တိတ်တခိုးဒဏ်ရာ

2.9K 8 0
                                    

ရေးသားသူ – ဘုံခုနှစ်ဆင့်

 အင်းစက်စာပေ ဖြစ်ပါသည်။ အင်းစက်ကို မကြိုက် မနှစ်သက်ပါက မဖတ်ရှုပဲ ကျော်သွားပါ။ 

နားလည်ခြင်းဟာ
ညနေခင်းမိုးစက်တွေလို
တချိန်မှာ
ကော်ဖီသောက် ဆင်းလိမ့်မယ်…။

………………………..

” ရိပ် ”

” ဟင် … ကိုကို ”

” ကိုမိုးစက် ”

လူအုပ်ကြားထဲမှ ထွက်ပေါ်လာသောအသံကြောင့် မေလရိပ်နှင့် သုတ ပြိုင်တူလှည့်ကြည့်လိုက်သည်။

” ပျော်ရွှင်ပါစေ … ရိပ် ”

” ကိုကို လာတယ်နော် … ညီမလေး ဝမ်းသာလိုက်တာ ကိုကိုရာ ”

ပန်းဆီရောင် ရင်တပိုင်းပြတ်အင်္ကျီလေးနှင့် ဂါဝန်အရှည်လေး ဝတ်ဆင်ထားသော ညီမဖြစ်သူအား ရင်နှင့်စွာဖြင့် ကြည့်နေမိသည်။ ညီမဖြစ်သူ မင်္ဂလာပွဲအား ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီး လာခဲ့လိုက်သည်။

” ကိုမိုးစက် မင်္ဂလာပါ … ကျနော်တို့ မင်္ဂလာဆောင်ကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးပါ ”

သုတ ကမ်းပေးသော လက်အား မိုးစက် မမြင်ဟန်ဆောင်လိုက်သည်။ သုတ မျက်နှာပျက်နေစဉ် မေလရိပ်က အစ်ကိုဖြစ်သူ လက်မောင်းအား ချိတ်ကာ လွတ်နေသော စားပွဲတစ်လုံး၌ ခေါ်ဆောင်သွားခဲ့သည်။ မိုးစက်မျက်လုံးများ အရောင်တောက်လာကာ ညီမဖြစ်သူဘက် ကြည့်လိုက်မိသည်။ မေလရိပ်ကလည်း အစ်ကိုဖြစ်သူအား မျက်လုံးရွဲကြီးအားပင့်ကာ ပြန်ကြည့်လိုက်သည်။

” လာ … ကိုကို … ဒီမှာထိုင် ”

မေလရိပ်မှာ မိုးစက်ဘေးဝင်ထိုင်ရင်း တစ်ရှူးတစ်ရွတ် စားပွဲခုံမှယူကာ မိုက်စက်ရှေ့ရှိ မှောက်ထားသော ဖန်ခွက်ရှည်အား သုတ်ပေးလိုက်သည်။

အပြာစာအုပ် စုစည်းမှုWhere stories live. Discover now