အစောင့်:အပိုင်း(၂)

26 2 0
                                    

ငါ ငါ သေများသေသွားပြီလာ
ဟင့်အင်း ဒါမဖြစ်နိုင်ဘူး။ မြေကြီးရဲ့ မာကျောခက်ထန်မှုကို ခံစားနေရတဲ့ ကျွန်မခြေထောက်တွေ၊ လေဝှေ့သွားတိုင်းမှာ အေးစိမ့်သွားတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်၊ ပြတ်သားထင်ရှားနေတဲ့ ကျွန်မရဲ့ အမြင်အာရုံတွေဟာ ကျွန်မ မသေသေးတဲ့သ​​ဘောပါ။ တကယ်လို့များ ညက ကျွန်မသေသွားခဲ့ရင် ကျွန်မဟာ အေးစက်ဖောယောင်နေတဲ့ အလောင်းတစ်လောင်းအဖြစ် ချောင်းကမ်းဘေးမှာ တင်နေမှာပေါ့။ ကျွန်မတွေးနေမိတဲ့ ကျွန်မရဲ့အလောင်းပုံစံကို ကျွန်မရဲ့စိတ်အာရုံထဲကနေ ချက်ချင်းပဲ ဖျောက်ဖျက်ပစ်လိုက်ပါတယ်။ ကျွန်မသိလိုက်ရတဲ့ အရာတစ်ခုဟာ သေခြင်းတရားဆိုတာ တကယ်ကြောက်ဖို့ကောင်းတယ် ဆိုတာပါပဲ။ ကျွန်မ နောက်တစ်ခေါက် ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။

တဖြည်းဖြည်းနဲ့ ကျွန်မဟာ အဆောင်နားကို ရောက်လာပါတော့တယ်။ တော်ပါသေးတယ်။ မနက်အစောကြီးမို့ လူသူကင်းရှင်းနေတယ်။ ကျွန်မရဲ့ ဒီပုံစံကို တစ်ယောက်ယောက်များ မြင်သွားခဲ့ရင် မကောင်းပါ။ ဒုက္ခပဲ။ ဒီအချိန် အဆောင်တံခါး မဖွင့်သေးဘူး။ ကျွန်မဟာ အဆောင်ကသူတွေကို ပေးလို့ကောင်းမယ့် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်ကို စဉ်းစားနေမိပါတယ်။ ယုတ္တိတန်တာ တစ်ခုမှ ထွက်မလာပါ။ ကျွန်မဟာလည်း အဆောင်နားကို ရောက်လာပါပြီ။ အဲ့အချိန် အဆောင်နားက မယ်စလီပင်ကြီးအောက်မှာ အတွဲတစ်တွဲကို တွေ့လိုက်ရပါတယ်။ ဘယ်သူတွေများလဲ။ ကောင်လေးက ကောင်မလေးကို မုန့်လာပို့ပေးတယ်ထင်ပါတယ်။ နီးနီးကပ်ကပ်စကားတွေပြောရင်း ကြည်နူးနေကြတဲ့ပုံပါပဲ။ အဆောင်တံခါးကလည်း ပွင့်နေပါတယ်။ ဟင့် ကျွန်မအတွက်ကံကောင်းတာပဲ။ အနီးရောက်မှ ဘယ်သူတွေမှန်း သိရလေတယ်။ သြော်.. ရဲသွေးအောင်နဲ့ မိုးသားတို့ပါလာ။ သူတို့က ကျွန်မကို ကြောင်ပြီး ကြည့်နေမိကြလေတယ်။ သူတို့နှစ်ယောက်ရဲ့သတင်းတွေကို ခပ်သဲ့သဲ့ကြားပေမယ့် ကျွန်မအမှန်လို့ မယူဆခဲ့ပါ။ မိုးသားက ရှက်သွားတဲ့ပုံပါပဲ။ ရဲသွေးအောင်ကတော့ .... ကျွန်မသူရဲ့မျက်နှာကို မမြင်ချင်တော့ပါ။ ကျွန်မလည်းခပ်တည်တည်နဲ့ အဆောင်ထဲဝင်မယ်အလုပ်မှာ မိုးသားက ကျွန်မကို လှမ်းခေါ်ပါတယ်။

အစောင့် (The Guard: The Darkest Thing Inside of Me)Where stories live. Discover now