part(14)🖤🤍

510 49 12
                                    

ညနေစောင်းတော့ dunkတို့နှစ်ယောက်လဲအိမ်ပြန်ဖို့အတွတ်အတန်းထဲကနေပြီးနှစ်ယောက်သားပုခုံးဖက်ပြီးထွက်လာကြတာပေါ့။

"ဟေး.!!!!!!!"

"လန့်တာကွာ...!!"

"အေးလေ ဘယ်လိုဖြစ်လို့အရှေ့ကနေရုတ်တရက်ပေါ်လာရတာလဲ..."

"ဟားဟား..ငါမင်းတို့ကိုစချင်လို့လေ..ဟားဟား.."

"ဒီကောင်နဲ့တော့.!!"

"ဒါနဲ့ဘာကိစ္စရှိလို့လဲ."

"ငါမင်းတို့နဲ့တွေ့ချင်လို့လေ ဘာလို့လဲ..."

"ဟမ်.!!ငါတို့နဲ့တွေ့ချင်လို့ဟုတ်လား.!??"

"ဟုတ်တယ်."

"ခါတိုင်းငါတို့ခေါ်ရင်တောင်မလာတဲ့ကောင်ကအခုမှငါတို့နဲ့တွေ့ချင်လို့တဲ့.."

"အေးလေ ဘာလဲ..ငါ့ညီကိုတွေ့ချင်လို့မလားအခုလာတာကပြော..Max.."

"ဟဲဟဲ..ဟုတ်တယ် ငါping pingနဲ့မတွေ့ရတာကြာနေပြီလေ အဲ့တာကြောင့်ပါ.."

"မင်းမဟုတ်မှငါ့ညီကိုများကြိုက်နေတာလား..."

"အဲ့လိုလဲမဟုတ်ပါဘူး..အခုမင်းတို့အိမ်သွားကြမှာမလား.."

"ဟုတ်တယ်လေဘာဖြစ်လဲ..."

"ငါရောလိုက်ခဲ့မယ် အန်ကယ်ကိုရောတွေ့ချင်လို့.."

"လိုက်ခဲ့လေ.."

"နေဦး..ငါကားပါမလာဘူး မင်းတို့ကားနဲ့လိုက်မှာ.."

"ရတယ် သွားကြစို့.."

"အေး"

အဲ့လိုနဲ့သုံးယောက်သားအိမ်ကိုပြန်ကြတော့သည်။အိမ်ရောက်တော့

"ဟောသားတို့ပြန်လာကြပြီလား.."

"ဟုတ်ပါး.."

"ဆာဝါဒီခပ် ပါး..."

"ဘယ်သူပါလိမ့်...ဪသားMaxပဲ လာလာထိုင်.."

"ဟုတ်ကဲ့.."

"သားMaxကဘယ်လိုလုပ်ရောက်ချလာတာလဲ..."

"ကျွန်တော် ping ping နဲ့မတွေ့ရတာလဲကြာပြီပါးကိုလဲနေကောင်းရဲ့လားမေးချင်လို့လေ..."

"ပါးကတော့နေကောင်းပါတယ်ကွယ် သားငယ်လေးကတော့သူ့အခန်းထဲမှာရှိတယ် သားdunkခေါ်ပေးလိုက်ပါဦးကွယ်.."

Strawberries And Cigarettes Where stories live. Discover now