P-2(Unicode)

4.6K 157 0
                                    

Basic Powerကုမ္မဏီရုံးခန်းထဲတွင် ဦးကြီးမြတ်ဟန်ချီရှိနေသည်။မနက်ကအစောကြီးကုမ္မဏီကိုထွက်လာခဲ့တာဖြစ်သည်။သူညကသားကိုလုပ်တာလွန်သွားလားတွေးမိသည်။သားကဆိုးလွန်းသည်။ခင်ကသူ့အပေါ်ဒီလောက်ကောင်းတာ သားကိုထပ်ပီးမဆိုးစေချင်။သားကစိတ်ဒဏ်ရာလဲရှိနေတော့ပိုဆိုးသည်။ဆရာဝန်ကြီးနှင့်ရက်ချိန်းတွေယူပေးသော်လည်းသားက မသွား ဆေးဆိုလဲမသောက်တော့ဒီကောင့်စိတ်ကအရင်ကထက်တောင်ပိုဆိုးလာသေးသည်။

*ဒေါက် ဒေါက်*

''ဖေဖေ ကျွန်တော်လက်မှတ်ထိုးဖို့ ဖိုင်တွေယူလာတယ်''

''အေး သား ယူခဲ့ကွာ''

ခင်နဲ့ပါလာတဲ့သားကြီး ဉာဏ်ဘုန်းမြင့်ရှိန်မှာလိမ္မာရေးကြားရှိသောသူပင်ဖြစ်သည်။သားငယ်နဲ့အသက်ကွာပင်မဲ့ သူကပိုရင့်ကျက်သည်။ရုပ်ကတော့သားငယ်နဲ့ဆင်သလိုဖြစ်သည်။ဘာပဲဖစ်ဖြစ်ဦးကြီးမြတ်ဟန်ချီကံကောင်းတာပင် သားနှစ်ယာက်လုံးကအချောတွေရထားတာပင်။

''မင်းညီကိုသူကစိတ်ဒဏ်ရာရှိနေတော့ နားလည်ပေးလိုက်ပါ ငါ့သားကြီးရာ''

''ဟုတ်ကဲ့ပါ ဖေဖေကျွန်တော်သိပါတယ်
ဟိုလေ ဖေဖေကျွန်တော့စိတ်ထင်သူ့ကို နာစ့်တစ်​ယောက်နဲ့ထားသင့်တယ်ထင်တယ်သူ့အခြေနေလဲသိရ သူ့ကိုဆေးတွေဘာတွေလဲပုံမှန်တိုက်နိုင်မယ့်သူလေ''

''ငါ့သားကြီးပြောတာဟုတ်သားကွ ဖေဖေရှာကြည့်အုန်းမယ်အဆင်ပြေမဲ့သူ''

''ဟုတ်ကဲ့ဖေဖေ ဒါဆိုကျွန်တော်သွားပြီနော်''

''အေးအေး''

သားကြီးပြောတာဟုတ်သည်။နာစ့်တစ်ယောက်သားငယ်အတွက်ငှားပေးရမည်။ဒီကောင့်လိုအပ်တာတွေလုပ်ပေးလူလိုသည်။အိမ်ကအလုပ်သမားတွေဆိုသူ့ကိုအကုန်ကြောက်နေ၍သူ့အလုပ်ဆိုဘယ်သူမှမလုပ်ပေးရဲ ခင်လုပ်ပေးရင်ကျသူက မကြိုက်
ဒါကြောင့်သူ့အတွက်နာစ့်ငှားရမည်။

''ဖေဖေ သား ဆေးခန်းသွားပြီနော်''

''အေး ငါ့သား''

ကာရံဆေးခန်းကိုထွက်လာကာ လမ်းမှာမနက်ကဆရာမှာလိုက်သည့်ဆေးပစ္စည်းအချို့ကိုဝင်ဝယ်လိုက်သည်။ပြီးနောက်ဆိုင်ထဲမှထွက်ကာ အပြင်ကိုထွက်မည်အပြု ခန္ဓာကိုယ်တောင့်တောင့်လူကြီးတစ်​ယောက်နှင့်တိုက်မိသည်။ထိုလူကြီးအရပ်မှာ6ပေလောက်ရှိ၍တော်တော်မြင့်သည်မှာအမှန်ပင်။ကာရံမော့ကြည့်တော့သူကလဲကာရံကိုငုံကြည့်ကာ

My possession doctor (Completed)Where stories live. Discover now