Chapter 22 [Uni + Zaw]

95 12 3
                                    

(Unicode)

ဟန်ဆောင်တမ်းကစားပွဲ

အပိုင်း (၂၂)

Author _ Qi Ying Jun

Translator _ Galene

*******

ကံကြမ္မာလှည့်ကွက်တစ်ခုပင်။

ချန်းပင်းနှင့် လီပေါ်ရှီတို့ အချင်းချင်း မျက်လုံးပြူးကြည့်မိကြရင်း သူတို့စိတ်ထဲတွင် ဗလာကျင်းနေသည်။

နေရာအနည်းငယ်အကွာတွင် ပြင်းထန်သည့် လှုပ်ရှားသံများက အဆက်မပြတ်ထွက်ပေါ်နေ၏။

နောက်ဆုံးတွင် လီပေါ်ရှီ အသိဝင်လာမိပြီး သူ့မျက်လုံးများနှင့် အချက်ပြလိုက်သည်။ အရင် ဆုတ်ခွာရအောင်။

ချန်းပင်းက အံ့ဩနေဆဲပင် ရှိနေသေးသော်လည်း ခေါင်းညိတ်ပြလာသည်။

သို့သော်လည်း သူတို့နှစ်ယောက် ထွက်ခွာသွားတော့မည့်အချိန်၌ တစ်ဖက်တွင် ပြီးဆုံးခါနီးအချိန်သို့ ရောက်ရှိလာခဲ့သည်။

သန့်စင်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ ချန်းပင်း ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်မိဘဲ နေရာတွင်ပင် တောင့်တင်းသွားမိသည်။

စက္ကန့်အနည်းငယ်ကြာသည့်အခါ ရုပ်ရှင်ဧကရာဇ်လု၏ ရှတတအသံက ထွက်ပေါ်လာသည်။ "ငါ ခုနက အသံတစ်သံ ကြားမိသလိုပဲ"

လီပေါ်ရှီနှင့် ချန်းပင်းက အသက်ပင်မရှူမိဘဲ အာရုံစိုက်နေကြသည်။

နောက်ဆုံးတွင် တစ်ဖက်လူ၏အသံကို သူတို့ ကြားလိုက်ရ၏။ "မင်းက အရမ်းစိတ်လှုပ်ရှားနေတာပဲ"

ရုတ်တရက် လီပေါ်ရှီက ချန်းပင်းကို ကြည့်လိုက်ပြီး သူ့ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ချန်းပင်းလည်း သူ့ကို မြင်သွားနိုင်မှန်း သိသွား၍ စတင်ထိတ်လန့်လာသည်။

ရုပ်ရှင်ဧကရာဇ်လု: "သန့်စင်ခန်းတံခါးက သိပ်မခိုင်ဘူး။ တစ်ယောက်ယောက်သာ ငါတို့ကို တွေ့သွားရင်..."

တုန်လှုပ်နေသည့် ချန်းပင်းမှာ လီပေါ်ရှီ ထိုင်နေသည့် အိမ်သာခုံ၏အပေါ်တွင် တက်ပုန်းလိုက်ချင်သည်။ သို့သော်လည်း အိမ်သာခုံအသေးလေးပေါ်တွင် လူနှစ်ယောက်က မည်သို့ဆံ့နိုင်မည်နည်း။ ထိုသို့ အရေးပေါ် အခြေအနေတွင် လီပေါ်ရှီက သူ့ခြေထောက်ကို ချလိုက်ပြီး သူ့လက်မောင်းများဖြင့် ချန်းပင်းကို ဖက်ထားလိုက်သောကြောင့် ချန်းပင်းက သူ့ပေါင်ပေါ်တွင် ထိုင်နေသည့် အနေအထားသို့ ရောက်သွားခဲ့၏။

ဟန်ဆောင်တမ်း ကစားပွဲ (ဘာသာပြန်)Where stories live. Discover now