Part-1

274 17 0
                                    

ရှောင်းကျန့်ကြားနေကျစကားတစ်ခွန်းရှိတယ်။ ရှောင်းကျန့်တို့အထက်တန်းတုန်းကပေါ့။ 'အထက်တန်းမှာပဲစာကြိုးစားရတာ တက္ကသိုလ်ရောက်ရင်ဘာမှမလုပ်ရဘူး'တဲ့။ ဒါပေမယ့်ရှောင်းကျန့်အတွက်တော့တက္ကသိုလ်မှာလည်းစာလုပ်ရတာပါပဲ။ ဆေးဖက်ဆိုင်ရာအခေါ်အဝေါ်တွေတသီကြီးကိုဦးနှောက်ထဲမှာစွဲနေဖို့၊အဆင့်တွေမကျဖို့ ပန်ဒါမျက်ကွင်းဖြစ်အောင်စာကျက်ခဲ့ရတယ်။ အဲ့တော့ဒီစကားဟာမမှန်ဘူးဆိုတာရှောင်းကျန့်နားလည်သွားတယ်။

'တက္ကသိုလ်မှာပဲစာတွေလုပ်ရတော့တာ လုပ်ငန်းခွင်ဝင်ရင်ဘာစာမှလုပ်စရာမရှိတော့ဘူး ပေါ့ပေါ့ပါးပါးပဲ'

ဒါကတော့တက္ကသိုလ်မှာကြားရလေ့ရှိတဲ့စကားတစ်ခွန်း။ အထူးသဖြင့်တော့ပါမောက္ခတွေရဲ့လက်သုံးစကားပေါ့။ ရှောင်းကျန့်ကအဲ့ဒီစကားကိုမျက်စိစုံမှိတ်ယုံပြီးတက္ကသိုလ်မှာလည်းစာကြိုးစားခဲ့တာပဲ။ အထူးသဖြင့်ပါးပါးနဲ့မားမားရဲ့ဆရာဝန်ဖြစ်စေချင်တဲ့စိတ်ကိုလည်းအလေးထားလို့ပေါ့။လုပ်ငန်းခွင်ဝင်တဲ့အခါဂျူတီကုတ်ကလေးတလွင့်လွင့်နဲ့လန်းဆန်းတက်ကြွနေမယ့်ကိုယ့်ပုံရိပ်ကိုမြင်ယောင်ကြည့်ပြီးကြည်နူးပီတိတွေတောင်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့်ဟုတ်လားဆိုတော့မဟုတ်ပါဘူး။ ရှောင်းကျန့်ရဲ့အလုပ်သင်ကာလမှာရော၊တကယ့်ဆရာဝန်အဖြစ်အလုပ်ဝင်တဲ့ကာလမှာရောပေါ့ပေါ့ပါးပါးဆိုတာမရှိခဲ့ဘူး။ မျက်ကွင်းတွေညိုသထက်ညိုလာအောင်အလုပ်လုပ်ရတယ်။ တစ်ခါတစ်လေလူနာတွေအရမ်းများနေရင်အစာစားချိန်ပါမမှန်တော့ဘူး။ တစ်နေ့ကိုထမင်းတစ်နပ်ပဲစားရတာလည်းရှိတယ်။ မအိပ်ရတဲ့ရက်တွေလည်းရှိသလို ခုံပေါ်လက်ထောက်ပြီးခဏလောက်ပဲ အိပ်ရတဲ့နေ့တွေလည်းရှိခဲ့ဖူးတယ်။ အဲ့ဒီအခါမှနားလည်လာတာကအရွယ်ရောက်လာတာနဲ့အမျှဖိအားတွေအပြည့်ပါပဲဆိုတာကိုပေါ့။

"ဒေါက်တာရှောင်းကျန့် ဆေးရုံအုပ်ခေါ်နေတယ်"

သူနာပြုဆရာမလေးရဲ့စကားကြောင့် စားလက်စခေါက်ဆွဲတောင်နင်မလိုဖြစ်သွားတယ်။ အခုတလောရှောင်းကျန့်ဆေးရုံမှာအချိန်ပြည့်ဆင်းပေးနေတာ။ နောက်လထဲကျပါးပါးနဲ့မားမားရှိတဲ့နယ်ကိုပြန်ဖို့ခွင့်တင်ရပါဦးမယ်။ ညနေ4:00ရှိပြီဆိုပေမယ့်နေ့လည်စာတောင်မစားရသေးတဲ့ရှောင်းကျန့်အစာအိမ်ကဗလာသက်သက်။ စားလက်စခေါက်ဆွဲဘူးလေးကိုကိုင်ပြီးအပြင်ထွက်လာလိုက်တယ်။ လမ်းလျှောက်ရင်းနည်းနည်းတော့စားသွားလို့ရတယ်လေ။

Dilemma Tahanan ng mga kuwento. Tumuklas ngayon