4

62 9 0
                                    

"ကဲ သတို့သားနှစ်ယောက် နမ်းလို့ရပါပြီ"
အခမ်းအနားမှူးအသံကြားတော့ ကိုကို့ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်သွားသည်။ သူက ကိုကို့ပုခုံးတွေကို ဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ဆုံသည်။ ဆံစပ်ကလေးမှာ ချွေးသီးလေး‌တွေတွဲခိုလို့။
"Jeno"
သူပြုံးပြလိုက်ပြီး ကိုကို့နဖူးလေးကို သူ့နှုတ်ခမ်းနဲ့ ဖွဖွလေး ထိကပ်လိုက်သည်။ ကိုကို့မျက်လုံးလေးတွေ ပိတ်ကျသွားတာကို ကြည့်ပြီး သူ့စိတ်ထဲမှာ တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ ဘာမှန်းတော့ မသိပေမယ့် ညင်သာသည့် ခံစားချက်တစ်ခု။
"လာ ကိုကို။ ပရိတ်သတ်ထဲ သွားရအောင်"
ကိုကို့လက်ကို ချိတ်ပြီးခေါ်တော့ အလိုက်သင့်လေးပါလာသည်။ လူတွေကြားထဲလိုက်နှုတ်ဆက်တော့ သူ့လက်မောင်းကို တင်းကြပ်စွာဖက်တွယ်ထားသည်။
"ဒီလိုပုံစံနဲ့ ဘယ်လိုများ စာသင်နေလဲ ကိုကိုရဲ့"
နားနားကပ်ပြောတော့ ကိုကို့မျက်စောင်းလေးဝင့်လာသည်။
"ကျောင်းသားတွေက ကလေးတွေ။ ဒီလူတွေက ငါ့ကျောင်းသားတွေမှမဟုတ်တာ။ မတူဘူး"
"ဪ မတူဘူးဆိုတော့ မတူဘူးပေါ့"
ကိုကိုက အမြဲအဲ့သည်လိုပင်။ လူတွေကြားထဲ သွားရလာရတာ သိပ်မကြိုက်။ လူများတဲ့နေရာဆိုရှောင်သည်။ သူနဲ့အပြင်သွားရင် သူ့လက်ကို အမြဲဆုပ်ကိုင်ထားတတ်သည်။ ဒါကြောင့် လမ်းလျှောက်ရင်း ကိုကိုစိတ်သက်သာအောင် စကားတွေပြောပေးရသည်။
"Renjun Hyung"
Haechan, Jaemin နဲ့ Jisung တို့ ဝိုင်းဆီရောက်လာသည်။ သူ့သူငယ်ချင်းတွေဖြစ်သည်။ ကိုကိုနဲ့လည်းသိသည်။ အထက်တန်းတုန်းက စာမေးပွဲနီးရင် ကိုကိုက သူတို့သူငယ်ချင်းတသိုက်ကို အချိန်ပိုစာပြပေးသည်။
သူတို့က စာမလုပ်ချင်။ ကျူရှင်ပို့တော့လည်းလစ်သည်။ စာမေးပွဲနီးတော့ စာတွေနားမလည်။ အဲ့ဒီတော့ သူတို့မိဘတွေက ယုံကြည်ရသည့် ကိုကို့ကို အပ်သည်။ ကိုကိုက အကိုင်အတွယ်က တကယ်ကောင်းသည်။ သူတို့ကို လူကြီးတွေဆူရင်တောင် သက်သာအောင်ကူပြောပေးသည်။ ပြီးမှ သီးသန့်ဆူသည်။ သူတို့အပြစ်က သိပ်မကြီးရင် သူ့ဘာသာရအောင်ရှင်းသည်။ ထိုက်သင့်သလောက် လွတ်လပ်မှုပေးသည်။ လူကြီးတွေလည်း စိတ်ပူသက်သာသည်။ သူတို့လည်း ပျော်သည်။ ကိုကိုက အလိုလိုက်ပေမယ့် စည်းကမ်းပျက်လောက်သည်ထိမဟုတ်တာကြောင့် လူကြီးတွေက စိတ်ချသည်။
အဲ့ဒီလိုအကြောင်းများကြောင့် ကိုကိုက Haechan တို့နဲ့လည်း ခင်သည်။
"အရင်လို ဆိုးတုန်းပဲဆို"
"ကိုကိုနဲ့ စာမသင်ရခင်တုန်းက လယ်ဗယ်ပါပဲ ဟီးဟီး"
Haechan က ပြန်ဖြေသည်။
"Jeno က ဆိုးချင်ပေမယ့် ကိုကိုနဲ့တွေ့ရင် ခွေးပေါက်လေးဖြစ်သွားတာရယ်"
"တကယ်လို့ ဒီကောင့်ကို ထိန်းမရရင် ကျွန်တော်တို့ဝိုင်းပြီးဆုံးမပေးမယ်"
ဟိုကောင်တွေ တစ်ယောက်တစ်ပေါက် အတို့အထောင်လုပ်လိုက်။ သူက ပြန်ပြောလိုက်နဲ့ စကားဝိုင်းက စိုပြည်ခဲ့သည်။ ကိုကိုလည်း ရယ်မောရင်း စောစောက အနေကြပ်မှုတွေပျောက်သလောက်ဖြစ်သွားကောင်းပါရဲ့။
ကိုကို့အပြုံးတွေက လှသည်။ ကိုကို့ရယ်သံလေးက ချိုသည်။
ကိုကို့အပြုံးလှလှလေးတွေကို ကာကွယ်ပေးချင်ပါသည်။
ကိုကို့ရယ်သံချိုချိုလေးတွေကို ကာကွယ်ပေးချင်ပါသည်။

Love After Marriage Where stories live. Discover now