Ep - 2

97 18 6
                                    

ပြစ်ချက်မရှိခြင်း ဆိုသည်မှာ နတ်ဘုရားတွေထံ၌ပင် ရှာ၍မရသည့်အခါ အရာဝတ္ထုသက်မဲ့များဆိုလျှင် အနာအဆာများ သက်သက်သာ ဖြစ်သွားလေမလား။

ခမ်းနားကြီးကျယ်သော ငရဲပြည်တံတိုင်းကြီးဟာ ဒုစရိုက်သမားအများစုကြောင့် ပြစ်ချက်မရှိ ခိုင်ခံစွာ တည်ဆောက်ထားသည်ဟု မှတ်တမ်းများတွင် ဖတ်ခဲ့ရဖူးလေသည်။

သို့သော် ယခုတွင်တော့ ငရဲပြည်တံတိုင်း၏ ချောင်ကျသော တစ်နေရာတွင် ကုန်းကုန်းကွကွဖြင့် ကလေးငယ်တစ်ယောက်အတွက်ပင် သေးငယ်လွန်းသော အပေါက်လေးအား အတင်းတိုးဝင်နေသော ကောင်လေးကို Hyunjinအကြောင်သား ရပ်ကြည့်နေမိသည်။

" Jisung ငါ့ကိုတွန်းပေးအုံး "

တစ်ယောက်ကလည်း နာခံလွန်းပါသည်။ ရှေ့ကခါးကုန်းနေသော ပြာလွှင့်လွှင့်ကိုယ်လုံးလေးအား တင်ပါးကနေ အတင်းထိုးထည့်တော့သည်။

" နေ..နေအုံး "

တစ်ဖန် တစ်ဝက်သာဝင်နေသော ကိုယ်လုံးက နောက်ပြန်ဆုတ်လာသည်။ အပြင်ရောက်ရောက်ချင်း ဟူးခနဲ လေတစ်ချက်မှုတ်ကာ တိုးဝင်ရခြင်းကြောင့် အတော်လေးမောဟိုက်နေပုံပင်။ နှုတ်ခမ်းထော်ထော်ဖြင့် အသက်ပြင်းပြင်းရှူရင်း ချွေးစို့နေသော နဖူးအား လက်ခုံဖြင့်သုတ်ကာ ခါးထောက်လျက် အမောဖြေနေပုံကြောင့် Hyunjinပြုံးလိုက်မိသည်။

" ခဏနားလိုက်အုံး ကိုယ်တို့ကြည့်ကြည့်လိုက်မယ် "

Hyunjinဟာ မောဟိုက်နေတဲ့ကောင်လေးရဲ့ ချွေးဖြင့်ကပ်နေသော ဆံစလေးတွေကို သပ်ပေးရင်း ပြောလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ လှည့်ကြည့်လာသည်။ Hyunjinပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ထိုမျက်ဝန်းတွေက သူသဘောအကျဆုံး ထိုကောင်လေး၏ အစိတ်အပိုင်းဖြစ်လိမ့်မည်။

အတော်လေးမောသွားပုံရသည်။ ငြင်းဆိုခြင်းမရှိ ဘေးကကျောက်တုံးကြီးပေါ် ထိုင်ချကာ လက်လေးဖြင့် ယပ်ခပ်နေသည်။

ထိုအခါမှ Chanကရှေ့ထွက်လာပြီး ထိုတံတိုင်းအောက်ခြေက အပေါက်လေးအား ခဏတာစေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ Seungminနဲ့Jisungမှာ ကျောက်တုံးကျောက်သား တဗျောဗျောအသံများ ကြားလိုက်ရပြီး မျက်စိရှေ့တွင် လူကြီးတစ်ယောက်စာ အပေါက်တစ်ခုပေါ်လာတော့သည်။

My Cherished Blue MoonWhere stories live. Discover now