Ep-5

27 5 0
                                    

Lopကသူ့အိမ်ဆီကိုပြန်လျှောက်လာပြီးတော့ သူ့အခန်းဆီကိုတန်းတန်းမက်မက်ဝင်သွားလိုက်သည်။ အခန်းတံခါးကိုလော့တောင်မချတော့ပဲနဲ့ မူးဝေနေတဲ့ခံစားချက်နဲ့အတူ အိပ်ယာပေါ်ကိုသာလှဲချလိုက်မိသည်။ Lopနေရတာအဆင်မပြေသလို ခေါင်းလဲကိုက်နေသည်။
KitကLopအနားကိုရောက်လာပြီးတော့ကုတင်အစွန်းမှာထိုင်ချလိုက်တာကြောင့် Lopဘေးကိုနည်းနည်းရွှေ့သွားတော့သည်။

"မင်းဘာဖြစ်နေတာလဲ?"
Kitကမေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး နည်းနည်းခေါင်းမူးနေလိူ့ပါ"
Lopကနီရဲနေတဲ့မျက်နှာနဲ့ပြန်ဖြေသည်။ ဘာလို့လဲဆိုတော့သူ့နှလုံးခုန်နှုန်းကအရမ်းမြန်နေတာကြောင့်ပင်ဖြစ်သည်။ Kitကအနည်းငယ်အံ့သြနေပုံရတဲ့Lopကိုကြည့်နေဆဲပင်ဖြစ်သည်။

"မင်းဘာလုပ်တာလဲ?"
Lopကချက်ချင်းပဲမေးလိုက်သည်။

"မင်းမှာအဖျားရှိလားဆိုတာကို စမ်းပေးနေတာ ငြိမ်ငြိမ်နေစမ်းပါ"
Kitကအေးစက်စက်ပြန်ပြောလိုက်ပြီးတော့ သူ့လက်ကိုLopရဲ့နဖူးပေါ်တင်လိုက်တာကြောင့် Lopလည်းတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"မင်းကိုယ်နည်းနည်းပူနေတယ် ငါ့အထင်တော့ဆေးအရင်ကြိုသောက်ားတာကောင်းလိမ့်မယ် မင်းနေမကောင်းဖြစ်နေရင် နေလို့လဲအဆင်ပြေမှာမဟုတ်ဘူး"
Kitကပြောလိုက်ကြောင့် Lopလည်းသူ့ကိုဒီလိုမျိုးဂရုစိုက်ပေးတက်တဲ့သူငယ်ချင်းဖြစ်သူကြောင့် သူ့နွေးထွေးမှုကိုခံစားလိုက်ရသည်။ ဒါပေမဲ့သူ့စိတ်ထဲမှာထူးထူးဆန်းဆန်းကို ရှက်နေမိပြန်သည်။

"ငါ့အထင်တော့မင်းလက်ကိုဖယ်သင့်ပြီနော်"
Kitကသူ့လက်ကို Lopရဲ့ကိုယ်ပေါ်မှာတင်ထားဆဲဖြစ်တာကြောင့် Lopကပြောလိုက်သည်။ ဒါကြောင့်ပဲ Kitလည်းသူ့လက်ကိုLopရဲ့နဖူးပေါ်ကနေဖယ်လိုက်ပြီးတော့ လည်ပင်းကိုစမ်းကြည့်လိုက်ပြီးနောက် နှမြောစွာပဲ သူ့လက်ကိုLopရဲ့ကိုယ်ပေါ်ကနေပြန်ရုတ်လိုက်သည်။

"ငါအိပ်ချင်နေပြီ"
Lopကပြောလိုက်တော့ Kitမျက်မှောင်ကြုံ့လိုက်မိသည်။

"မင်းငါ့ကိုနှင်ထုတ်နေတာလား?"
Kitကမေးလိုက်သည်။

"မဟုတ်ပါဘူးကွာ ငါဒီအတိုင်းအိပ်ချင်နေလို့ပါ"
Lopကချက်ချင်းပြန်ပြောလိုက်သည် သူ့ခေါင်းကလည်းအခုထိမူးဝေနေတုန်းပဲဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

A Triple Affair (Unforgotten Night)Where stories live. Discover now