Until the end part (3)🥀

494 33 0
                                    


*၀မ်အိမ်တော်တွင်*
တနည်းအားဖြင့် ဒီမြို့ကိုအုပ်ချုပ်နေတဲ့မြို့အုပ်မင်း၀မ်ရိပေါ်အိမ်တော်မှာပေါ့ အိမ်တော်လို့သုံးနှုန်းရလောက်အောင် ကြီးကျယ်ခမ်းနားလှပါပေတယ်
ခြံ၀န်းကလဲကျယ်သလို နှစ်ထပ်တိုက်အိမ်မှာဆိုလဲ မြို့အုပ်း၀မ်ရိပေါ်အိမ်လိုဘယ်သူမှလိုက်မဆောက်နိုင်လောက်အောင်ဒီမြို့ထဲကအချမ်းသားဆုံးပေါ့ သုံးထားပရိဘောဂ မှန်သမျှကလဲကျွန်းသစ်အကုန်လုံးဆိုတော့ ပြောရက်စရာမရှိလောက်အောင်ပါပဲ မြင်သူတိုင်းနေချင်စရာပါသို့ပေမဲ့ အဲဒါတွေကိုဆန့်ကျင်ဘက်အနေနဲ့ကြည့်ခြင်းဖြင့် အိမ်တော်က ခြောက်ကပ်ကပ်ဖစ်နေပြန်တယ် အကြောင်းမှာ  အသက်၃၂နှစ်အရွယ်လူငယ်အရွယ်သာရှိတဲ့ မြို့အုပ်၀မ်ရိပေါ်နဲ့ သူရဲ့လက်ထောက်ယန်ယန်နဲ့အိမ်တော်ထိန်းဦးလေးကျောက်ကလွဲရင် ဘယ်သူမှမရှိကြဘူး အကြောင်းမှာအနေအေးတဲ့သခင်ကြီးကရှုပ်ရှုပ်ယှက်ယှက်မကြိုက်လို့ပါပင်။

ဒီမြို့ကိုပြောင်းလဲပီကတည်းက အပြင်ထွက်ပီမြို့ထဲလွတ်လွတ်လပ်လပ်လျှောက်ပတ်မကြည့်ဖူးရသေးလို့ ရုံးပိတ်ရက်မို့အပြင်သွားမယ်လို့ဆုံးဖြတ်ထားတာမို့ဒီနေ့မှာအစောကြီးနိုးနေပါသော သခင်ကြီး၀မ်ရိပေါ်ပါလေ။

"ယန်ယန်.."
"ဗျာ..သခင်ကြီး"
"ကားအဆင်သင့်ဖစ်ပီလား"
"ဟုတ်ကဲ့ သခင်ကြီး"
"သခင်ကြီး မနက်စားစားသွားပါအုံးမလားပြင်ထားပီပါပီခင်မျ"အိမ်တော်ထိန်းကပြောတေ
"နေ နေ မစားတော့ဘူး နေမြင့်သွားရင် နေပူတယ် ခုပဲသွားမယ်"
"အာ.ဟုတ်ကဲ့"
အိမ်ရှေ့မှာအဆင်သင့်ထွက်စောင့်နေတဲ့ယန်ယန်က သူသခင်ကြီးအတွက်ကားနောက်ခန်းတခါးဖွင့်ပေးပီးသူကမောင်းသူနေရာထိုင်ပီမောင်းထွက်သွားတယ်။
မြို့ထဲလမ်းမထက်မှာ နောက်ဆုံးပေါ်ကားစီးနိုင်တာဆိုလို့လက်ချိုးရည်လို့ရနေတာမလို့ ဖြတ်သွားဖြတ်လာလူအများရဲ့စိတ်၀င်စားချင်းကိုခံရတာမဆန်းဘူး။ကားထဲက သခင်ကြီးလို့ခေါ်ခံရတဲ့လူငယ်၀မ်ရိပေါ်မှာတော့ မြို့ထဲကအခြေနေဘယ်လိုနေရာမှာ ဘာတွေရှိလဲဆိုတာဟိုဘက်ဒီဘက်ငေးကြည့်ရင်းတနေရာအရောက်မှာကားကိုရပ်စေခဲ့တယ်။ယန်ယန်လဲကားရပ်ပီ တနေရာကိုပဲ စိတ်၀င်တစားထိုင်ကြည့်နေတဲ့သူ့သခင်ကြီးကဘာတွေများစိတ်၀င်စား‌ကြည့်နေလဲဆိုပီသူလဲလိုက်ကြည့်မိတယ် တွေ့လိုက်ပါပီ လမ်းဘေးမှာဖွင့်ထားတဲ့ဆန်ခေါက်ဆွဲဆိုင်လေးတဆိုင်ပေါ့ တစက်ထဲမှာယန်ယန်တွေးမိတာ သူ့သခင်ကြီးကဆန်ခေါက်ဆွဲစားချင်တာလားပေါ့။

Until the end🥀(Complete)Where stories live. Discover now