အစောင့်: အပိုင်း(၁)

95 3 2
                                    

ကျွန်မနာမည်က နှင်းအိဝေပါ။ ကျွန်မရဲ့ပျင်းစရာကောင်းတဲ့နာမည်နဲ့ လိုက်ဖက်စွာပဲ ကျွန်မဟာလည်း ပျင်းစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ​​ပြီး​​​​တော့ ကျွန်မဟာ အမြဲတွေဝေနေတတ်ပြီး ဒွိဟအမြဲ​​ဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာကို ကျွန်မကြည့်လိုက်တာနဲ့ အခုဖြစ်နေတဲ့အခြေအနေကို သူသဘောကျနေလား သူမနှစ်မသက်ဖြစ်နေလားဆိုတာကို ကျွန်မအလွယ်လေးခန့်မှန်းနိုင်ပါတယ်။ ကျွန်မ မခန့်မှန်းနိုင်တာကတော့ ကျွန်မရဲ့စိတ်ပါပဲ။ ကျွန်မရဲ့စိတ်က တည်ငြိမ်နေတတ်ပေမယ့် တစ်ခါတစ်လေမှာတော့ ပြင်းထန်စွာပေါက်ကွဲတတ်ပါတယ်။ အခုလည်း ရင်ဘက်ထဲမှာ ဒေါသတွေပြည့်နေတဲ့ ကျွန်မရဲ့စိတ်အခြေအနေကို ကျွန်မ မနည်းထိန်းနေရပါတယ်။ ဒီနေ့က ကျွန်မရဲ့အသက်(၂၀)ပြည့်မွေးနေ့လေးပါ။ ကျွန်မရဲ့အဖေက ကျွန်မကို ဖုန်းတစ်ချက်တောင်မဆက်ပါဘူး။ သူ့ရဲ့သား ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့အဖေတူအမေကွဲမောင်လေးပေါ့။ သူ့ရဲ့သားမွေးနေ့ကိုတော့ တစ်နှစ်မှမပျက်ကွက်ဘဲ မွေးနေ့ပွဲအကြီးကြီးကျင်းပပေးလေ့ရှိပါတယ်။ ကျွန်မကို ကလေးတစ်ယောက်နဲ့ လိုက်တုနေတယ်ဆိုပြီး ထင်ချင်ထင်ကြပါ။ ကျွန်မအတွက်တော့ တစ်နှစ်သားလေးကလည်းလူပဲ၊ အသက်ခုနစ်ဆယ်အရွယ် အဘွားကြီးကလည်း လူပါပဲ။ ​ပြီးတော့...... ကျွန်မအဖေ ကျွန်မအပေါ် သူစိမ်းဆန်လာသလိုခံစားရတယ်။
တဖြည်းဖြည်းတွေးရင်းနဲ့ ကျွန်မရဲ့ဒေါသတွေဟာ ဝမ်းနည်းမှုတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ကျွန်မရဲ့မွေးနေ့မှာ ကျွန်မမျက်ရည်ကျရပါပြီ။ စီးကျလာတဲ့မျက်ရည်တွေကို ကျွန်မလျင်မြန်စွာသုတ်လိုက်ပါတယ်။ ​​ပြီး​တော. စားလက်စရှမ်းခေါက်ဆွဲကို ကုန်အောင်စားလိုက်ပြီး ဆိုင်ထဲကနေထွက်လာခဲ့လိုက်ပါ​တော့တယ်။ အဖေများကျွန်မဆီလာမလားဆိုပြီး အဆောင်ရှေ့ကခေါက်ဆွဲဆိုင်မှာ စောင့်နေတာ ညနေကတည်းကပါပဲ။ ညသာနက်သွားတယ်ပေါ်မလာပါဘူး။ လမ်းကူးဖို့စောင့်နေရင်း တစ်ဖက်လမ်းက ကျွန်မတို့ရဲ့အဆောင်ကို လှမ်းကြည့်လိုက်ပါတယ်။ အဆောင်ထဲလည်းမဝင်ချင်သေးပါဘူး။ ကျွန်မတစ်ယောက်တည်းနေရင်အထီးမကျန်ရပေမယ့် အဆောင်ကလူတွေကြားထဲမှာတော့ ကျွန်မပိုအထီးကျန်ရပါတယ်။ ဂုဏ်ပြုမယ့်သူမရှိတဲ့ ကျွန်မရဲ့မွေးနေ့ကို ကျွန်မကိုယ်တိုင်ပဲဂုဏ်ပြုရတော့မှာပေါ့။ ဟောဒီကမ္ဘာကြီးမှာ အနှစ်နှစ်ဆယ်ကြီးများတောင် နေလာခဲ့တာပဲ ကျွန်မကိုယ်ကျွန်မဂုဏ်ပြုရမယ်လေ။

အစောင့် (The Guard: The Darkest Thing Inside of Me)Where stories live. Discover now