ယောကျာ်း မိန်းမ ဟူသည်

2.7K 8 0
                                    

နွေ၏ အငွေ့အသက်တို့ စတင်လာပြီဖြစ်သော မတ်လ၏ နောက်ဆုံးရက်တစ်ရက်….။
လူကိုက်ဖူးသော ကျားသည် ပိုမို ရဲတင်းသည့်ပမာ အတွေ့အကြုံ စုံသော ယောကျ်ားတို့၏ ရမ်းကားမှုသည် မိန်းမတိုင်း အတွက်  အထူးသဖြင့် ယောက်ျားတို့အပေါ် အထင်ကြီးတတ်လွန်းသည့် မိန်းမသားများ အဖို့ အလွန်ပင် အန္တရာယ် ကြီးမားလှပေသည်..။

“ အရက်တစ်လုံးနဲ့ အရွက်သုတ် တစ်ပွဲ ပေးပါဗျို့…”

မနီတစ်ယောက် အဝင်ပေါက်ဘက် ကို ကျောပေးလိုက်ရင်း ကိုယ်ကို တစောင်းလှဲလျက်  ပွင့်ပွင့်လင်းလင်း ယောက်ျားတို့အကြောင်း စာအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေစဉ် နေ့ခင်းကြောင်တောင်ကြီး အရက်သောက်မည့်သူက ရောက်ချလာသည်..။
ရေချိုး ၊ အဝတ်လျှော် ၊ ကလေးသိပ်ပြီး နေ့လည်နေ့ခင်း စာအုပ်ဖတ်နေခြင်း ဖြစ်သည်..။ ဒီစာအုပ်ကို သူ့ယောက်ျား ကိုခင်မောင်မြင့်က ဖတ်ဖို့ ပေးထားသည်မှာ ကြာပြီ ….။

“ ရော့…..နီနီ…ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်း…၊ လူဆိုတာ ဗဟုသုတ ရှိရတယ်..ကွ…၊ ဗဟုသုတ ရှိမှ အကောင်းနဲ့ အဆိုး ၊ အကြောင်းနဲ့ အကျိုး ၊ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်တယ်..။ ဒီစာအုပ်ထဲမှာ ယောက်ျားတွေရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပက်ပက်စက်စက် ရေးပြထားတယ်..။ ဒီစာအုပ်မျိုး မိန်းမတွေ သိပ်ဖတ်သင့်တယ်…..ရော့….”

