သွားသေလိုက်!!!!!

361 66 0
                                    

လေးနက်စွာ ဆွေးနွေးညှိနှိုင်းပြီးနောက် သရဲက တွန့်ဆုတ်စွာနဲ့ အဲ့လိုမျိုးလုပ်ရပ်ကို ခွင့်ပြုချက်သေချာ မရှိဘဲနဲ့ မလုပ်တော့ပါဘူးလို့ သဘောတူလာတယ်။ဒါပေမယ့် သူ့မှာ ကိုယ်ပိုင်တောင်းဆိုချက်တွေတော့ ရှိပါသတဲ့။ 'ရှောင်းလင်က သုံးရက်အတွင်း' ငါး နှစ်မြောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလေ့ကျင့်ခန်းစာအုပ်' ရဲ့ မေးခွန်းတွေကို ငါးမျက်နှာစာ ဖြေပြီးရမယ်ဆိုတာမျိုးပေါ့။ မပြီးခဲ့ရင်တော့ ရှောင်းလင်ဆီကနေ အဲ့ဒီနည်းလမ်းမျိုးနဲ့ ယန်ချီတွေဆက်ပြီး စုပ်ယူမယ်တဲ့လေ။

ရှောင်းလင်က အံသြတကြီး အာမေဋိတ်သံနဲ့

''ခင်ဗျား အရူးကောင်........ခင်ဗျားက 'ဝူဆန်း''စာရေးဆရာမို့လို့လား။ဟုတ်လည်းမဟုတ်ဘဲနဲ့?''

သရဲ,''ဒါမှမဟုတ် 'လူရှည်ကြီးမေးခွန်းဘဏ်'ရဲ့ ဆယ်မျက်နှာစာကိုလည်း လက်ခံပေးနိုင်ပါတယ်''

ရှောင်းလင်က မျက်ရည်မကျဘဲ အော်ငိုမိတော့မတတ်ဖြစ်ရင်း မေးလိုက်သည်။

''ဘာလို့ ခင်ဗျားက ကျွန်တော့်ကို အဲ့မေးခွန်းတွေ ဖြေရှင်းခိုင်းဖို့ အရမ်းစိတ်အားထက်သန်နေရတာတုန်း?''

သရဲက ချက်ကျလက်ကျနဲ့ ပြန်ဖြေလာသည်။

''ဘာလို့လဲဆိုတော့ စာမေးပွဲအတွင်းမှာ မေးခွန်းတွေကို မင်း အဖြေမှားကြီးဖြေနေတာမျိုးကို မြင်ရတိုင်း ကိုယ်စိတ်မပျော်မရွှင်ဖြစ်ရလို့ပေါ့''

ရှောင်းလင်က သူ့ရဲ့ကံဆိုးမှုအတွက် တိတ်တိတ်လေး မျက်ရည်ကျမိတယ်။သရဲအသက်ရှင်တုန်းက ဖန်းရှင်းများ ဖြစ်ခဲ့လေသလား။သူ တက္ကသိုလ်စာမေးပွဲဝင်ခွင့်ကို အကြိမ်ထောင်ပေါင်းများစွာဖြေခဲ့တာလည်း ဖြစ်နိုင်သလို စာမေးပွဲကြောင့်နဲ့ သူ့စိတ်တွေ ကယောက်ကယက်ဖြစ်သွားတာလည်းဖြစ်နိုင်သားပဲ?
သရဲအဖြစ်ပြောင်းသွားပြီးတဲ့အထိ ဘယ်လိုတောင် သူက ထူးဆန်းနေနိုင်ရသေးတာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် သရဲက အဲ့ဒီအရာတွေအတွက် စိတ်အနှောင့်အယှက် အဖြစ်မခံဘူး။သူက အခြားကမ်းလှမ်းမှုတစ်ခုကို လုပ်လာတယ်။

ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်Where stories live. Discover now