်သွားပေးဖို့ ငါတို့ညှိကြတုန်းက သူငါတို့နဲ့ကတိပေးထားတယ်လေ သူငါတို့နှစ်ယောက်ပေါ်မှာ အကြွေးရှိတယ်ဆိုတာကိုမင်းမမှတ်မိတော့ဘူးလား?"
Kitကထပ်ပြောလိုက်တော့မှပဲ Ruthပြုံးလာတော့သည်။

"အိုခေ ဒါဆိုရင်အရင်ဆုံးသူနဲ့ဘယ်သူအိပ်မှာလဲ?"
Ruthကမေးလိုက်တော့ Kitနဲ့Ruthလည်းအချင်းချင်းပြန်ကြည့်မိကြပြီး ချက်ချင်းကို ကျောက်တုံး,စက္ကူ,ကတ်ကြေးကိုဆော့ကြတော့သည်။ Kitကကျောက်တုံးကိုရွေးမိပြီး Ruthကတော့ကတ်ကြေးကိုရွေးမိသည်။

A Triple Affair (Unforgotten Night)Where stories live. Discover now