Part-4

946 54 12
                                    

Unicode

"ဥက္ကဌကြီး သခင်လေးက ဒီနေ့ပဲ ပြည်ပကိုထွက်ခွာသွားပါပြီ...."

သူဌေးကြီးမှာ ဟွာဆော စကားအဆုံး ရုပ်သေးကြိုးပျက်ဖြစ်တော့သည်။ ဘာစကားမှ မ​ပြောနိုင်တော့။

"ဥက္ကဌကြီး....ဥက္ကဌကြီး...."

ဟွာဆော အသဲအသန်ခေါ်တော့မှ သူဌေးကြီးမှာ အသိစိတ်ကပ်တော့သည်။

"ငါ့သားက ငါ့ကို တကယ်မုန်းသွားတာနဲ့ တူတယ် ပြည်ပကို တကယ်ထွက်သွားပြီပေါ့..."

ဟွာဆောမှာလည်း သူဌေးကြီးကို ကြည့်ကာစိတ်မကောင်းဖြစ်နေမိသည်။

"ဥက္ကဌကြီးရယ် အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့ သခင်လေးက ဥက္ကဌကြီးရဲ့ အမေဆီကိုသွားတာပဲ ဥက္ကဌကြီး သွားတွေ့လို့ရပါတယ်..."

သူဌေးကြီးမှာ ပြတင်းပေါက်ဘက်ကိုတွေတွေကြီးငေးကာ.....။

"ဟွာဆော မင်းဘာမှ မသိဘူး ၊အခု ငါ့သားထွက်သွားတာက ငါ့ကို အရမ်းမုန်းတီးပြီးထွက်သွားတာ ၊ သူငါ့စီဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး ငါ့အမေအကြောင်းလည်းငါ သိတယ် သူက သူ့မြေးကိုဆို လုံးဝအထိခံတာမဟုတ်ဘူး....ငါ ငါ့သားကို ထိုးလိုက်တာ ငါ့အမေသိတယ် သူ့မြေးကို ကိုယ်ထိလက်ရောက်လုပ်ထားတဲ့ ငါ့ကို သူ့မြေးနဲ့ ပေးတွေ့မယ်များ မင်းထင်နေလား ၊ ငါ့သားအဲ့ရောက်သွားရင်မင်းကြည့်လိုက် ငါ့သားဘာလုပ်နေတယ် ဘာဖြစ်နေတယ်ကအစ ဘာသတင်းမှ ရမှာမဟုတ်ဘူး....ငါ့စီလည်းဆက်သွယ်ကြမှာမဟုတ်တော့ဘူး...."

"ဥက္ကဌကြီးရယ် ဒါဆို သခင်လေးသတင်းကို ကျွန်တော် ရအောင်စုံစမ်းပေးပါ့မယ်....ဘာမှစိတ်မပူနဲ့နော်.....ကျွန်တော် သေချာစုံစမ်းပေးမယ်..."

"အေးပါ....ကျေးဇူးတင်ပါတယ် ဟွာဆောရယ်..."

သူဌေးကြီးနဲ့ သူ့တပည့်စကားပြောနေတာကို အမှတ်မထင်ကြားသွားတဲ့ ယွန်းမီမှာ စိတ်မကောင်းဖြစ်သွားသည်။ သူ့စိတ်ထဲလည်း ဂျောင်ဂုမရှိတဲ့အချိန် သူဌေးကြီးကို သေချာစောင့်ရှောက်ဖို့တွေးလိုက်သည်။

"သားလေး ဘာလုပ်နေတာလဲ..."

"သားစာလုပ်နေတာမေမေ စာမေးပွဲရှိလို့...."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now