Part-9

1K 52 22
                                    

Unicode

"CEO Tiger groupက CEOလီရဲ့ သမီး ရောက်နေပါပြီ.."

"အင်း အကို ဟွာဆော ဝင်လာခိုင်းလိုက်ပါ."

ဂျောင်ဂုဝင်လာခိုင်း၍ လီဟန်နာတစ်ယောက် ဂျောင်ဂုရုံးခန်းထဲဝင်လာလိုက်သည်။

အလုပ်စာပွဲမှာ ထိုင်ပြီးအလုပ်လုပ်နေတဲ့ CEOဂျွန်ကိုမြင်တော့ လီဟန်နာ နှလုံးခုန်သံတွေ မြန်လို့လာသည်။ .

ဒီလူကိုချစ်လွန်းလို့ ဒယ်ဒီကို နားပူတိုက်ကာ ဒီလူနားကို မရမက ရောက်အောင်လာခဲ့ရသည် ၊ အနေနီးစပ်မှု့ကနေ ချစ်ချင်းဆိုတဲ့ အရာလေး ဖြစ်လာရင်တော့ ပျော်ရွှင်မိမှာအမှန်ပင်...။

"ကျွန်မရောက်ပါပြီ CEO... "

လီဟန်နာအသံကြားတော့ ဂျောင်ဂု အလုပ်လုပ်နေရာက ခေါင်းမော့ကြည့်လိုက်သည်။

"အင်း ထိုင်ပါဦး..."

"ဟုတ် CEO...."

"နာမည်က လီဟန်နာနော်..."

"ဟုတ်ပါတယ်ရှင့်..."

"လီဟန်နာက ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်သင်သဘောနဲ့ လုပ်ချင်တယ်ဆိုတော့ ကျွန်တော် အကြံပြုချင်တာတစ်ခုရှိတယ်..."

"ဟုတ်ကဲ့ ပြောပါ CEO.."

"လီဟန်နာ ကုမ္ပဏီ တစ်ခုကို ဦးဆောင်နိုင်အောင် အောက်ခြေအလုပ်သမားအဆင့်ကနေ စလုပ်စေ
ချင်တယ်..."

"ဟင်.."

လီဟန်နာ ပါးစပ်အဟောင်းနှင့် ဂျောင်ဂုကို ကြည့်နေမိသည်။ သူဒီမှာ အလုပ်လာလုပ်ချင်းက ဂျောင်ဂုနဲ့နီးစပ်စေချင်ယုံသက်သက်ဖြစ်သည်။ လုပ်ငန်းသဘော တရား တွေက စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီးဖြစ်သူပြီးပြီ အားလုံးနားလည်ပြီးသားဖြစ်သည်။

"လီဟန်နာက ကျွန်တော် အကြံပြုတာကို မလုပ်ချင်လို့လား မလုပ်ချင်လည်း ရပါတယ် လီဟန်နာ လုပ်ချင်တဲ့ အရာကိုပြောပါ ကျွန်တော်ကြည့်ပြီးစီစဥ်ပေးခိုင်းလို့ရပါတယ်..."

ဂျောင်ဂု ပြောတော့ လီဟန်နာမှာ အတင်းငြင်းတော့သည်။

"အဲ့...အဲ့လိုမဟုတ်ပါဘူး ကျွန်မ CEO အကြံပေးတဲ့ အတိုင်းလုပ်မှာပါ အောက်ခြေအဆင့်ကနေ လုပ်ရမယ်ဆိုလည်း ကျွန်မ လုပ်ပါ့မယ်..."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now