Intro

216 24 6
                                    

တသွင်သွင်စီးဆင်းနေသော ရေသံများနှင့် ပကတိအေးချမ်းလှသော တောတွင်းတစ်နေရာ၌ ကျေးငှက်တို့၏ သီဆိုသံများကို အဖော်ပြုနေသော ပုလွေသံလေးတစ်ခု

လေယူရာယိမ်းနေသော အပြာရောင်ဝတ်ရုံစများနှင့် ရွှေရောင်မကျ အညိုရောင်မကျဆံနွယ်ရှည်များက တောအုပ်အလယ်ရှိ အလှဆုံးသော ဆေးပန်းချီအား ဖော်ကြူးနေလေသည်။

" ရား!! Seungmin!! Kim Seungmin!!! လုပ်ပါအုံး "

ဖျက်လို့ဖျက်ဆီးအသံကြောင့် မလိုမကျစွာ မျက်မှောင်ကြုတ်ပြီး အပြေးအလွှားရောက်လာတဲ့ အနှီအဖျက်သမား Han Jisungအား လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်ပြန်ပြီလဲ ဘယ်မျိုးနွယ်စုကို ပြဿနာသွားရှာလာလို့လဲ "

Seungminစကားကြောင့် Jisungက ဒူးနှစ်ဖက်ပေါ်လက်ထောက် အမောဖြေနေရင်းက လက်ကာပြလာသည်။

" ငါ..ငါမဟုတ်ဘူး...ဒီတစ်ခါ Lee Yongbok "

Seungminမျက်ခုံးနှစ်ဖက်မှာ အပေါ်သို့ မြင့်တက်သွားရသည်။

နေရာတကာ ပတ်မွှေနေတဲ့ လေပွေHan Jisungမဟုတ်ဘဲ လူတိုင်းရဲ့အချစ်တော် နေနတ်သားလေးLee Yongbokတဲ့လား

" Yongbokကဘာဖြစ်လို့လဲ "

စိုးရိမ်သော အငွေ့အသက်တို့ဖြင့် ပြောင်းလဲသွားသော Seungminကြောင့် Jisungနှာခေါင်းရှုံ့မိသည်။ သူငယ်ချင်းအချင်းချင်းကို တအားဘက်လိုက်လွန်းတယ်

" ငါနဲ့သူနဲ့ လမ်းလျှောက်ထွက်နေတုန်း နယ်စပ်မှာထူးဆန်းတဲ့ မြေငလျှင်တစ်ခုဖြစ်သွားပြီး Yongbokက ငရဲပြည်နယ်နမိတ်ထဲ ပြုတ်ကျသွားတယ် "

" ဘာ!!! "

Seungminအတော်ကို ထိတ်လန့်သွားရသည်။ ငရဲပြည်နယ်နမိတ်ထဲတဲ့လေ!

" မင်းတို့က ဘာကိစ္စနယ်စပ်ကို သြားရတာလဲ "

ဆူပူသလိုပြောလာတဲ့ Seungminကြောင့် Jisungမွာ မျက်နှာငယ်လေးဖြင့်

" Yongbokက သွေးနီပန်းကို တွေ့ဖူးချင်တယ်ဆိုလို့ လိုက်ပြတာ တကယ်ပြောတာ ငါတို့အဝေးကနေပဲ လှမ်းကြည့်မလို့ပဲ ဒါမဲ့အဲ့ငလျှင်က... "

ပြောရင်းအသံတိုးဝင်သွားတဲ့ Jisungကြောင့် Seungminမွာ ဆက်ပဲဆူရမလို ချော့ပဲချော့ရတော့မလို

My Cherished Blue MoonWhere stories live. Discover now