P-29(Zawgyi)

76 5 0
                                    

မနက်ပိုင်းလင်းကြက်တွန်သံနဲ့စတင်နိုးထကာ ညပိုင်းတွင်တော့ညနေဆည်းဆာအလှနှင့်အဆုံးသတ်သည်။
သာယာလှတဲ့ရွာလေးမှာ ထူးခြားလှတဲ့ဆရာလေး။ရွာသူရွာသားတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုခံရတဲ့ဆရာလေး။အရာရာထူးချွန်လှတဲ့ဆရာလေး စသည် စသည်...တို့နှင့်အမွှန်းတင်ခံနေရသောဘဝလေးမှာသူနေထိုင်သည်။
ရွာကိုရောက်တောင်၃နှစ်ပြည့်တော့မည်။အရာရာဟာ အစကနှင့်မတူပြောင်းလဲခဲ့ပြီ။
သူလဲပြောင်းလဲခဲ့သလို ချစ်ရတဲ့မောင်ဟာလဲ ပြောင်းလဲခဲ့ပြီ။တစ်ခါတစ်ရံ ဖုန်းထုတ်ပွတ်မိရင် facebook screenပေါ် တက်လာတတ်တဲ့ မောင့်အကြောင်းတွေ၊Basic Powerကုမ္မဏီရဲ့ခေါင်းစီးသတင်းတိုင်းမှာ မောင့်ပုံတွေ၊သို့သော်မောင်သည် ပုံတိုင်းတွင်ပြုံးနေခြင်းမရှိ တည်တင်းနေသောမောင့်မျက်နှာဟာလဲ ဆွဲဆောင်မှုတစ်ခု၊တည်တင်းနေတဲ့မျက်နှာထားဟာ တစ်ချိန်က ကာရံနှင့်စတင်ဆုံခဲ့သောအခိုက်တုန်းက မျက်နှာထားမျိုး၊

မောင်ဆိုသော လူသားသည် ကာရံနှင့်သာ ပြုံးတတ်သည်။

မောင်ဟာပြုံးလိုက်ရင် သူမတူအောင်ဆွဲဆောင်မှုရှိသော်ငြား ထိုအပြုံးသည် ကာရံတစ်ယောက်ထဲအတွက်ဟုဆိုခဲ့ဖူးသည်။ဒီစကားက အမှန်ဖြစ်ကြောင်းမောင်ဒီနေ့ဒီအချိန်ထိ သက်သေပြနိုင်ခဲ့သည်။

သို့သော် မောင်နှင့်သူသည် ဘယ်သောအခါမြှပန်ဆုံဆည်းနိုင်မည်မဟုတ်။အနေဝေးသကဲ့သို့ နှလုံးသားချင်းဟာလဲ မနီး။

မိုးလင်းတာနဲ့ရောက်တတ်ရာရာ အတွေးတို့အမြန်ဖယ်ထုတ်လိုက်ပြီးအိပ်ယာမှထကာ ဆေးခန်းထိုင်ရန်ပြင်ဆင်လိုက်သည်။အခန်းထဲကထွက်ရေမိုးချိုးပြင်ဆင့်ပီးတော့ စက်ဘီးလေးနဲ့ရွာဆေးခန်းကိုနင်းလာလိုက်တယ်။ဆေးခန်းရှေ့ရောက်တော့ တံခါးဖွင့်ကာ ပစ္စည်းပစ္စယတို့ကို့ချလိုက်သည်။

"ဆရာလေး မနက်စာပါခင်ဗျ"

"ဟုတ်ကဲ့ ထားခဲ့နော် ကိုအာကာ"

ကိုအာကာဆိုသူ၏နာမည်အပြည့်အစုံသည် အာကာမင်းထင်ဖြစ်သည်။ကိုအာကာသည် ကာရံဆေးခန်းစထိုင်ထဲက အစစအရာရာကူညီပေးသော သူဖြစ်သည်။ကာရံအပေါ်လဲအကိုကြီးတစ်ယောက်လိုဂရုစိုက်တာဖြစ်သည်။ကိုအာကာသည်ရွာသားပီပီ ဗလတောင့်တောင့်၊အသားညိုညိုနှင့်အရပ်မှာလဲ6ပေကျော်သည်။အမြဲတမ်းပုဆိုးကိုခပ်တိုတိုဝတ်ထားဝတ်ပီး ဆေးခန်းကိစ္စတွေကိုတော့သူနားလည်သည်။ကိုအာကာသည်ရွာမှာနေရပေမဲ့ အတန်းပညာစုံသည်။ဆယ်တန်းအဆင့်နှင့်ကျောင်းပြီးထားပေမဲ့ englishစာကိုမွှတ်နေအောင်တော်သည့်လူသားမျိုးမို့ ကာရံကိစ္စတွေကို ကိုအာကာကူညီတတ်သည်။အခုလဲကာရံအတွက်မနက်စာလာထားပေးပြီး သူကတော့ ဆေးစာအုပ်တွေကိုဖတ်နေတော့သည်။

My possession doctor (Completed)Hikayelerin yaşadığı yer. Şimdi keşfedin