Part-15

910 46 9
                                    

Unicode

"ဘာ မေမေတို့ နောက်တစ်ပတ်ထဲ ကိုရီးယားကိုလာမယ်ဟုတ်လား.."

"ဟုတ်တယ် အကို သားလေး ဒီနေ့ ပြောသွားတာ..."

"မေမေတို့က ဒီကို လာစရာအကြောင်းမရှိပဲနဲ့ ဘာလို့ကောက်ခါငင်ကာကြီး လာရတာလည်း သူ့မြေးတစ်ယောက်လုံးမဂ်လာဆောင်တာတောင် မလာတဲ့ လူတွေက..."

"အဲ့ဒါတော့ ကျွန်မလည်းမသိဘူး အကိုရယ် ကျွန်မလည်း သားလေး ပြောပြလို့သိရတာ အဲ့ဒါကြောင့် အကို့အမေတွေ သူတို့လာမဲ့အကြောင်းအကို့ကိုများပြောသေးလားလို့ မေးကြည့်တာ..."

"အကို့ ကိုလည်း ဘာမှမပြောပါဘူး ယွန်းမီရယ် အကိုတောင် ယွန်းမီပြောပြမှ သိရတာ...မေမေတို့ ဘာစိတ်ကူးပေါက်လို့များ လာကြတာလည်းမသိဘူး..."

"အကို ၊ အကို့ အမေနဲ့ညီမက ကျွန်မသားလေးကိုတော့ ဒုက္ခမပေးလောက်ပါဘူးနော်.."

"ဘာလို့လည်းယွန်းမီရဲ့..."

"သားလေးက အရမ်းစိုးရိမ်နေတာ သူနဲ့ သားဂျောင်ဂုကို ခွဲမှာကြောက်တယ်တဲ့...အဲ့လိုတော့မလုပ်လောက်ဘူးမှတ်လားဟင်..."

"ယွန်းမီရယ် အဓိပ္ပါယ်မရှိလိုက်တာ ဘာလို့အဲ့လိုလုပ်ရမှာလည်း လုပ်ခဲ့တယ်ဆိုရင်လည်း အကိုတစ်ယောက်လုံးရှိပါတယ် ဘာမှပူမနေပါနဲ့..."

"ဟုတ်ကဲ့ပါ အကိုရယ် ကျွန်မ အကို့ကိုပဲအားကိုးပါတယ် ကျွန်မသားလေးကို အကို ကူညီပေးပါနော်.."

"အင်းပါ စိတ်ပူမနေနဲ့ သားငယ်ကို အကို ကာကွယ်ပေးမယ်..."

ယွန်းမီမှာ သူဌေးကြီးစကားကြားမှ စိတ်အေးရတော့သည်။

ဒီနေ့ ဂျောင်ဂုအဘွားနဲ့အဒေါ် လာမဲ့နေ့ဖြစ်၍ ဂျောင်ဂု အစောကြီးထကာ အိမ်သန့်ရှင်းရေးတွေအခန်းသန့်ရေးတွေ အားလုံး လုပ်လိုက်သည်။ အားလုံးပြီးစီးသွားမှ ထယ်ယောင်း အိပ်ပျော်နေတဲ့နားသွားကာ..

"ထယ်ရေ ထတော့နော် ဒီနေ့ ဘွားဘွားတို့လာမှာ ထယ်သိတယ်မှတ်လား..."

"အင်းဂျွန် ထယ်သိတယ် အခုထပြီ...."

"ခဏနေကြရင် ကိုယ် ဘွားဘွားတို့ကို သွားကြိုရတော့မယ် ထယ် လိုက်မှာလား.."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now