Part-5

136 13 0
                                    

ရှောင်းကျန့်တို့ဇာတိမြို့လေးကသိပ်အေးတယ်။ အမြဲတမ်းအနွေးထည်ခပ်ထူထူဝတ်ထားရတာချည်းပဲ။ ရှောင်းကျန့်ကျောင်းသားဘဝတုန်းက ဒီလိုမနက်ခင်းတွေဆိုမီးလင်းဖိုရှေ့မှာကျင်းကော်နဲ့အတူထိုင်နေကျ။ ကြုံရာစာအုပ်တစ်အုပ်ကိုယူဖတ်ရင်းသဘောကျစရာစာကြောင်းတွေ့လာရင် ကျင်းကော်အမွှေးတွေကိုအသာပွတ်သပ်ပြီးရယ်ရင်းပြောနေတတ်တဲ့ရှောင်းကျန့်ကို မားမားကတော့ခေါင်းတစ်ခါခါနဲ့ပေါ့။ တစ်ခါတစ်လေဆိုရင်တော့ 'အားကျန့်ကအရူးလေးရယ်'လို့ပြောတတ်သေးတယ်။

ကျောင်းဖွင့်ရက်တွေမှာ စာကျက်စရာရှိလာတဲ့အခါကျင်းကော်ကရှောင်းကျန့်စာကျက်တာကိုထိုင်စောင့်နေတတ်တယ်။ တစ်ခါတစ်လေဆိုရင်တော့စာကြည့်စားပွဲနားမှာပဲရှောင်းကျန့်ရော၊ကျင်းကော်ပါအိပ်ပျော်သွားတတ်သေးတယ်။ ဒီလိုပဲ ကျောင်းသားဘဝရဲ့အမှတ်တရတွေထဲမှာတော့ကျင်းကော်နဲ့စာအုပ်တွေကအဖော်ပေါ့။ ဒါကြောင့်မို့လည်းရှောင်းကျန့်ကကျင်းကော်ကိုသံယောစဥ်အရမ်းတွယ်မိသွားတာနဲ့တူတယ်။

"အားကျန့်ကိုတိုင်ရဦးမယ်"

မီးလင်းဖိုနားမှာကျင်းကော်နဲ့အတူထိုင်နေတဲ့ရှောင်းကျန့်ကိုကော်ဖီတစ်ခွက်လှမ်းပေးရင်း မားမားကပြောလာတာမို့ရှောင်းကျန့်တစ်ချက်ရယ်လိုက်တယ်။ တိုင်စရာဆိုတည်းက ရှောင်းကျန့်ရဲ့အတုမရှိတဲ့ညီမတော်ရှောင်ကျင်းကော်အကြောင်းပဲပေါ့။ ဟိုးအရင်တည်းက 'ကြောင်အိမ်ထဲကငါးကြော်ကိုကျင်းကော်စားသွားတဲ့အကြောင်း၊ မားမားအဝတ်တွေကိုကျင်းကော်ဖွပြန်ပြီဆိုတဲ့အကြောင်း၊ ပါပါးရဲ့စာအုပ်စင်ကိုကျင်းကော်ဝင်တိုက်တဲ့အကြောင်း'အစရှိသဖြင့်အကြောင်းအရာတွေကို ရှောင်းကျန့်ဆီဖုန်းဆက်တိုင်းတခုတ်တရတိုင်တတ်တဲ့မားမားပါပဲ။ ဒါပေမယ့်လည်းပြောမယ့်သာပြောတာပါ။ ကျင်းကော်များမျက်စိအောက်ကပျောက်သွားရင်မားမားရော၊ပါးပါးပါလမ်းတကာလှည့်ရှာနေကျ။

"ကျင်းကော်ဘာလုပ်ထားပြန်ပြီလဲ မား"

"ဟိုဖက်လမ်းကပိုင်ရှန်းကော်ဆိုတဲ့ဟာလေးနဲ့တော်တော်ခင်နေပြီထင်တယ် သူပျောက်လို့လိုက်ရှာရင်အဲ့ဒီကြောင်လေးနဲ့ချည်းပဲ"

You've reached the end of published parts.

⏰ Last updated: Feb 01 ⏰

Add this story to your Library to get notified about new parts!

Dilemma Where stories live. Discover now