6

66 11 0
                                    

Jeno နဲ့ သူက တစ်ကျောင်းတည်း။ ဒါပေမယ့် သူက ကိုးနာရီထိုးကို ဌာနအရောက်သွားရသည်။ Jeno ကတော့ ကျောင်းသားမို့ အတန်းရှိတဲ့ အချိန်မှလာတာမို့ ကျောင်းလာချိန်မတူ။ ကျောင်းပြန်ချိန်လည်းမတူပေ။
Jeno တို့ နောက်ဆုံးနှစ်တန်းကို သူကမသင်ရပေမယ့် Mark Hyung က အမြဲ သတင်းပို့သည်။ သူက ဒီကျောင်းကို အခုမှရောက်ပေမယ့် Mark Hyung က သုံးနှစ်လောက်ရှိပြီ။ Mark Hyung ကျောင်းစရောက်ကတည်းက Jeno တို့ အဖွဲ့နဲ့တွေ့တာမို့ သူတို့အကြောင်းကို နောကြေနေပြီဟု ပြောတတ်သည်။ အရင်က ကျောင်းလစ်တတ်ပေမယ့် ဒီနှစ်တော့ Jeno တို့အဖွဲ့ ခြေငြိမ်နေသည်ဆို၏။
'Renjun ရေ တစ်ခွက်လောက်သောက်ရအောင်'
အိမ်ပြန်ခါနီး Hyung က စာပို့ထားတာမို့ သူတို့သွားနေကျ ဆိုင်ကိုလာခဲ့သည်။
သူရောက်တော့ Hyung က ရောက်နှင့်နေပြီ။
"Hyung ဘာဖြစ်လို့လဲ"
Hyung က တစ်ခွက်မော့လိုက်သည်။
"စိတ်တွေရှုပ်နေတယ်"
"ဘယ်လိုဖြစ်တာလဲ ။ မဟုတ်မှ အခုထိ တုတ်တုတ်မလှုပ်ခဲ့တဲ့ နှလုံးသားက အခုမှ လှုပ်လာလို့လား"
"ဟုတ်တယ်။ မဖြစ်သင့်တဲ့ သူကိုမှ စိတ်ဝင်စားချင်နေလို့"
"ဘယ်သူမို့လို့မဖြစ်သင့်တာလဲ"
"သူက ကျောင်းသား။ ငါက ဆရာ‌ဖြစ်နေလို့။ ဒီနေ့သူ့ကိုငြင်းခဲ့တယ်"
Hyung က ထပ်သောက်နေသည်။
"အသက်ကကွာသေးတယ်။ ပြီးတော့ သူက စိတ်ကစားတာဖြစ်လောက်တယ်လို့ ဦးနှောက်က သတိပေးနေပေမယ့် နှလုံးသားက ချစ်ချင်နေတယ်"
Hyung ခံစားချက်ကို သူသိပါသည်။ Hyung က သူ့လိုပါပဲ။ ရည်းစားလည်းတစ်ခါမှ ထားဖူးတာမဟုတ်။ စာကြမ်းပိုးလေး။ သူကိုယ်တိုင်ကလည်း Jeno အပေါ် ရင်ခုန်မိပေမယ့် ဝန်ခံဖို့ကြတော့ ကြောက်ရွံ့နေပြန်သည်။
"Hyung ဒါနဲ့ အဲ့ဒီလူက ဘယ်သူလဲ"
Hyung က မှောက်သွားပြီ။ ပြန်မထနိုင်တာမို့ အငှားကားမောင်းသမားခေါ်ပေးလိုက်ပြီး အိမ်ကိုသာပြန်ခဲ့တော့သည်။
Jeno ။ Jeno ကို သူသဘောမကျဘူးဆိုရင် လိမ်ရာကျမည်။ အရင်က ညီအရင်းလေးလို ဆိုပေမယ့် အခုကျတော့ အခြေအနေက ဖန်တီးထားသည် မဟုတ်လား။ အရင်က ရိုးသားခဲ့ပေမယ့် အခုကျ ဆန်းဆန်းပြားပြားတွေ တွေးချင်လာသည်။
Jeno ကလည်း အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာသည်။အရင်က ညတိုင်းညဉ့်နက်မှပြန်လာရာက အခုတော့ သောကြာနေ့ညမှ ညဉ့်နက်သည်အထိနေသည်။ အန်တီလေးကတော့ သူ့ကြောင့် ပြောင်းလဲလာတာလို့ဆိုသည်။
သူအလုပ်လုပ်နေရင် Jeno က ကော်ဖီတို့ မုန့်တို့ ယူလာပေးတတ်သည်။ ဒါကလည်း အရင်ကတည်းက ။ Jeno ကို စာပြတုန်းကလည်း အန်တီလေးက ကော်ဖီလာပို့ဖို့ မေ့နေရင် Jeno က သူကိုယ်တိုင် သွားဖျော်ပေးတာပင်။ Jeno က ဂရုစိုက်တယ်လို့ တွေးရင် ရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးလာတတ်သည်။ Jeno နဲ့ မျက်လုံးချင်းဆုံတဲ့အခါ ရင်ခုန်သံတွေမမှန်တော့တာ ဘာသာသတိထားမိသည်။ဒါတွေက ခဏတာစိတ်လှုပ်ရှားတာဆိုရင်တောင် Jeno နဲ့ သူ့ကို သံယောဇဉ်ကြိုးက ချည်နှောင်ထားပြီးသားမလား။ ဒီလောက်ဆိုရင် သူတို့အိမ်ထောင်ရေးကို စိတ်ချရလောက်ပါရဲ့။

Love After Marriage Where stories live. Discover now