ရဲရဲတောက် သွေးနီပန်းများ ခြံရံထားသော ငရဲပြည်စင်္ကြံလမ်းဟာ အမြင်နဲ့တင် ပူလောင်သော အငွေ့အသက်ကို ပေးစွမ်းနေလေသည်။ မရဏပန်းများဟုတစ်နည်းခေါ်တွင်သော သွေးနီပန်းတို့ဟာ ငရဲ၏သင်္ကေတဆိုသည့်အတိုင်း နေရာတိုင်းတွင် အစွမ်းကုန်ပွင့်လန်းနေကြသည်။
" စိတ်မသက်သာလိုက်တာ...စိတ်မသက်သာလိုက်တာနော် "
ငရဲပြည်နယ်နမိတ်ထဲ ခြေချရုံနဲ့ ငြီးထွားနေတဲ့ Han Jisungရယ်ပါလေ
အပြင်လောကတွင် နေ့အခါဆိုသော်ငြား ငရဲတွင်တော့ နေ့နေ့ညညအမှောင်ထုကသာ ကြီးစိုးထားပြီး သွေးနီရောင်ပွင့်ချပ်များနှင့် ကျောက်သားများကသာ ပူးပြင်းသော အလင်းရောင်ကို ဆောင်ကြဥ်းပေးထားသည်။ စိမ်းသက်သော ခပ်စူးစူးအမွှေးရနံ့ကြောင့် Jisungခေါင်းကို ခပ်ဆတ်ဆတ်ခါလိုက်မိသည်။ သူ့လို ရနံ့ပေါင်းစုံနဲ့ မစိမ်းတဲ့သူတောင် ငရဲသွေးနီပန်းတွေရဲ့ ရနံ့ကအတော်လေး သက်ရောက်မှုရှိလေသည်။
" သတိထား ဒါက ငရဲပြည်ရဲ့ ပထမဆုံးအစောင့်အကြပ်ပဲ စိတ်လွတ်သွားတာနဲ့ မင်းကိုအဆုံးမရှိတဲ့ ချောက်နက်ထဲဆွဲချသွားလိမ့်မယ် "
Jisungတံတွေးကို ခက်ခက်ခဲခဲ မြိုချမိသည်။ ဒါကြီးက စာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့တဲ့ သွေးနီပန်းရနံ့ရဲ့ ခြောက်အိမ်မက်အစီအရင်ဖြစ်သည်။
" Yongbokရော "
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ပတ်ဝန်းကျင်ကြောင့် Jisungမေးခွန်းထုတ်မိသည်။ မတော်တဆကျရောက်သွားရတဲ့ Yongbokဟာ နယ်စပ်အနီးအနားမှာပဲ ရှိနေသင့်တာလေ။ ယခုတော့ ပတ်ဝန်းကျင်တွင် သူတို့နှစ်ယောက်တည်းသာ
" Seung...Seungmin...သူမဟုတ်မှ.... "
Yongbokkieတစ်ယောက် အရုပ်ဆိုးဆိုး ဂျိုကြီးတွေနဲ့ ငရဲသားတွေရဲ့ ဖမ်းတာခံလိုက်ရတာများလား!
" ပေါက်ကရတွေတွေးမနေနဲ့ နိမ့်ကျတဲ့ ငရဲသားတွေက သဘာဝတရားရဲ့ သားတော်ကို လက်လွတ်စပယ် လုပ်လို့ရမနေဘူး "
" အေးနော် အခုဘယ်သွားကြမလဲ "
" မသိဘူး "
တုံးတိကြီးဖြေလာတဲ့ Seungminကြောင့် Jisungကြောင်အအလေး ဖြစ်သွားရသည်။
![](https://img.wattpad.com/cover/359374749-288-k986368.jpg)