part(10)🖤🤍

568 59 21
                                    

Pingတစ်ယောက်သူ့နှုတ်ခမ်းသူကိုင်ပြီးထွက်လာတော့

"ping ping....နှုတ်ခမ်းကဘာဖြစ်လာတာလဲ.."

Pingရဲ့နှုတ်ခမ်းကိုNichaနမ်းနေရင်းနဲ့သေး"လေးကိုက်လိုက်တာကြောင့်အနာလေးဖြစ်နေတာPhuwinကမြင်တော့မြင်လိုက်ခြင်းဖြစ်သည်။

"ဘာ...ဘာမှမဖြစ်ပါဘူး..P' ရယ်အိမ်သာထဲကအိမ်မြှောင်ကနှုတ်ခမ်းကိုက်သွားလို့....."

"ပေါက်"ရှာ" အိမ်မြှောင်ကနှုတ်ခမ်းကိုက်ရတယ်လို့ အခုမှကြားဖူးတယ်"

"ဟားဟား....ဟုတ်ပါ့ P'ရယ် ဟားဟား"

"Fourth နော်မရယ်နဲ့!!......."

Fourth ကတော့pingပြောတဲ့စကားကြောင့်ရယ်နေတာ မျက်လုံးပေါက်တောင်မမြင်ရတော့တဲ့အထိပေါ့။phuwinကတော့ Nichaကလဲအိမ်သာကရှေ့ဆင့်နောက်ဆင့်ထွက်လာတာကိုကြည့်ပြီး တစ်ခုခုတော့တစ်ခုခုပဲဟုတွေးမိလေသည်။

"P'...စားပြီးပြီ သွားကြတော့မလား.."

"အမယ် သူများအိမ်မှာစားပြီး ပန်းကန်တောင်ဆေးမပေးတာဘာအကျင့်လဲ ဟိုနှစ်ကောင်"

"ရပါတယ် Phuwin ရယ်.."

"မရနဲ့P'မဟုတ်ရင် ဒီနှစ်ကောင်ကအကျင့်ပျက်တယ် သွားပန်းကန်ကူဆေးပေးခဲ့ကြနှစ်ကောင် ဒါကအိမ်မှာမဟုတ်ဘူးနော်"

"ဟုတ်ကဲ့ပါ P'...."

dunkနဲ့Nanonနှစ်ယောက်သူ့အကိုကြောင့်ပန်းကန်သွားကူဆေး‌ပေးရတော့သည်။

"P'Meen....ကျွန်တော်တို့လဲပန်းကန်ကူဆေးပေးလိုက်ဦးမယ်နော်"

"အေးအေး ‌သေချာဆေးပေးခဲ့နော်.."

"ဟုတ်ကဲ့.."

joongနဲ့Ohmကတော့Nanonတို့နှစ်ယောက်နဲ့အတူတူရှိချင်လို့ ပန်းကန်သွားဆေးကြတော့သည်။

"P' phuwin......"

"ဘာလဲ Fourth Fourth...."

"ကျွန်တော်အပြင်ထွက်ပြီးစောင့်နေမယ်လေနော်..."

"ဘယ်ထပ်လစ်ပြေးဖို့‌စဉ်းစားနေတာလဲ Fourth Fourth....."

"ဘယ်မှမလစ်ပြေးပါဘူး Fourth ဒီထဲကပူလို့ အပြင်ထွက်ချင်လို့.."

"ဒီလောက်အေးနေတဲ့ရာသီဥတုကြီးမှာလေ..."

"P'ရယ် ထွက်ခိုင်းလိုက်ပါ မဟုတ်ရင် သူကမထွက်ရမချင်း နားကိုမီးပူတိုက်နေမှာ..."

Strawberries And Cigarettes Where stories live. Discover now