part(25)🖤🤍

554 38 18
                                    

မနက်ခင်းPhuwinတစ်တော့နှိုးလာတော့ ဘေးမှာpondတစ်ယောက်ရှိမနေတော့သူ့နေရာကဆိုအေးစက်နေလေသည်။phuwinလဲညကအဖြစ်အပျက်တွေအကုန်လုံးကိုမျက်လုံးထဲကထုပ်မရဖြစ်နေပေမယ့်လဲ အိမ်ပြန်ရဦးမယ်ဆိုပြီး ကုန်းရုန်းထအင်ကျိအဝတ်အစားတွေယူပြီးအိမ်သာ‌ပြန်တော့သည်။

Aunchananum အိမ်တော်မှတော့

"မောနင်းပါ ပါး...."

"မောနင်းပါကွယ်..ညကအိပ်ရတာအဆင်ပြေရဲ့လားသမီးFreen......"

"ဟုတ်အဆင်ပြေပါတယ်..."

"Freenက‌ေတာ့အဆင်ပြေမှာပေါ့ Becမှာတော့လေသူ့ခန္ဓာကိုယ်အလေးကြီးကို တစ်ယောက်ထဲအပေါ်ကိုတွဲပြီးတက်ရတာ တကယ်ပဲ.....ညကအရက်တွေသောက်လိုက်တာလဲပြောမနေနဲ့ ကြွက်တွင်းကြလို့..."

"ဟီး...."

"ရယ်ပြမနေနဲ့.!!!!! "

"ဟောသားphuwin..!!! ညကပြန်မလာဘူးနော်.. Khajornborirak အိမ်မှာအိပ်တာလား..."

"ဟုတ်...ဟုတ်ကဲ့ပါး...."

"သားမျက်နှာကိုကြည့်ရတာတစ်ခုခုဖြစ်လာသလိုပဲ..."

"သားဘာမှမဖြစ်ပါဘူးပါးရယ် ညကပင်ပန်းထားလို့ပါ.."

"သားpondကရော..."

"သူ...သားကိုအိမ်ရှေ့ချပြီး သူ့အလုပ်ကိစ္စရှိသေးလို့သွားပြီပါး....."

တကယ်တော့phuwinတက္ကဆီနဲ့ပြန်လာတာပါ။သူ့ပါးကိုမလိမ်ချင်ပဲလိမ်လိုက်ရသည်။

"ဪ....ဒါဆိုမနက်စာလာစားလေ.."

"မစားချင်သေးဘူးပါး သားသွားအိပ်လိုက်ဦးမယ် ညကအရှိန်ကြောင့် ခေါင်းကိုက်နေသေးလို့..."

"အေးပါကွယ် အဲ့တာဆိုလဲ ပါးကော်ဖီဖျော်ပြီးပြီးရင်လာပို့ခိုင်းလိုက်မယ်နော်..."

"ဟုတ်...."

Phuwin ပြောပြီးတာနဲ့အပေါ်ကိုတက်သွားတော့သည်။Phuwinအခန်းထဲရောက်တော့ကုတင်ပေါ်ပြစ်လဲချလိုက်ပြီးညကအကြောင်းတွေကိုပဲတွေးပြီးစိတ်ထဲတစ်ခုခုကိုအလိုမကျသလိုဖြစ်နေလေသည်။ဘာကိုဖြစ်လို့ဖြစ်နေမှန်းလဲphuwinသူ့ကိုယ်သူမသိပါ။

Khajornborirak အိမ်တော်မှာတော့

"ဟောနှိုးလာကြပြီပဲလာလာထိုင်ကြ.."

Strawberries And Cigarettes Where stories live. Discover now