ရှောင်းလင် ဒုက္ခရောက်ပြီ

1.3K 95 3
                                    

ရှောင်းလင် ကျောင်းကိုသွားတဲ့လမ်းမှာ လူသေဆုံးသွားတဲ့ ဝမ်းနည်းဖွယ် ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။မီးပွိုင့်ကထင်ထင်ရှားရှားကြီးကို အနီရောင်လင်းနေခဲ့ပေမယ့်လို့ ကားမောင်းသမားက ကန်းနေခဲ့တယ်ထင်ပါရဲ့။ လမ်းအလယ်ခေါင်ကို အရှိန်အမြန်နှုန်း
နဲ့မောင်းလာပြီး လူကူးမျဥ်းကြားပေါ်ကနေဖြတ်ကူးနေတဲ့ လမ်းသွားလမ်းလာတစ်ယောက်ကို တိုက်မိသွားစေတယ်။

တဒင်္ဂလေးအတွင်းမှာပဲ အကုန်လုံးကဖြစ်ပျက်သွားခဲ့တာကြောင့် လူတိုင်းက မတော်တဆမှုကို မိန်းမောပြီးပဲကြည့်နေနိုင်ခဲ့ပြီး တုံ့ပြန်မှုတစ်ခုခုကို အချိန်မှီ မလုပ်နိုင်လောက်အောင် ဖြစ်သွားတယ်လေ။
အကျိုးသက်ရောက်မှုအနေနဲ့ အဲ့ဒီလမ်းသွားလမ်းလာက ပစ်ပေါက်ခံလိုက်ရသလိုဖြစ်သွားပြီး မြေကြီးနဲ့ ပြင်းပြင်းထန်ထန်ဆောင့်မိသွားလို့ သူ့ခန္တာကိုယ်က အတော်ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ လိမ်သွားပြီး မြေပြင်ပေါ်မှာ သွေးအိုင်နဲ့အတူ လဲသွားတယ်။

ရှောင်းလင်က သူ့ရှူးဖိနပ်ပေါ်က သွေးစက် အကွက်လိုက်ကို ငေးကြည့်နေရင်း တကယ်လို့ သူသာ ခြေလှမ်းတစ်ဝက်လောက်စောလျှောက်မိရင် အဲ့ဒီလူရဲ့ ကံကြမ္မာနဲ့အလားတူကြုံရမှာပဲလို့ တွေးနေခဲ့မိတယ်။

ယာဥ်ထိန်းရဲနဲ့ လူနာတင်ကားက အလျင်အမြန်ပဲရောက်လာခဲ့ပြီး အဲ့ဒီရုတ်ရင်းဆန်ခတ်မြင်ကွင်းက ကြောက်စရာခံစားချက်ဖြစ်ပေါ်လာစေတယ်။
ကျောင်းကို အချိန်မှီရောက်တယ်ဆိုရုံလေးသွားဖို့အတွက်တောင် နောက်ကျနေပြီဆိုတာကို သိလိုက်ရပြီးနောက်မှာတော့ ရှောင်းလင်းက အိမ်ပြန်ပြီးဖိနပ်အသစ်တစ်ရံသွားလဲဖို့အတွက် စောဒကတက်မနေနိုင်တော့ဘူး။

လက်တွေ့ကနေကင်းကွာသွားတဲ့ ခံစားမှုက
သူ့စိတ်ထဲမှာ မသက်မသာနဲ့ကပ်တွယ်နေခဲ့လို့ စာသင်ခန်းထဲတနေကုန်ထိုင်ရင်းနဲ့ အချိန်ဖြုန်းနေခဲ့လိုက်တယ်။

တနေကုန် စိတ်နဲ့ကိုယ်မကပ်နေခဲ့လို့ ရှောင်းလင်းက သင်ခန်းစာတွေမှာလည်း အာရုံမစိုက်နိုင်တော့ဘူး။အဲ့ဒီနေ့ညနေ အိမ်ပြန်ရောက်တော့ သူ့အမေ အိမ်သန့်ရှင်းရေးလုပ်နေတာကို တွေ့ရတယ်။ ကြုံကြိုက်ချင်တော့သူမက သူ့ဖိနပ်ကို တချက်ကြည့်ပြီးတော့
'' သား.....တောကြီးမျက်မည်းထဲများသွားခဲ့တာလား။ဘာလို့ဖိနပ်တွေက အရမ်းညစ်ပတ်နေရတာလဲ။'' လို့ မေးလာတယ်။

ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်Where stories live. Discover now