EP-4

27 5 0
                                    

Lopသူ့သူငယ်ချင်းနှစ်ယောက်ကိုမျက်မှောင်ကြုံ့ပြီးပဲကြည့်နေလိုက်မိတော့သည်။

"ဘာလို့ဒါတွေကိုငါ့ကိုလာပေးနေရတာလဲ? ငါ့ကိုပေးထားတာတွေမှမဟုတ်တာ"
Lopကအနည်းငယ်စိတ်ရှုပ်တဲ့လေသံနဲ့ပြောလိုက်သည်။

"ငါတို့ကမင်းကိုပေးတာလေ အဲ့တော့မင်းဟာတွေပဲပေါ့"
Ruthကငြင်သာတဲ့အပြုံးတစ်ခုနဲ့ပြောသည်။

"ဒါပေမဲ့ကောင်မလေးတွေက မင်းတို့နှစ်ယောက်ကိုပေးထားတာလေ အဲ့ဒါကိုဘာလို့မင်းတို့က ငါ့ကိုလာပေးနေရတာလဲ? မကောင်းတဲ့ပုံပေါ်မနေဘူးလား? အကယ်၍သူတို့တွေသိသွားရင် သူတို့ဘယ်လိုခံစားသွားမလဲ?"
Lopကလေသံမာမာနဲ့မေးလိုက်သည်။

"ဘာလို့မင်းကအများကြီးတွေးနေရတာလဲကွာ? ဒီပစ္စည်းတွေလာပေးတဲ့သူတစ်ယောက်မှကို ငါတို့တွေကလည်းစိတ်မှမဝင်စားတာပဲ"
Kitကပြောသည်။

"အကယ်၍စိတ်မဝင်စားဘူးဆိုရင် မင်းတို့ကဒီပစ္စည်းတွေကိုဘာလို့လက်ခံလိုက်ရတာလဲ?"
Lopကပြန်မေးသည်။

"အကယ်၍ငါတို့လက်မခံဘူးဆိုရင် ငါတို့ကိုလက်ဆောင်ပေးတဲ့လူတွေရဲ့ ကြင်နာမှုကိုဖြုန်းတီးရာကြမှာပေါ့ တစ်စုံတစ်ယောက်ရဲ့ကြင်နာမှာကိုလက်ခံဖို့တွေးရမှာပေါ့ လက်ဆောင်ပေးတဲ့သူကငါတို့ကိုလက်ခံစေချင်ရုံသက်သက်ပြလေ မင်းဒါကိုအတည်ကြီးတွေးလိုက်မယ်လို့ငါမထင်ခဲ့ဘူး"
Ruthကပြောသည်။

"ဒါပေမဲ့သူတို့ကမင်းတို့နှစ်ယောက်ကို သူတို့နဲ့ပတ်သတ်ပြီးတွေးပေးဖို့ကို တိတ်တိတ်လေးမျှော်လင့်နေကြမှာလေ"
Lopကဆက်ပြောသည်။

"အဲ့တော့ဘာလုပ်ရမှာလဲ? တစ်ယောက်ယောက်ကတစ်ခုခုလာပေးလို့ ငါတို့ကလက်ခံလိုက်တယ်ဆိုရင် ငါတို့ကသဘောကျပေးရမှာလား? တစ်စုံတစ်ယောက်ကိုသဘောကျတယ် မကျဘူးကငါတို့အပေါ်ပဲမူတည်တယ်လေ သူတို့ငါတို့ကိုဘာပေးလည်းဆိုတာနဲ့မဆိုင်ဘူး အကယ်၍မင်းတွေးသလိုမျိုးဆိုရင် ဒါတွေအကုန်လုံးကိုသူတို့ကိုပြန်ပေးလိုက်တော့မယ် အဲ့တာဆိုဘာပြသာနာမှလဲမရှိတော့ဘူးပေါ့"
Kitကအတည်တွေပြောလာတဲ့နောက်မှာတော့ Ruthလည်း Kitရဲ့ပုခုံးကိုဖွဖွလေးပုတ်လိုက်တော့သည်။

A Triple Affair (Unforgotten Night)Where stories live. Discover now