အစောင့်: အပိုင်း(၄)အိမ်ပြန်လမ်း

26 2 0
                                    

'ကျွီး...'

တံခါးဟာ ဖြေးညင်းစွာပွင့်လာပြီး စိုးရိမ်ကြီးနေတဲ့ ​ယောက်ျား​ကြီးတစ်ဦး ပေါ်ထွက်လာပါတယ်။ သူဟာ ခေါင်းကိုဝှေ့ရင်း တစ်စုံတစ်ရာကို ရှာဖွေကြည့်နေ​လေတယ်။ ဘာကိုမှ မတွေ့တော့ သူ ခေါင်းနပန်းကြီးသွားလေသည်။
​​ယောက်ျား​ကြီးဟာ အိမ်ထဲကို ချက်ချင်းပြန်ဝင်ပြီး အိမ်သားတွေကို နှိုးနေပါတော့တယ်။

'မြရီ ထစမ်း ထစမ်း အဆောင်ကို ဖုန်းဆက်စမ်း ငါ့ သမီးရောက်ပြီလားလို့'
'ထ ထ ပင်လုံက အဆောင်ကို ဖုန်းဆက်'
'ငါ ဆရာမသက်မာတို့အဆောင်ကိုဖုန်းဆက်လိုက်မယ်'

ဒေါ်မြရီဟာလည်း အိပ်ချင်မူးတူးထလာလေတယ်။
'ဘာဖြစ်တာလဲ ကိုကြီး'

'ငါ ငါ့သမီး အသံ ကြားလိုက်ရတယ်....'

