Chapter 18 [Uni + Zaw]

233 23 1
                                    

(Unicode)

ဟန်ဆောင်တမ်းကစားပွဲ

အပိုင်း (၁၈)

Author _ Qi Ying Jun

Translator _ Galene

*******


တစ်ဖက်တွင် ချန်းပင်းက အချိန်အတော်ကြာအဖြေပြန်မရသောကြောင့် ပြဿနာတစ်ခုခုရှိသည်ကို သိလိုက်သည်။ "ဘာဖြစ်လို့လဲ။ တစ်ခုခုပြဿနာရှိလို့လား"

လီပေါ်ရှီ: "...မဟုတ်ပါဘူး။ ရတယ်"

လီပေါ်ရှီက theme အတွက် အိုင်ဒီယာများ စစဉ်းစားတော့သည်။

နောက်နေ့ ရောက်သည့်အခါ သူက ချန်းပင်းကို စာရင်းတစ်ခု ပို့လိုက်သည်။

"ဟောလိုဝင်းပွဲတွေမှာ ပြင်လေ့ရှိတဲ့ မိတ်ကပ်တွေ ငါ ရှာကြည့်ထားတယ်"

ချန်းပင်း: "ဘယ်လိုပုံကို ပြောတာလဲ"

လီပေါ်ရှီ: "မင်း တစ်ခုရွေးလိုက်။ ဘယ်ဘက်က မိတ်ကပ်ပုံစံမျိုးက ပိုလှတယ်_ သစ်ပင်နတ်သမီး၊ ပန်းပွင့်နတ်သမီး၊ မျိုးစုံပဲ။ အလယ်အတန်းက ပိုဆန်းသစ်တယ်ဆိုပေမဲ့ မင်း အသားအရေထိခိုက်လိမ့်မယ်။ ဒီတစ်ခုက ရယ်ရတယ်..."

ချန်းပင်းက နားမလည်နိုင်ဖြစ်သွားခဲ့သည်။ "ခင်ဗျားကို ကိုယ့်ဘာသာရွေးဖို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်ဘူးလား"

"တစ်ခေါက်တော့ ကြည့်သင့်တယ်။ တစ်ခေါက်လောက်ပဲ"

ချန်းပင်း၏ စိတ်က ဗလာကျင်းနေသည်။ သူ အချိန်အတော်ကြာအောင် ကြည့်နေမိပြီးမှ ပြန်ဖြေလိုက်မိသည်။ "ဒီမှာ မပါတဲ့ တစ်ခုခုကို ပြင်လို့မရဘူးလား"

လီပေါ်ရှီ: "..."

ချန်းပင်းက သူ့ကိုယ်သူ မည်သို့သော နတ်ဆိုးဆန်ဆန်ဖောက်သည်မျိုး ဖြစ်နေမှန်း နားမလည်ပေ။ သူက လီပေါ်ရှီ၏ အစွမ်းအစကို မျက်စိမှိတ်နားပိတ်ယုံသည်ဖြစ်ရာ နောက်ဆုံးတွင် သူ့ကိုသာ အကုန်ဆုံးဖြတ်ရန် လွှဲပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ခင်ဗျားက ဒီလိုမျိုးတွေမှာ ကျွန်တော့်ထက် ပိုသိတာပဲ"

လီပေါ်ရှီ စတင်စဉ်းစားလိုက်ကာ ပါတီပွဲအချိန်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

လက်ထောက်မာ: "ရှီးဖူ။ နောက်မှ သတိမပေးလို့ဆိုပြီး အပြစ်မတင်နဲ့နော်။ အချိန်ဇယားက ချန်းပင်းကို နေ့လယ်ကျရင် မိတ်ကပ်ပြင်ပေးမယ်၊ ညနေကျရင် လေယာဉ်ပေါ် တက်မယ်၊ ပြီးတော့ မြေပြင်ပေါ် ဆင်းတာနဲ့ မင်းသမီး X ကို မိတ်ကပ်ပြင်ပေးမယ် ဆိုပြီးတော့နော်။"

လီပေါ်ရှီ: "ငါ သိပါတယ်"

လက်ထောက်ယန်: "ဟောလိုဝင်း theme အတွက် လိုတာတွေဝယ်ဖို့ အနည်းဆုံး အချိန်နှစ်နာရီလောက် လိုလိမ့်မယ်"

လီပေါ်ရှီ: "ငါ သိတယ်"

လက်ထောက်မာ: "အခု နေ့လယ်ခင်းတောင် ရောက်နေပြီ။ အခုချိန်အထိ ဘယ်ပုံစံပြင်မယ်ဆိုတာ မပြောရသေးဘူး"

လီပေါ်ရှီက နားလည်ရခက်စွာပင် ဆိုလာခဲ့သည်။ "အမ်"

လက်ထောက်နှစ်ယောက်: "..."

တိတ်တဆိတ် ကြည့်နေကြသည့် အကြည့်များအောက်တွင် လီပေါ်ရှီ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ မီးကို ပြန်သတ်လိုက်သည်။ ထို့နောက်တွင် အသစ်တစ်လိပ်ကို ကိုင်လိုက်ရာ သူ့လက်များက အနည်းငယ်တုန်နေသည်ကို တွေ့လိုက်ရ၏။

ဟန်ဆောင်တမ်း ကစားပွဲ (ဘာသာပြန်)Where stories live. Discover now