5

63 10 0
                                    

"အဟမ်း သတို့သားအသစ်စက်စက်လေး မင်္ဂလာဦးညအကြောင်းလေးဝေမျှပါဦး"
စားပွဲမှာ သူဝင်ထိုင်သည်နှင့် Haechan စလာသည်။
"ဟေ့ကောင် Lee Haechan မေးမနေနဲ့။ ရုပ်ကိုကြည့်။ ခုတင်ပေါ်ကကန်ချခံရလာတဲ့ရုပ်"
"Jaemin ပြောသလိုပဲ။ ကန်ချမခံရရုံပဲရှိတယ်"
သုံးယောက်သား သူ့ကို အထူးအဆန်းလိုဝိုင်းကြည့်သည်။
"နောက်ဆုံးအဆင့်ကို နောက်ဆုတ်လို့ရမလားတဲ့ကွာ"
"ဟား ဟား ဟား ဟား"
ဟိုကောင်တွေအရယ်ရပ်အောင်စောင့်လိုက်သည်။ သူတို့ကလည်းတော်တော်နှင့်မရပ်။
"အဲ့ဒီတော့ တစ်မိုးအောက် Lee Jeno တို့ အလှလေးကို အလှကြည့်နေရတယ်ပေါ့"
Haechan က ပြောပြီးရယ်ပြန်သည်။ ရယ်ပါ။ ရယ်ပါစေပေါ့။ သူ့ဘဝကလည်း တကယ်ပါပဲ။ ကိုကို့လို အလှလေးကို အလှကြည့်နေရသည်ကိုး။ ဒါပေမယ့် အဲ့ဒီလို အလှလေးကို တခြားသူပိုင်သွားမှာ သူစိုးရိမ်သည်။ အဲ့ဒါကြောင့် မေမေတို့ လက်ထပ်ဖို့ပြောတုန်းက လက်ခံခဲ့တာဖြစ်သည်။ ရည်းစားတွေအများကြီးထားဖူးပေမယ့် ကိုကို့ကို တစ်ခါမှ သက်ဆိုင်သူအဖြစ်မတွေးဖူးခဲ့။ မေမေတို့က လက်ထပ်ဖို့ စပြောလာတော့ သူ့ဘေးနားမှာ ကိုကို တစ်ချိန်လုံးရှိခဲ့သည်ကို သတိရသည်။ တကယ်လို့ ကိုကိုသာ တခြားသူကို လက်ထပ်သွားရင်ဆိုတာကို စဉ်းစားကြည့်ဖို့ သတ္တိမရှိတာကြောင့် လက်ထပ်ခဲ့သည်။ ဒါကို အချစ်လို့ သတ်မှတ်ချင်သူတွေအတွက်တော့ အချစ်ပေါ့။ သူကတော့ ကိုကို့ကို ဘယ်သူ့ကိုမှ မပေးနိုင်သည့် သက်ရှိလူသားလေးဟု သတ်မှတ်ထားသည်။
ညက "ကိုကိုတို့ အရင်ချစ်ဖို့ ကြိုးစားကြည့်ရအောင်နော်။ နောက်ဆုံးအဆင့်က နောက်မှပေါ့" ဟု ပြောသည့် ကိုကို့ကို စိတ်ဝင်စားသည်။ ရင်ခုန်ရင် စိတ်လှုပ်ရှားရင် အချစ်လို့ သတ်မှတ်ကြသည့်ခေတ်ထဲမှာ ကိုကိုသည် ဘယ်လို ခံစားချက်မျိုးကို အချစ်လို့ သတ်မှတ်ပါသလဲ။ နဖူးလေးကိုနမ်းနေချိန်မှာ ကိုကို့ရင်ခုန်သံတွေမြန်နေတာကို သူလည်းကြားပါရဲ့။
ဒါပေမယ့် သူ့ကို ငြင်းဆန်ချင်နေသည့် ကိုကို့ကို အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

Love After Marriage Where stories live. Discover now