ကိုယ်ကလူသားမှမဟုတ်ဘဲ

437 76 4
                                    

သူ့အမေကို ခြောက်လန့်စေမိသွားမှာဆိုးလို့ သရဲကအခုထက်ထိ သူ့ဘေးနားမှာ တဝဲလည်လည်ရှိနေသေးတယ်၊ သူမေးခွန်းတွေကိုဖြေရာမှာ ကြီးကြပ်ပေးတယ်၊ တနေကုန်ဘာမဟုတ်တာလေးနဲ့အကြာကြီးငြင်းခုန်ကြတယ်၊ အဓိပ္ပါယ်မရှိတဲ့ ဟာသတွေပြောရင်း ပျော်ကြတယ် ဆိုတာ သူ့အမေကို မပြောပြဖြစ်ဘူး။သူမတော်တဆမှု ကြုံလိုက်ရပြီးကတည်းက မကြာခဏဆိုသလို အသံဗလံတွေ ကြားယောင်မိနေတယ်လို့ပဲ ပြောလိုက်တာ။

မျှော်လင့်ထားသလိုပဲ သူ့အမေမျက်နှာထားက ပြောင်းသွားတယ်။ ဒါပေမယ့် သရဲအတွက် အပြေးအလွှားကူညီပေးရမယ့်အစား သူ့ကို ဆေးရုံဆီ အရင်ခေါ်သွားတာခံလိုက်ရတယ်လေ။

စိတ်ထိခိုက်စရာအတွေ့အကြုံတွေနဲ့ ကြုံလိုက်ရပြီးတဲ့နောက် ရှောင်းလင်မှာ စိတ်ရောဂါ ရှိနေပုံပေါ်တယ်ဆိုပြီး သူမက ယူဆလိုက်ပုံရတယ်။

ရွေးချယ်စရာမရှိဘဲ ဆရာဝန်ရှေ့မှာ မေးသမျှမေးခွန်းတွေထိုင်ဖြေနေတုန်း သရဲကလည်း ဘေးနားမှာ တကျည်ကျည်လုပ်နေသေးတယ်။

သရဲ,''ငါ ဒီကိုရောက်ဖူးတယ်ထင်တယ်''

ဆရာဝန်ရှိနေသမျှကာလပတ်လုံးတော့ ​ရှောင်းလင်က သရဲကို စကားပြန်မပြောနိုင်ဘူးလေ။ မဟုတ်ဘူးဆိုရင်တော့ စိတ်ရောကုဌာနဆီကို တန်းတန်းမတ်မတ် အပို့ခံလိုက်ပြီး အိမ်ပြန်ဖို့မျှော်လင့်ချက်တွေ ရေစုန်မျှောခံလိုက်ရလိမ့်မယ်။

အဆုံးမှာတော့ ဆရာဝန်က ရှောင်းလင်ဆီမှာ စိတ်ပိုင်းဆိုင်ရာခေတ္တခဏ ဖိစီးတဲ့ရောဂါလက္ခဏာ ရှိနေတာပါ၊ စိုးရိမ်စရာ ဘာမှမရှိပါဘူးဆိုပြီး အဆုံးသတ်လိုက်ရော။
ကိုယ့်ဘာသာကိုယ် ပြန်ကောင်းအောင် လုပ်နိုင်ပါတယ်တဲ့လေ။

ဆေးရုံကနေ ထွက်လာပြီးနောက်တော့ မေမေလင်က ရှောင်းလင်ကို မေတ္တာရပ်ခံလာတယ်

''တကယ်လို့ သားခုထိမသက်သာလာသေးဆိုရင် ထူးချွန်တဲ့ဆရာဝန်တစ်ယောက်ယောက်ကို သွားရှာရအောင်''

ပူးပေါင်းကြံစည်မှုဖြစ်နေမှာကိုကြောက်လာလို့ သူငြင်းဆိုဖို့ တုံ့ဆိုင်းမိနေပြီး အခုလိုပဲ ပြောလိုက်မိတယ်

ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်Where stories live. Discover now