Part-2

100 8 0
                                    

"ကျားသားမိုးကြိုး ငါတို့ဌာနကကပ်စေနည်းလေးကျန့်ကျန့်က Dry foodလှူတော့မယ်ပေါ့ ဒီနေ့"

ခေါက်ဆွဲခြောက်နှစ်ဘူးပိုက်ရင်းနားနေခန်းကိုဝင်လာတဲ့သူ့ကိုမြင်တော့ လူနာမှတ်တမ်းစစ်နေတဲ့လျိုကျဲကအံ့သြနေတဲ့ပုံစံနဲ့ပြောတယ်။ လျိုကျဲစကားကြောင့် ရှောင်းကျန့်ကြောင်အမ်းအမ်းနဲ့ကြည့်နေမိရင်းက လျိုကျဲအကြည့်တွေကရှောင်းကျန့်ပွေ့ပိုက်ထားတဲ့ခေါက်ဆွဲခြောက်နှစ်ဘူးဆီမှာမှန်းသိမှ အဓိပ္ပါယ်ကိုနားလည်သလိုရှိသွားတယ်။ ဒီလျိုကျဲဟာလေ ဌာနရဲ့သိမ်းငှက်မျက်လုံးဆိုတဲ့နာမည်နဲ့တကယ်ပဲလိုက်ဖက်နေလွန်းအားကြီးတယ်။ ရှောင်းကျန့်ကဖြင့် လှူမယ်လည်းမပြောမိပါဘဲနဲ့။ ဆေးရုံအုပ်ဆီသွားတုန်းကတောင်ဒါတွေကိုဂျူတီကုတ်အောက်ဝှက်သွားခဲ့ရသေးတာကို။

"ကျွန်တော်ဝယ်လာတာပါ လျိုကျဲရဲ့"

"အေးလေ ဌာနအတွက်မလားလို့"

"မဟုတ်ဘူး နယ်ပြန်ခွင့်ရလာတဲ့ကျွန်တော့်ကိုယ်ကျွန်တော်ဂုဏ်ပြုဖို့"

အပိုင်သေချာနေတဲ့ပုံစံနဲ့မေးလာတဲ့လျိုကျဲကရှောင်းကျန့်အဖြေကြောင့် အင်တင်တင်ဖြစ်သွားတယ်။ ဘေးနားမှာ ဖုန်းသုံးနေတဲ့ချီကောကတော့သူတို့အဖြစ်ကိုကြည့်ရင်းပုခုံးတွေလှုပ်တဲ့အထိရယ်လို့။

"ငါတို့ကျန့်ကျန့်ဟာလေ တကယ်ကပ်စေးကုပ်လေးပဲ ပြောစမ်းပါဦး
ဘယ်အိမ်ကမိန်းမလှလေးကိုတင်တောင်းဖို့စုနေတာလဲ"

ခေါက်ဆွဲနှစ်ဘူးကိုစားပွဲပေါ်မှာတင်လိုက်တဲ့ရှောင်းကျန့်ကို လျိုကျဲကအမှုစစ်တွေတရားခံကိုစစ်သလိုစစ်မေးလာတာမို့ ရှောင်းကျန့်ပြုံးလိုက်တယ်။ ဒီအသက်ဒီအရွယ်ထိရည်းစားမထားဖူးကြောင်းကို လျိုကျဲနဲ့ချီကောလိုဌာနကဆေးဖက်ဆိုင်ရာဝန်ထမ်းတွေကအစ သန့်ရှင်းရေးအဒေါ်ကြီးအဆုံးအကုန်သိကြတယ်။ အဲ့တာလည်း ရှောင်းကျန့်ဒီဌာနကိုပြောင်းလာကာစနေ့ကရှောင်းကျန့်ကိုအတင်းအစ်အောက်မေးလို့ ရှောင်းကျန့်ပြောပြလိုက်တာ။ သူတို့စသိကာစတုန်းကဆို မယုံနိုင်ဘူးဆိုပြီးမျက်လုံးပြူးမျက်ဆန်ပြူးနဲ့အတင်းငြင်းကြသေးတာ။

Dilemma Where stories live. Discover now