P-13(Unicode)

2K 88 1
                                    

"ခင်ဗျား သက်သာလား"

"အင်းးးမင်းအလုပ်မသွားဘူးလား"

"အင်း ခင်ဗျားနေမကောင်ဘူးမှတ်လား ဒါ့ကြောင့်ကျုပ်ဒီနေ့ နားတယ် လာ....ခင်ဗျားစားဖို့ ကျုပ်မနက်စာလဲပြင်ပေးထားတယ် မုန့်လဲဝယ်ပေးထားတယ် ဒါတွေစားပြီးရင် ဆေးသောက်လိုက် ဒါမှမြန်မြန်သက်သာမှာ"

စားစရာမုန့်တွေ ထမင်းတွေကိုသူ့ရှေ့သို့ချပေးရင်း ပါးစပ်ကလဲ တစ်ပြစ်တောက်တောက်ပြောနေသော နိဒါန်းကိုကြည့်ကာ ကာရံတစ်ယောက်မျက်လုံးအိမ်မှမျက်ရည်တွေဝေ့တက်လာတာကိုခံစားမိတယ်။ဘာလို့များလဲ ရင်ဘတ်ထဲကလဲ အောင့်သက်သက်နဲ့ရယ်။နိဒါန်းရယ် ငါဘာတွေဖြစ်နေမှန်းတောင် မသိတော့ဘူး မင်းတစ်ယောက်ကြောင့်။

"ဟင် ခင်ဗျားဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ဟင် ကျုပ်ကိုပြော"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး ဒီတိုင်းပဲ"

"ဟာ ဘာဖြစ်တာလဲလို့ ပြောနော် ခင်ဗျား"

"ငါမသိဘူး ငါမသိဘူးနိဒါန်း ဒီထဲကနာတယ် ဘာလို့မှန်းမသိ ငါမင်းကိုကြည့်ပြီးဝမ်းနည်းသလိုခံစားလာရတာ ငါဘာဖြစ်နေတာလဲ နိဒါန်းရာ"

ပါးစပ်ကလဲပြောပြ လက်ကလဲရင်ဘတ်ကိုကိုင်ကာ မျက်လုံးအိမ်မှမျက်ရည်တွေက ထိန်းချုပ်မရ စီးကျနေတဲ့ ကာရံ။

"အင်း ကျူပ်နားလည်ပြီ ခင်ဗျားဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူး ကျူပ်ရှိတယ် ကျုပ်ကလေ ခင်ဗျားအနားမှာပဲနေမှာ"

ငိုနေတဲ့ကာရံကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်ကာ နှဖူးပေါ် ဟိုတစ်စ ဒီတစ်စ ကျနေတဲ့ဆံပင်လေးတွေကိုလည်း လက်လေးနဲ့ပွတ်သပ်ပေးလိုက်တယ်။ကာရံခေါင်းသာ ငြိမ့်ပြလိုက်တော့တယ်။သူ့ကိုယ်သူလဲ ဘာဖြစ်နေမှန်းမသိတော့ပါ။

"ဒီမှာခင်ဗျား ကျုပ်​ကိုကြည့် ကျုပ်က ခင်ဗျားနဲ့တစ်ချိန်လုံးရှိနေပေးမှာ ခင်ဗျားကသာ.......
ခင်ဗျားကသာ ထွက်မသွားနဲ့ ထွက်...မဟုတ်ဖူး ကျူပ်ကိုမထားခဲ့နဲ့"

ကာရံထိန်းထားသည့်ကြားမှ မျက်ရည်တွေက စီးကျလာလိုက်တာ။သူ့ရှေ့မှလူသားကိုကြည့်မိတယ်။မင်းငါ့ကိုဒီလိုတွေပြောလေ ငါပိုနာကျင်လေပဲ နိဒါန်းရဲ့။ဒါတွေမင်းမသိဘူး။

My possession doctor (Completed)Donde viven las historias. Descúbrelo ahora