Until the end part (1)🥀

1.4K 41 0
                                    

"ရှောင်း ရှောင်း ကိုယ့်ရှောင်း"
"တောင်းပန်ပါတယ် ရှောင်း"

"ခင်များကိုမုန်းတယ် အရမ်းမုန်းတယ်"
"ခင်များရဲ့လုပ်ရပ်အတွက် တသက်လုံးငိုကြွေးနေလိုက် "

ရုတ်တရက် "ဘုတ်"ဆိုတဲ့အသံနဲ့အတူလူငယ်တယောက်အိမ်တော်ရဲ့၀ရံတာလက်ရန်းကနေပြုတ်ကျသွားခဲ့တယ်

"မဟုတ်ဘူး မဟုတ်ဘူး"
"ရှောင်း ရှောင်းရှောင်း အားး..."

အော်သံနဲ့အတူအိပ်မက်ကနေနိုးထလာရပြန်တယ်တိတ်ဆိတ်နေတဲ့အခန်းကျယ်လေးမှာ အချိန်မှန်မှန် "ဒန့် ဒန့် ဒန့်"ဆိုပီနံရံမှာချိတ်ထားတဲ့နာရီအချက်ပေးသံကလွှဲရင်
ချွေးတီတီ ထွက်နေတဲ့နဖူးစကိုလက်ခုံးနဲ့စမ်းသုတ်ရင်းဘေးကနံရံမှာချိတ်ထားတဲ့နာရီကိုအကြည့်ရောက်သွားတော့ ည၁၂နာရီကိုညွှန်ပြနေတယ်
"ဟူး...." သက်ပြင်းချအသံနဲ့အတူ"အချိန်မှန်ပါပဲ"
တစုံတယောက်ကတိုးညင်းစွာငြီးဆိုမိတယ်
အိပ်မက်ကလန့်နိုးလာပီဆက်အိပ်မနေတော့ဘဲ အခန်းရဲ့အပြင်ဘက်က၀ရံတာမှာရပ်လို့ကောင်းကင်ကိုမော့ကြည့်လိုက်တယ်မိုးတိမ်တွေဖုံးထားတဲ့မှိန်ပြပြအလင်းရောင်သာရှိတဲ့လမင်းကြီးကိုငေးရင်း ချစ်တဲ့သူမျက်နှာကိုပုံဖော်နေခဲ့တယ်မျက်၀န်းမှလဲမျက်ရည်တွေစီးကျလို့နေပြန်တယ်

"တောင်းပန်ပါတယ်...ကိုယ့်ရဲ့ရှောင်း"
အချစ်တဲ့ လူကိုပျော်စေနိုင်တယ် လူကိုစိတ်ဒဏ်ရာပေးနိုင်တယ် ပျော်ရွင်ခြင်း ၀မ်နည်းခြင်း ကြေကွဲခြင်းစသဖြင့်ခံစားချက်မျိုးစုံကိုဖန်းတီးပေးနိုင်တယ် လူမျိုးဘာသာမရွေးဆင်းရဲချမ်းသာမရွေးသက်ကြီးသက်ငယ်မရွေးတူညီတဲ့ခံစားချက်ကိုဖန်းတီးပေးနိုင်တာအချစ်ပါပဲ
ကိုယ့်ဘ၀မှာအချစ်ဆိုတဲ့အရာကမင်းနဲ့မှဖစ်တည်လာတယ် ခံစားတတ်လာတယ် အချစ်ဆိုတာဘယ်လိုမျိုးလဲလိုက်လံမရှာဖွေဖူးဘူးဒါမဲ့မင်းလေးကချွင်းချက်အနေနဲ့ပေါ့ တည်ငြိမ်ပီအေးစက်လွန်းတဲ့ကိုယ့်ရဲ့နှလုံးသားကိုနိုးထစေတာကမင်းလေးတယောက်ထဲပါပဲ နောက်ထပ်ဆိုတာမရှိတော့တဲ့အထိမင်းတယောက်ထဲရဲ့အပိုင်အဖစ်သတ်မှတ်ထားခဲ့တယ် ဒါမဲ့အချစ်ကဆန်းကြယ်တယ် ချစ်မိပီဆိုတော့လဲအတကြီးမိပြန်တယ် ပိုင်ဆိုင်ချင်တယ် အနားမှာရှိစေချင်တယ်လူတွေမမြင်နိုင်တဲ့‌ေနရာမှာသော့ခပ်ထားချင်တယ် ကိုမှားခဲ့ပါတယ် မင်းလေးနိုင်ပါတယ်ကွာနောက်ဆုံးချိန်ထိတောင်ကိုယ်ကိုချစ်တယ်လို့မင်းလေးပါးစပ်ကကိုမကြားလိုက်ရဘူး မင်းမရှိတဲ့ဒီလောကကြီးမှာကိုယ်လဲ့အသက်ရှင်နေဖို့မလိုတော့ဘူး လိုက်လာမှာမလို့စောင့်နေပေးပါနော် နောင်ဘ၀ဆိုတာရှိရင် မင်းလေးအချစ်ကိုကိုယ်ရအောင်ကြိုးစားမှာပါ။
တိတ်ဆိတ်နေတဲ့ညအခါမှာတယောက်ထဲညတိုင်းလိုလိုကောင်းကင်ကြီးကိုရင်ဖွင့်စကားပြောနေတာ ထိုသူကဘယ်သူဖစ်မလဲ
သေချာတာပေါ့ ငွေကြေးလား ရုပ်ရည်လား အရည်ချင်းလားပြောရက်စရာမရှိအောင် ပြည်စုံလွန်းတဲ့သူက ဒီမြို့ရဲ့ မြို့အုပ်မင်း၀မ်ရိပေါ်ပါပဲ။
ဒါဆို မြို့အုပ်မင်း၀မ်ရိပေါ်ကဘာလို့ခုလိုတွေဖစ်နေရတာလဲ??

နောက်ကြောင်းပြန်ကြည့်ကြရအောင်...#

#ချစ်တို့ရေ ပထမဆုံးရေးတဲ့ficမို့အမှားပါရင်နားလည်ပေးပါ အကောင်းဆုံးဖစ်အောင်ကြိုးစားမှာမို့ဝေဖန်အကြံပြုပေးပါအုံးနော်အရေးအသားညံ့ရင်လဲသည်းခံပေးပါလို့ပြောချင်ပါတယ်ရှင့် အားလုံးကိုချစ်တယ်❣️


Until the end🥀(Complete)Where stories live. Discover now