အစောင့်:အပိုင်း(၃)ရက်စက်မှုဆိုတာ

32 2 2
                                    

အဆောင်ကိုပြန်ရောက်တာနဲ့ ကျွန်မအခန်းကို သိမ်းဆည်းရှင်းလင်းလိုက်ပါတယ်။ သိမ်းစရာပစ္စည်းသိပ်မရှိလို့ ကျွန်မ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်မ စာကြည့်စားပွဲမှာထိုင်ပြီး အမောဖြေနေရင်း ကျွန်မရဲ့ grammer စာအုပ်အဟောင်းလေးကို ပြန်လှန်ကြည့်နေမိပါတယ်။​ နောက်သုံးရက်ပြီးရင် လကုန်​တော့မယ်။ ကျွန်မစာအုပ်ကို ဒီရက်ပိုင်းထဲ အ​ပြီး​ပေးထားရမှာပဲ။ စာကြည့်စားပွဲရှေ့က ပြတင်း​ပေါက်အ​ပြင်ဘက်ကို ကျွန်မ ငေးကြည့်လိုက်ပါတယ်။ ဒီ​​​နေ့ဟာ မိုးခပ်အုံ့အုံ့လေးဖြစ်နေတယ်။ ဒီလိုခပ်မှိုင်းမှိုင်းရာသီဥတုကို ကျွန်မသိပ်သဘောကျတယ်။ လင်းထင်နေရင် ကျွန်မ မကြိုက်ဘူး။ ဒီလိုနေ့မျိုးဆို ကျွန်မ စိတ်ကြည်နေတတ်ပါတယ်။ ခပ်စိမ့်စိမ့်လေး ဖြစ်နေတာကိုလည်း ကျွန်မ​ကြိုက်တယ်။

'ဒေါက် ဒေါက်'

'နှင်းအိဝေ ငါဝင်လာခဲ့မယ်နော်'

ကျွန်မရဲ့ တိတ်ဆတ်နေတဲ့ ကမ္ဘာလေးကနေ တံခါးခေါက်သံကြောင့် ကျွန်မနှိုးထလာပါတယ်။ လှိုင်သဇင်ဦး ထင်ပါရဲ့။

'အေအေ ဝင်ခဲ့'

လှိုင်သဇင်ဦးက အခန်းထဲကို ရွှင်ပျစွာ ဝင်လာပြီး ခုတင်ပေါ်မှာ ထိုင်လိုက်ပါတယ်။ သူက ဒီအဆောင်မှာ ကျွန်မကိုခင်မင်တဲ့ တစ်ဦးတည်း​​သောသူပါ။

'နှင်းအိဝေ မနက်ဖြန်ငါတို့ ဝမ်ပုံဆည်သွားမလို့၊ လိုက်ခဲ့ပါလာ'

သူက ကျွန်မ မလိုက်မှန်းသိပေမယ့် အ​မြဲသတိတရခေါ်ရှာပါတယ်။ ဒါပေမယ့် ဟိုရောက်ရင် လူကအစုံ၊ အရက်လည်း သောက်ကြမယ်ထင်ပါတယ်။ ပြီးတော့ လူတွေအများကြီးနဲ့ အပြင်သွားရတာ ကျွန်မ သဘောမကျပါ။

'မလိုက်တော့ဘူး ငါ ပင်လုံသွားတော့မှာမို့ ပြင်ရဦးမယ်'

'ဟယ် နင် သွားတော့မှာလာ၊ အစောကြီးရှိသေးတာကို၊ အယ် နင်က ပစ္စည်းတွေတောင် သိမ်းပြီးပြီပဲ။'

'ဟုတ်တယ် ငါ စောစော ရောက်ချင်လို့၊ ကျောင်းဖွင့်ခါနီးမှ မသွားချင်လို့'

'အေးပါ၊ အဲ့ဒါဆို နင် အမှတ်တရဖြစ်အောင် လိုက်ခဲ့ပါလာ '

'တော်ပါပြီ ငါမနေတတ်တာ သိသားနဲ့။ '

အစောင့် (The Guard: The Darkest Thing Inside of Me)Where stories live. Discover now