1

101 13 0
                                    

Renjun အိပ်နေရင်း ချမ်းလာတာကြောင့် အနွေးဓာတ်တစ်ခုရှိရာကို တိုးကပ်လိုက်သည်။ ခဏကြာတဲ့အခါ အနွေးဓာတ်က သူ့ကိုရစ်ပတ်လွှမ်းခြုံလာပြီး နှစ်ခြိုက်စွာ ပြန်လည်အိပ်ပျော်သွားတော့သည်။
*
Renjun နိုးလာတော့ မျက်လုံးကို ချက်ချင်းမဖွင့်သေးဘဲ စောင်ထဲကို ပိုတိုးဝင်လိုက်သည်။ မနေ့ညက များထားတာမို့ ခေါင်းကလည်းမကြည်သေး။ သူ့ခါးနေရာတွင် လက်တစ်ဖက်က ပိုမိုတင်းကြပ်စွာ ဖက်လို့လာသည်။
ဘုရား။ သူ့  သူ့ဘေးနားက။ မျက်လုံးတွေပြူးကျယ်လာပြီး အိပ်နေရာမှ လူးလဲထသည်။
Jeno ။ Jeno က သူ့အိပ်ရာပေါ် ဘယ်လိုလုပ်ရောက်နေပါလိမ့်။
မနေ့ညက Renjun တစ်ယောက် ဆိုးလ်ရှိ တက္ကသိုလ်မှာ တာဝန်ကျသည့် အထိန်းအမှတ်နှင့် Renjun တို့ မိသားစုရယ် Jeno တို့ မိသားစုရယ် ပွဲသေးသေးလေးကျင်းပဖြစ်သည်။ ထူးထူးဆန်းဆန်းတော့မဟုတ်ပေမယ့် အသားကင်စားရင်း သောက်ရင်းပေါ့။ ခါတိုင်းသိပ်သောက်လေ့မရှိပေမယ့် မနေ့ညက များသွားသည်။ အိပ်ရာထဲ ဘယ်လိုရောက်လာတာလဲတောင် မမှတ်မိ။ အခု Jeno က သူ့ဘေးမှာ။ ပြီးတော့ နှစ်ယောက်လုံး အင်္ကျီမရှိ။ သူခေါင်းနပန်းကြီးသွားသည်။ သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတာမရှိမှ စိတ်အေးသွားသည်။ ဒါပေမယ့် တစ်ယောက်ယောက်မြင်ရင် အထင်လွဲနိုင်တာမို့ သူအိပ်ရာက ထဖို့ပြင်လိုက်သည်။
"အမယ်လေး ဒါက ဘယ်လိုဖြစ်တာတုန်း"
မားမားက အသံနဲ့အတူ အခန်းထဲဝင်လာသည်။ ပြီးတော့ ပါးပါး။ ပြီးတော့ Jeno မေမေ အန်တီလေးရယ်။ Jeno ဖေဖေ ရယ်။ လူကြီးလေးယောက်အသံကြောင့် Jeno ပါ နိုးလာသည်။
"ဟို အဲ့ဒါက အားလုံးထင်သလို မဟုတ်ဘူးနော်"
သူတားလိုက်ပေမယ့်
"တော် Huang Renjun အဝတ်တွေဝတ်ပြီး ဧည့်ခန်းထဲလာခဲ့ကြ"
မားမားက အမိန့်ပေးသည်။ ပြီးတော့ လူကြီးတွေ အလျှိုလျှိုအခန်းပြင်ထွက်သွားကြသည်။ Jeno က သမ်းဝေလို့ကောင်းဆဲ။

Love After Marriage Where stories live. Discover now