P-6(Unicode)

2.8K 109 2
                                    

နိဒါန်းနောက်ကိုနှစ်ယောက်သား ပြေးလိုက်လာကြရတယ်။အိမ်ရှေ့ကားပါကင်ကိုရောက်တော့ မင်းသဒ္ဒါက သူ့ကားထဲသူဝင်သွားတယ်။ကာရံလဲ ဘာလုပ်ရမှန်းမသိလို့ကြောင်စီစီလေးရပ်နေတုန်းက နိဒါန်းက ကာရံကိုကြည့်ကာ

"လာလေ ဘာရပ်လုပ်နေတာလဲ"

"ဟမ် ငါပါလိုက်ရမှာလား"

သူမေးတာကျပြန်မဖြေပဲ ကာရံကိုလက်ကနေအတင်းဆွဲကာ သူ့ကားထဲသို့ထည့်သည်။ကာရံလဲ သူဒီလိုလက်ရဲဇက်ရဲလုပ်နေတာတွေကို ရိုးနေပီဖစ်လို့ သူပြုသမျှနုနေရတော့တယ်။ကားထဲရောက်သူက ကားစက်နိုးဖို့လုပ်နေရင်း ကာရံကိုလဲပွစိပွစိပြောသည်။

"ကားပေါ်တက်ဆိုတက်လိုက်ပေါ့ အကြောရှည်နေတယ် ဟိုမှာ မင်းသဒ္ဒါတောင်သွားနေပြီ"

"မင်းသူငယ်ချင်းပါနေတော့ ငါ့ကိုမလိုဘူးထင်တာပေါ့ကွ"

"မဟုတ်ဖူး ခင်ဗျားကတစ်ချိန်လုံးလိုတယ်"

ပြောပြီးကားကိုအရှိန်နဲ့မောင်းထွက်ပြီးသူ့သူငယ်ချင်းနောက်အမှီလိုက်ရသည်။သူက ကားမောင်းကျွမ်း၍လား သူ့သူငယ်ချင်းမောင်းတာနှေးတာပဲလား မသိ ခဏလေး နဲ့ရှေ့ကားကိုမှီသွားသည်။သူတို့ကားက မင်းသဒ္ဒါသွားသည့်ကားလမ်းကြောင်းနောက်ကိုလိုက်နေတာပင်။၁၅မိနစ်လောက် မောင်းပြီးနောက် ရှေ့က ကားကRestaurantတစ်ခုရှိ ကားပါကင်မှာရပ်သည်။နိဒါန်းလဲထိုနည်းတူ ကားကိုရပ်ပြီး ကားထဲမှဆင်းလာကြပြီးrestaurantထဲရှိ စားပွဲဝိုင်းတစ်ခုမှသွားထိုင်ကြသည်။ပြီးနောက် မင်းသဒ္ဒါက စကားစကာ နိဒါန်းကိုမေးသည်။

"ဘာစားမှာလဲ နိဒါန်း ပုံမှန်တိုင်းပဲလား"

"မဟုတ်ဖူး ဒီမှာခင်ဗျား ဘာစားမှာလဲ"

"ရတယ် ငါက ဘာဖြစ်ဖြစ်စားတယ်"

"မရဘူး တစ်ခုရွေး fruit drinkလား"

"ရပါတယ်ဆို မင်းကြိုက်တာမှာ"

"ခင်ဗျားကို အာ့တာတွေကျုပ်မကြိုက်တာ
သဒ္ဒါ avocadoနှစ်ခွက်ပဲမှာလိုက်တော့"

"အိုကေ"

မင်းသဒ္ဒါလဲ ကောင်တာမှာသောက်စရာမှာဖို့ထွက်လာခဲ့လိုက်တယ်။ဒီဆိုင်က ကိုယ်စားချင်တာကို ကိုယ်တိုင်မှာပြီး တစ်ခါထဲယူလာရတဲ့ဆိုင်ဖြစ်တယ်။ဟိုနှစ်ယောက်ကိုလှည့်ကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ရန်ဖြစ်နေသေးသည်။တစ်ကယ်မလွဲတဲ့နှစ်ယောက်ပါပေ။မင်းသဒ္ဒါကောင်တာမှာ စားစရာတွေမှာနေတုန်း ကောင်မလေးတစ်ယောက်ရောက်လာသည်။

My possession doctor (Completed)Where stories live. Discover now