ကျွန်မဟာ ငိုယိုရင်း စူးရှ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတယ်။
'အားးးးး'
တစ်တောလုံးကို ကျွန်မအသံဟာ ဖုံးလွှမ်းသွားလေသည်။ကျွန်မအော်သံဆုံးသွားတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်သွားလေတယ်။ တစ်ကမ္ဘာလုံးက တိတ်ဆိတ်သွားသလိုပါပဲ။ အဲ့ဒီနောက် တောဟာ ဆူညံသံတွေထွက်ပေါ်လာပါ​တယ်။ သစ်ကိုင်းကျိုးသံတွေရယ် လှုပ်ရှားသံတွေရယ် လေညင်းတိုးဝှေ့သံတွေလို ဝူးဝူးဝါးဝါး အသံတွေရယ်နဲ့ ဆူညံလာပါတယ်။ ကျွန်မခံစားမိတာက အဘက်ဘက်ကနေ ထွက်ပေါ်လာတဲ့ ဒီအသံတွေအားလုံးဟာ ကျွန်မဆီ ဉီးတည်လာနေသလိုပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ အမြင်အာရုံတွေဟာ အမှောင်ထုကို တဖြည်းဖြည်းအသားကျလာပါတယ်။ ကျွန်မရဲ့ အမြင်အာရုံတွေဟာ အမှောင်ထုနဲ့ တစ်သားတည်းဖြစ်သွားတဲ့ အခါမှာတော့ ကျွန်မဟာ သစ်ပင်ရှည်ရှည်ကြီးတွေနောက်ကနေ ထွက်ပေါ်လာတဲ့ အရာကြီးတွေကို မြင်ရပါတော့တယ်။ တောထဲက နာနာဘာဝတွေ။ ​ကျွန်မအနေနဲ့ ဘယ်လောက်ပဲကြောက်ရွံ့သွားပါစေ။ လိပ်ပြာလွင့်စရာလည်း မရှိတော့ပေ။ ကျွန်မဟာလည်း လူသားတစ်ယောက်မဟုတ်တော့ပါ။ ဒါတွေကို ရင်ဆိုင်ရုံမှ အပ တခြားဘာများလုပ်နိုင်ဉီးမှာပါလဲ။ ထွက်ပေါ်လာသမျှအကောင်တွေတိုင်းဟာ ပုံသဏ္ဋ္ဌာန်မမှန်ပဲ ရှည်ရှည်မျောမျောကြီးတွေရယ် ပုပုတုတ်တုတ်ကြီးတွေရယ် ဖြစ်နေလေတယ်။ သူိတို့ ကျွန်မကို ဘာလုပ်ကြမှာလဲ။ ကျွန်မမှာ ထပ်သေစရာ အသက်လည်းမရှိတော့ဘူး။ ​​​ကြောက်ရွံလွန်းလို့ ဟစ်အော်ရအောင်ကလည်း ဘယ်သူကများ ကျွန်မကို ကူညီနိုင်မှာလဲ။ ကျွန်မ ဘယ်ဆီကိုများ ပြေးရမှာပါလဲ။ ကျွန်မရဲ့ အော်သံဟာ သူတို့ကို ဆွပေးသလိုလည်း ဖြစ်သွားနိုင်လို့ ကျွန်မဟာ ဘာအသံမှမထွက်နိုင်တော့ပေ။ ကျွန်မခြေထောက်တွေဟာလည်း လှုပ်ရှားလို့ကိုမရပါ။ ကျွန်မအလောင်းဘေးနားမှာသာ ငုတ်တုတ်ထိုင်နေရပါတယ်။ သူတို့အားလုံးဟာ ကျွန်မအနားကို ကပ်မလာကြဘဲ ခပ်ဝေးဝေးကနေ သစ်ပင်ကြီးတွေနား ကပ်ပြီး မျက်လုံးရဲရဲကြီးတွေနဲ့ ကျွန်မကို စိုက်ကြည့်နေကြလေတယ်။ ကျွန်မသာ လူတစ်ယောက်ဆို အသက်ထွက်သွားနိုင်လောက်ပါတယ်။ ဒါပေမယ့်..ကျွန်မက လူမဟုတ်တော့ဘူးပဲ။ သြော် ငါက လူမဟုတ်တော့ဘူးတဲ့လား..။ အဲ့ဒီအချိန် စုပြုံနေတဲ့ နာနာဘာဝတွေထဲက အချို့ဟာ အနောက်ကို ဆုတ်သွားကြလေတယ်။ သူ့တို့ကြားကနေ ကျွန်မ လင်းနေတဲ့အရိပ်အယောင်ကိုမြင်ရပါတယ်။ ​အရိပ်အယောင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်ပုံရပါတယ်။ နာနာဘာဝ အကောင်ကြီးတွေက သူ့ကို လမ်းဖယ်ပေးကြပြီး နောက်ကို တွန့်ဆုတ်သွားကြလေတယ်။ အရိပ်အယောင်ဘေးနားက နာနာဘာဝတွေဟာ သူ့ကို မော်မကြည့်ရဲကြဘဲ သူနဲ့ခပ်ဝေးဝေကို ဆုတ်ကာ ခပ်ရို့ရို့လေး ကုပ်သွားကြလေတယ်။ အရိပ်အယောင်ဟာ ကျွန်မဆီ တဖြည်းဖြည်းလှမ်းလာပါတယ်။ ကျွန်မလည်း ရင်ထဲတလပ်လပ်ဖြစ်လာပါတယ်။ အရိပ်အယောင်ကို ပြတ်ပြတ်သားသားမြင်ရချိန်မှာတော့ ကျွန်မဟာ အသည်းနှလုံးတွေပြုတ်ကျသွားတဲ့အတိုင်း စိမ့်ကနဲ့ ကြောက်
လန့်သွားပါတယ်။ အရိပ်အယောင်ဟာ မိန်းကလေးတစ်ယောက်ပဲ။ အဖြူ​ရောင် ဖျော့ဖျော့ ခပ်မိန်မိန် အရောင်ရှိတဲ့ ရင်ဖုံးနဲ့ ထဘီဟာ သပ်သပ်ရပ်ရပ် သူ့ကိုယ်ပေါ်မှာ ရှိနေလေတယ်။ သူ့ရဲ့အနက်​​​ရောင်ဆံပင်တွေဟာ ကုတ်ထိ သေသေသပ်သပ် ဝဲကျနေလေတယ်။ အရပ်ဟာ သာမန်မိန်းကလေးတစ်ယောက်ထက် အနည်းငယ်ပိုရှည်နေရုံကလွဲပြီး သူ့ဆီမှာ ပုံသဏ္ဋ္ဌာန် မမှန်တာမျိုးမရှိပေ။ ဒါပေမယ့်.. သူ့မျက်နှာ။ သေသပ်ရှင်းလင်းနေတဲ့ မျက်နှာ။ သူမရဲ့ရုပ်ရည်ဟာ ခေါင်းစဉ်တပ်မရပေ။ ကျွန်မ ကြည့်မိလိုက်တိုင်းမှာ သူ့ရုပ်ရည်ဟာ အမြဲဆန်းသစ်နေသလိုပါ။ ကျွန်မခေါင်းထဲမှာ သူ့ရုပ်ရည်ကို ပုံဖော်ကြည့်လို့မရပါ။ သိပ်ကို သေသပ်ရှင်းလင်း​ပြီး အေးစက်​​နေတဲ့ သူ့မျက်နှာဟာ ကျွန်မကို ပိုထိတ်လန့်စေလေတယ်။ သူက ကျွန်မအနားကို ဖြည်းညင်းစွာ လျှောက်လာပါတယ်။ ကျွန်မအနေနဲ့ နည်းနည်းမှကို လှုပ်ရှားလို့မရပေ။ ကြောက့်ရွံ့လွန်းလို့ မျက်စိမှိတ်ထားပြန်တော့လည်း သူ့ပုံရိပ်ဟာ ကျွန်မအမြင်အာရုံထဲတိုးဝင်လာသလိုပါ။ သူဟာ ကျွန်မအနားကို ရောက်တော့ ကျွန်မနဲ့ ကျွန်မ အလောင်းကို ပတ်လျှောက်ကာ သေချာကြည့်နေလေတယ်။ ပြီးတော့ ခပ်လောင်လောင်လေး ရယ်ပါ​တော့တယ်။

You've reached the end of published parts.

⏰ Last updated: Jan 17 ⏰

Add this story to your Library to get notified about new parts!

အစောင့် (The Guard: The Darkest Thing Inside of Me)Where stories live. Discover now