Part-13

918 48 16
                                    

Unicode

လီဟန်နာ နိုးလာတော့ ဟွာဆောမှာ လီဟန်နာကို လက်ပိုက် ကြည့်နေလိုက်သည်။ လီဟန်နာကတော့ ဟွာဆောကိုမေ့ကာ အပျင်းကြောတွေဘာတွေပါ ဆန့်ထုတ်လိုက်သေးသည်။

"ဝါး....အမလေး...အွန်း..."

"တော်တော်မှ အိပ်လို့ကောင်းရဲ့လား လီဟန်နာ..."

ဟွာဆော အသံကြားမှ လီဟန်နာ ဟွာဆော ရှိတာ သတိရပြီး လန့်ဖြန့်သွားသည်။

"ဟင်...အမ်...အကို...ကျွန်မ..."

"အကို တွေ ဘာတွေ လုပ်မနေနဲ့ အချိန်လည်းမနည်းတော့ဘူး ပစ္စည်းတွေသိမ်းတော့ ကျွန်တော်လည်းနားချင်နေပြီ..."

"ဟင်...ဒါဆို စာရင်းတွေရော..."

"အော် ဟုတ်ကဲ့ ကျွန်တော် အကုန်လုပ်ပြီးပါပြီခင်ဗျာ...."

လီဟန်နာမှာ ဟွာဆောစကားကြားတော့ ဟွာဆောကို မျက်လုံးအပြူးသားနဲ့ ကြည့်နေမိသည်။ စိတ်ထဲက ဒီလူအခုလိုကြတော့လည်း ဘယ်ဆိုးလို့လည်းလို့ တွေးလိုက်သည်။

"ဟို ကျေးဇူးတင်ပါ အကို..."

"ရပါတယ်ဗျာ ကျွန်တော် အိမ်ပြန်ရရင်ပဲကျေနပ်ပါပြီ..."

"အော် ဟုတ်...ဟုတ်ကဲ့ ကျွန်မ ပစ္စည်းမြန်မြန်သိမ်းလိုက်မယ်..."

လီဟန်နာပစ္စည်းအားလုံးသိမ်းပြီးမှ နှစ်ယောက်သားရုံးထဲကထွက်လာကြသည်။

"အကို ကားပါလား မပါရင် ကျွန်မ လိုက်ပို့ပေးမယ်လေ..."

"ပါပါတယ်ဗျာ လီဟန်နာ ကိုယ့်ဘာကိုပဲပြန်လိုက်ပါ..."

"အော် ဟုတ်ကဲ့ ဒါဆို ကျွန်မကို ခွင့်ပြုပါဦး..."

လီဟန်နာ ထွက်သွားမှ ဟွာဆောလည်း သူ့ကားထဲဝင်ထိုင်ကာ သူ့ရဲ့အိမ်ပြန်ခရီးကို စတင်တော့သည်။

"ဂျောင်ဂု ဘယ်အချိန်ရှိနေပြီလည်း အခုထိ မပြန်သေးဘူးလား..."

"မပြန်သေးဘူးကွာ မင်းကလည်း မင်းအိမ်လေးတစ်ခါလာလည်တာ အတင်းတွေနှင်လွှတ်နေတယ်..."

"မင်းဟာက လာလည်တယ်လည်းပြောသေးတယ် ငါနဲ့လည်းစကားတစ်ခွန်းမှမပြောဘူး ရောက်ထဲက ဂိမ်းထိုင်ဆော့နေတာ ပြီးတော့ အချိန်လည်းကြည့်ဦး လူအိပ်ချိန်ရောက်နေပြီကွ..."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now