EP3

31 5 0
                                    


"P'Kom!!!!!"
Kamolရဲ့အိမ်မှာရှိတဲ့ကားတွေအကုန်လုံးကိုဆေးရမယ်လို့ သူအမိန့်ပေးလိုက်တဲ့အချိန်မှာ Lopဆီကနေပြီးတော့ငိုမဲ့မဲ့အသံတစ်ခုကထွက်ပေါ်လာလေသည်။ ဘာလို့လဲဆိုတော့ Lopတစ်ယောက်ကျောင်းမှာရန်ဖြစ်ခဲ့တယ်ဆိုတာကို Kamolကသိသွားလို့ပဲဖြစ်တယ်။ အဲ့တာနဲ့ပဲ KamolကLopကိုကားတွေအကုန်လုံးရဲ့ အတွင်းအပြင်ကိုသန့်ရှင်းရေးလုပ်ခိုင်းလိုက်ချိန်မှာတော့ Lopမေ့လဲချင်သွားတော့သည်။ ဘာကြောင့်လဲဆိုတော့ ဂိုထောင်ထဲမှာရပ်ထားတာစုစုပေါင်း ကား၅စီးရှိတဲ့အပြင်ကိုမှ မော်တော်ဆိုင်ကယ်ကလည်း၄စီးတောင်ရှိတာလေ။

"ငါလည်းမကူညီပေးနိုင်ဘူး"
Komကအေးစက်စက်ပဲပြန်ပြောသည်။

"ကားတွေအကုန်လုံးကိုသန့်ရှင်းရေးလုပ်ဖို့ တကယ်လိုလို့လားဟင်?"
Lopကမေးလိုက်သည်။

"နောက်တစ်ခါကျရင် KhunKmaolအမိန့်ကိုမနာခံတာမျိုးမလုပ်နဲ့ပေါ့ သူမင်းကိုဘာလို့အပြစ်ပေးလဲဆိုတာကို မင်းနားလည်တယ်မလား"
Komကပြောလိုက်တော့ Lopမျက်နှာကအနည်းငယ်အောက်ငုံ့သွားလေသည်။

"နားလည်ပါတယ်"
Lopကပြန်ဖြေလိုက်သည်။

"ဒါမှမဟုတ် မင်းတစ်ခြားအလုပ်နဲ့ပြောင်းလုပ်ချင်လား? ဒါဆိုရင်ငါနဲ့ AiDayအစား Clemolနဲ့ Whippedcreamကို သွားကြည့်ပေးရင်ကော ဘယ်လိုလဲ?"
Komကမေးချင်ယောင်ဆောင်လိုက်တော့ Lopကချက်ချင်းပဲသူ့ခေါင်းကိုခါပြလာသည်။

"ကျွန်တော်ကားတွေဆေးတာပဲကောင်းပါတယ်"
Lopကအလျင်စလိုပြန်ဖြေလာတာကြောင့် Komလည်းပေါ့ပေါ့ပါးပါးရီလိုက်ပြီး ခေါင်းကိုဘယ်ညာလှည့်ကြည့်လေသည် ။

"အဲ့တော့မင်းရဲ့အချစ်လေးတွေဘယ်ရောက်နေတာလဲ?"
Komကမေးလိုက်တော့ Lopကနားမလည်စွာပဲ မျက်မှောင်ကြုံ့လိုက်လေသည်။

"ဘယ်ကအချစ်တွေလဲ,P'Kom? အကိုဘာတွေပြောနေတာလဲ?"
Lopကခပ်ဖွဖွပြုံးပြီးပြောလိုက်သည်။

"AiKitနဲ့AiRuthကိုငါပြောနေတာ သူတို့ကမင်းကိုချစ်သလို မင်းကလည်းသူတို့ကိုချစ်တယ်မဟုတ်ဘူးလား? ဒါပေမဲ့သူတို့အခုဘယ်ရောက်နေကြတာလဲ?"
Komကမေးလိုက်တော့ Lopလည်းသတိရသွားတော့သည်။ သူရန်ဖြစ်ခဲ့တဲ့ကိစ္စကြောင့် Kamolရဲ့ရုံးခန်းထဲကိုခေါ်ခံလိုက်ရတဲ့အချိန်ထဲက သူ့သူငယ်ချင်းတွေကိုမတွေ့ရတော့တာပင်ဖြစ်သည်။ Lopကသူ့သူငယ်ချင်းနှစ်ယောက်ကို သူ့အပြစ်တွေမှာဝင်မပါဖို့ပြောထားခဲ့သလိုပဲ Kitနဲ့Ruthကလည်း Lopပြောသလိုလက်ခံပေးလေသည်။

A Triple Affair (Unforgotten Night)Where stories live. Discover now