ဥမကွဲ သိုက်မပျက်

2.5K 7 0
                                    

ရေးသားသူ – အမည်မသိ

ရန်ကုန်တိုင်းဒေသကြီး….. ရွှေတောင်ကြားလမ်း… ခြံအမှတ် (…) မှာ နေထိုင်တဲ့ ဦးမျိုးလွင် ဟာ ဆောက်လုပ်ရေးကုမ္ပဏီ များစွာပိုင်ဆိုင်တဲ့ သူဌေး တစ်ဦးပဲ ဖြစ်ပါတယ်…။ သူဟာ မုဆိုးဖို အသစ်စက်စက်လည်း ဖြစ်ပါသေးတယ်….။ ဦးမျိုးလွင်ရဲ့မိန်းမ ဒေါ်ကေသီစိုး ဟာ ပြီးခဲ့တဲ့ တစ်လလောက်ကမှ သားအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ….။ ဦးမျိုးလွင်မှာ….. ပထမနှစ်အရွယ်နှင့် ၇ တန်းအရွယ် သားနှစ်ဦး ရှိတယ်….။ သားကြီးနာမည်က မင်းခန့်လွင်၊ သားငယ်နာမည်က မင်းသန့်လွင် ဖြစ်တယ်….။ ဒေါ်ကေသီစိုး ကွယ်လွန်ကတည်းက ဦးမျိုးလွင်မှာ ဖအေလိုတစ်မျိုး မအေလိုတစ်မျိုး စောင့်ရှောက်ခဲ့ရတာ ဖြစ်တယ်….။

” သားတို့ရေ ဒယ်ဒီ အလုပ်သွားတော့မယ် ဟေ့….။ သားကြီးက သားငယ်လေးကို ကျောင်းလိုက်ပို့လိုက်ဦးနော်….။ ဖေဖေ စိတ်ချမယ်နော် ”

” ဟုတ်ကဲ့ပါ ဖေဖေရ။ သားကျူရှင်အပြန် ညီလေးကို တစ်ခါတည်း ဝင်ကြိုခဲ့မှာ”

ဦးမျိုးလွင်ဟာ အသက်ငယ်ငယ်နဲ့ သူ့ထက် ၁၅ နှစ်လောက်ကြီးတဲ့ မိန်းမတစ်ယောက်ကို ယူခဲ့ရတော့ အခုချိန်မှာ ၃၈ နှစ်ဆိုသော အသက်အရွယ်နှင့် မလိုက်ဖက်အောင် နုဖက်ကာ အရွယ်တင်နေတုန်း ချောမောနေတုန်း ဖြစ်သည်…။ သားနှစ်ယောက်ကလည်း ဖအေတူသားတွေဖြစ်သဖြင့် ရောက်လေရာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရလေသည်….။

” ညီလေးရေ ကိုကိုတို့ သွားကြမယ်လေ ပြီးပြီလား”

ချစ်စဖွယ်ကောင်းစွာဖြင့် အိမ်ပေါ်ထပ်က ပြေးဆင်းလာသော ညီငယ်လေးကို ကြည့်ကာ မင်းခန့်လွင် ပြုံးမိသည်…..။

“ဟုတ် လာပြီ ကိုကိုရေ ”

မင်းခန့်လွင်လည်း ကျူရှင်က ဆရာမ မလာသဖြင့် အိမ်ကိုပဲ ပြန်လာပြီး အေးအေးဆေးဆေး နေလိုက်လေသည်….။ မင်းခန့်လွင်တို့အိမ်မှာ ဒေါ်ကေသီစိုး မသေခင်တည်းက အိမ်မှာ ခေါ်ယူမွေးစားထားသော မွေးစားသားတစ်ယောက်လည်း ရှိသေးသည်…။ သူ့နာမည်က ဟိန်းမင်းလတ် ဖြစ်သည်….။ သူက ကျောင်းမနေတော့ပေ…။ နေမယ်ဆိုရင်တော့ ၁၀ တန်းလောက်ရှိပြီ…..။ ဟိန်းမင်းလတ်ကလည်း အသားညိုညို သန်သန်မာမာဖြင့် ရှိလေရာ… ချောသည်ဟုပဲ ပြောရပါလိမ့်မည်…….။ ဟိန်းမင်းလတ်ကိုလည်း ဦးမျိုးလွင်က သားအရင်းကဲ့သို့ပင် သဘောထားလေရာ မျက်နှာမငယ်ရပေ…..။

အပြာစာအုပ် စုစည်းမှုWhere stories live. Discover now