ယခု သူ့ယောက်ျား ကျောက်ကိစ္စနှင့် မူဆယ်ဘက် သို့ ထွက်သွားသည်မှာ တစ်ပတ်လောက် ရှိပြီ..။  ရက်ပေါင်း ၂၀ လောက် ကြာမည်ဟုလည်း ပြောသွားခဲ့သည်..။
လွန်ခဲ့သော တစ်လလောက်ကထဲက သူ့ယောက်ျားက ဖတ်ရန် ပေးထားခဲ့သည်..။ စာအုပ်က စာမျက်နှာ ၂၀၀ ကျော်လောက်ရှိသည်..။  မဖတ်ချင် ဖတ်ချင်နှင့် ဖတ်လာခဲ့ရာ အခုမှ စာမျက်နှာ တစ်ရာလောက် ရောက်ရုံသာ ရှိသေးသည်..။
မနီက ဒီလိုစာအုပ်မျိုး မကြိုက်…။  သူမ ဖတ်လေ့ ရှိတာက အချစ်ဝတ္ထုတို့ ရုပ်ရှင်မင်းသား ကြော်ငြာများများ ပါသော မဂ္ဂဇင်းတို့လောက်သာ ဖတ်လေ့ရှိသည်..။ သူ့ယောက်ျားက ဒီစာအုပ်ကို ဘာရည်ရွယ်ချက်နှင့် ဖတ်စေချင်မှန်း မနီ သိပါသည်..။  သူ့ယောက်ျား ကိုခင်မောင်မြင့်က သူ့ထက် ၁၅ နှစ်ကြီးသည်..။ ထို့ကြောင့် မိန်းမကို စိတ်မချသည့်အတွက် ယောက်ျားတွေရဲ့ ကာမဂုဏ်ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင် ဒီစာအုပ်ကို ဖတ်ခိုင်းခြင်း ဖြစ်သည်..။
ထို့အပြင် ကာမဂုဏ် ဖောက်ပြန်သော ဇာတ်တော်တွေကိုလည်း ပြောပြသည်..။ ကာမဂုဏ် ဖောက်ပြန်သော ယောက်ျား မိန်းမတွေ သေလျင် ကျရောက်တတ်သော ငရဲဘုံ ၊ ပြိတ္တာဘုံ တွေကိုလည်း ပြောပြသည်..။
ဒုသနသော ပုံဝတ္ထုတွေကိုလည်း နားငြီးအောင် နားထောင်ရသည်..။ လူက ဘာသာရေးသမားလိုလို ဘာလိုလို..။ အလုပ်က အရက်ရောင်းသည့် အလုပ် ။ နေ့တိုင်း သောက်၏ ..။ သို့သော် ဆိုင်သိမ်းပြီးမှ ခွက်ပုံးချသည်..။ အရက်ဆိုတာ မသောက်တတ်လျင် ဘေး ၊ သောက်တတ်လျင် ဆေးဖြစ်ကြောင်း ..ဘယ်ပုံဘယ်နည်း သောက်ရမည် ဖြစ်ကြောင်း ၊ ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေ ၊ စာရေးဆရာကြီးတွေတောင် သောက်လေ့ ရှိကြောင်း ..။ စသည်ဖြင့် အရက်ရောင်းစားသူပီပီ အရက်မကောင်းကြောင်းတော့ ပြောလေ့ မရှိ…။
အရက်ဆိုင်ဆိုတာက သိကြသည့်အတိုင်း လူစုံ သည်..။ စကားစုံသည်..။ စရိုက် စုံသည်..။ တစ်ချို့က အေးအေးဆေးဆေး မသောက် ၊ သွေးဆိုးသည်..။ ပြဿနာ ရှာတတ်သည်..။ အရစ်တက်သည်..။
အခုနောက်ပိုင်း လိုက်စင်လုပ်ထားပြီး ဖြစ်၍ တော်သေးသည်..။ ပြဿနာ ရှာလျင် ရပ်ကွက်လူကြီး တိုင်ရုံသာ…။
အရက်မှာသံကြောင့် …..
မနီ ဖတ်လက်စ စာအုပ်ကို အမှတ်အသား ပြု ပိတ်လိုက်ပြီး ခုံရှည်ပေါ် တစောင်းလှဲနေရာမှ  ထလိုက်သည်..။  အရက်မှာသည့်သူက အဝင်ပေါက် ညာဘက်ဘေးခုံမှာ အမိန့်သား ထိုင်ရင်း အားကစား ဂျာနယ်တစ်စောင်ကို ဖတ်နေသည်..။
လူပုံစံက အသက် ၁၈ နှစ်ခန့် အရွယ် ၊ လူရည်သန့်ကလေး ဖြစ်သည်..။ ကျားကျားလျားလျား ၊ တောင့်တောင့်တင်းတင်း သွက်သွက်လက်လက် ဖြစ်မည့် ပုံစံ…။ ဆံပင်က …ကတုံးဆံပင်ပေါက်ကေ…။
မနီက မြင်းခွာရွက်သုတ် တစ်ပွဲနှင့် အရက်တစ်လုံး သွားချပေးလိုက်သည်..။  အရက်ပုလင်းနှင် အမြည်း ရောက်လာသောအခါ ဖတ်လက်စ ဂျာနယ်ကို ချ၍ မနီကို မော့ကြည့်ပြီး….

အပြာစာအုပ် စုစည်းမှုHikayelerin yaşadığı yer. Şimdi keşfedin