Part-3

84 6 0
                                    

"အား! ဝမ်ရိပေါ်ကချောလိုက်တာ"

ရှောင်းကျန့်ကြည့်ပေးနေတဲ့လူနာကုတင်ရဲ့ဘေးကုတင်ကကောင်မလေးကဖုန်းscreenကိုကြည့်ရင်းပြောနေတယ်။ ရှောင်းကျန့်ကတော့မတော်တဆကြားမိပြီးမှမျက်ခုံးနှစ်ဖက်ကိုကျုံ့မိသွားတယ်။ ဟိုနေရာသွားလည်းဒီလူ၊ ဒီနေရာသွားလည်းဒီလူ။ ဝမ်ရိပေါ်နာမည်ကတော့မကြားချင်မှအဆုံး။ အရင်ကအဲ့လောက်မကြားဖူးပါဘူး။ အဲ့တာမို့လည်းသူမသိတာပေါ့။ အခုများတော့မသိရင်ရှောင်းကျန့်ကပဲဒီလူ့နာမည်ကြားရာအရပ်ကိုမျက်နှာမူထားမိသလိုလိုပါပဲ။ ခဏခဏကြားနေရတယ်။

"ဟုတ်သားပဲ ဒီနေ့အဲ့ဒီလူလာမှာ"

ကော်ရစ်တာကနေလျှောက်ရင်းရှောင်းကျန့်ခပ်တိုးတိုးပြောမိတယ်။ ဒီနေ့ကcheck upလုပ်မယ့်နေ့ပြန်ရောက်လာပြီ။ တစ်လကိုနှစ်ကြိမ်ဆိုတော့ဒါကဒုတိယမြောက်check upလုပ်တာပဲ။ နောက်လဆိုဆရာဝန်ကြီးလည်းခွင့်ပြည့်လို့ပြန်လာတော့မယ်။ ရှောင်းကျန့်လည်းခွင့်နဲ့နယ်ကိုခဏပြန်ဦးမယ်။ နယ်မှာမိသားစုရိုးရာကန်တော့ပွဲရှိတယ်။ အဲ့တော့နောက်လရဲ့check upလုပ်ချိန်ဆိုရှောင်းကျန့်မဟုတ်တော့ဘူး။ အဲ့ရက်တွေရှောင်းကျန့်ကနယ်မြို့ကလေးဆီရောက်နေပြီ။ အဲ့တာကိုလည်းဒီနေ့တစ်ခါတည်းပြောပြဦးမှပါ။ မဟုတ်ရင်ပြသနာရှာနေဦးမယ် အဲ့ဒီလူက။

"ဒေါက်တာရှောင်းကျန့် check upလုပ်ရမယ့်လူနာရောက်ပြီတဲ့"

လာခေါ်တဲ့သူနာပြုဆရာမလေးကိုခေါင်းတစ်ချက်ညိမ့်ပြလိုက်တယ်။

"ဟုတ်ပြီ ကျွန်တော်လာမယ်နော်"

ရှောင်းကျန့်ကိုခေါင်းညိမ့်အရိုအသေပေးပြီးသူနာပြုဆရာမလေးကထွက်သွားတယ်။ check upလုပ်ရမယ့်လူနာရောက်ပြီဆိုတော့အဲ့ဒီလူလည်းပါလာပြီပေါ့။ ဒီနေ့ရောရှောင်းကျန့်ကိုအချိုးပြေပြေပြေဆက်ဆံပါ့မလား။ ဘယ်လိုပဲဆိုဆိုရှောင်းကျန့်ကတော့ရာထူးတာဝန်နဲ့လျော်ညီအောင်ယဉ်ယဉ်ကျေးကျေးပြုမူရမှာပါပဲ။ မားမားကတော့တစ်ခါတစ်လေပြောတတ်တယ်။ 'အားကျန့်ဟာလေ လူကြီးဖြစ်ချင်ယောင်ဆောင်နေတဲ့ကလေးလိုပဲ'တဲ့။

"သြော် ဒေါက်တာလာပြီလား"

အခန်းထဲကိုရှောင်းကျန့်ဝင်သွားတော့ လူနာကုတင်ပေါ်ကဦးလေးကြီးကပြုံးပြရင်းနှုတ်ဆက်တယ်။ သားဖြစ်သူနဲ့တော့တခြားဆီ။ ဒါနဲ့သားအဖဖြစ်ပြီးအကျင့်စရိုက်ကဘာလို့မတူတာလဲ။ ကိုယ်တော်ချောကတော့အခန်းရဲ့ပြတင်းပေါက်နားမှာရှောင်းကျန့်ကိုကျောပေးပြီးဖုန်းပြောနေလေရဲ့။ ဒီလူကျောပြင်တော်တော်ကျယ်တာပဲ။ နေပါဦး! ရှောင်းကျန့်နဲ့ဘာမှလည်းမဆိုင်ဘူး။ ဘာတွေသွားကြည့်နေတာလဲ။

Dilemma Where stories live. Discover now