2

64 12 0
                                    

"မားမားတို့ တိုင်ပင်ပြီးပြီ။ သားတို့နှစ်ယောက်လက်ထပ်ရမယ်"
"ဗျာ"
"မဖြစ်နိုင်ဘူး မားမား"
ကပျာကယာငြင်းမိသည်။ ဘယ်လိုမှမဖြစ်နိုင်တာကြီး။
"ဘာကို မဖြစ်နိုင်ရမှာလဲ။ ခုနကထိတောင် အိပ်ရာထဲမှာ အတူတူရှိနေခဲ့တာကို"
"မဟုတ်သေးဘူးလေ မားမား။ သားတို့က ဘာမှမဖြစ်ခဲ့ဘူး"
မဖြစ်နိုင်ဘူး။ Jeno ကို ဘယ်လိုမှ မယူနိုင်ဘူး။ Jeno ဆိုတာ သူ့အတွက် ညီအရင်းလေးလို သဘောထားခဲ့တဲ့ ကလေး။ မားမားတို့က ဘယ်လိုစိတ်နဲ့ လက်ထပ်ပေးဖို့ စဉ်းစားမိကြတာလဲ။
"Jeno မင်းလည်းပြောပေးဦးလေ။ ကိုကိုတို့ ဘာမှမဖြစ်ခဲ့တာကို"
"ကလေးက ဘယ်လိုလုပ် မင်းကို လွန်ဆန်ရဲမလဲ။ မင်းပြောစေချင်တဲ့အတိုင်းပြောမှာပေါ့"
Jeno လား ။ သူ့ကို ကြောက်နေမှာ။ မားမားက သူ့ကို သက်သက်ကြပ်နေတာ။
"Huang Renjun မင်းက Jeno လေးကို တာဝန်မယူချင်တာလား"
တာဝန်ယူတာ။ ဒီအဆင်နဲ့ ဒီအဆင် ဘယ်သူက ဘယ်သူ့ကိုတာဝန်ယူရမှာလဲလို့ ပါးပါးကို ပြောချင်ပေမယ့် အတွန့်မတက်ရဲ။
"တာဝန်ယူရအောင် ဘာမှ မလုပ်ခဲ့ပါဘူး ပါးပါးရယ်။ အန်တီလေး သားတို့ကို ယုံတယ်မဟုတ်လားဟင်"
သူ့မိဘတွေ သူ့ဘက်မရှိမှတော့ Jeno မေမေ အန်တီလေးကို တပ်ကူခေါ်ရသည်။
"အန်တီလေးတို့က သားတို့ကို ယုံချင်ပေမယ့် အခြေအနေကြီးက မယုံချင်စရာကြီးဖြစ်နေတော့လေ"
သူအံ့ဩသွားရသည်။ အန်တီလေးလည်း သူ့ဘက်မှာ မရှိ။ အဲ့ဒါဆို ဒီကိစ္စက လူကြီးတွေပေါင်းပြီး လုပ်ကြံကြတာပဲဖြစ်ရမည်။
"ကဲ ကဲ Huang Renjun မိဘတွေ မျက်နှာကို အိုးမည်းမသုတ်ချင်ပါနဲ့ကွယ်။ ပါးပါးတို့က မင်းတို့ကို ဆူနေတာမှ မဟုတ်ဘဲ။ မင်းတို့ အချင်းချင်း သဘောကျနေတယ်ဆိုလည်း လက်ခံပါတယ်"
"အန်တီလေးတို့ကလည်း သဘောတူတယ်နော် Renjun လေး။ ဘာမှမစိုးရိမ်နဲ့။ မင်းတို့ကို လက်ထပ်ပေးမယ်"
ဘာမှ မစိုးရိမ်ပါဘူး။ လက်ထပ်ရမှာပဲ စိုးရိမ်တာပါလို့သာ ပြောလိုက်ချင်ပါသည်။ လူကြီးတွေကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ထွက်သွားကြလေရဲ့။

Love After Marriage Where stories live. Discover now