Until the end part (5)🥀

416 24 1
                                    

    ရှောင်းကျန့်တယောက်ရဲ့အချစ်ရဲ့အရိပ်မြုံကနေထွက်လာပီ ခုတော့ဖြင့်၀မ်အိမ်တော်သို့ရောက်လာခဲ့ပီ မရှိမဲ့ရှိမဲ့အ၀တ်စားထုတ်ကိုလက်ကဆွဲရင်း ကျယ်၀န်းလှတဲ့ခြံတခုမှာနှစ်ထပ်တိုက်အိမ်အပြင် ကျန်တာကအကုန်ရှင်းလင်းနေခဲ့သည် ပန်းပင်ဆိုသည်မှာတပင်မှတောင်ရှိမနေပါ နွေရာသီဆိုတဲ့အတိုင်းအနည်းငယ်ဖုန်ထနေတဲ့ခြံရဲ့ကွင်းပြင်ဟာ ရေဖြန်းသည့်ပုံပင်မြေသင်းရနံ့လေးကြောင့်စိတ်ကိုလန်းဆန်းစေတာအမှန်ပါ ရောက်နေတဲ့အရပ်ကိုအကဲခတ်ရင်း ယန်ယန်နဲ့အတူ၀င်လာလိုက်သည်။အိမ်ထဲ၀င်၀င်ခြင်းမှာရှောင်းကျန့်တယောက်အံဩရပြန်တယ် လျော‌ေ‌နတဲ့ကျွန်းသစ်သားကြမ်းပြင်ကြောင့်ကိုယ့်အနည်းယိုင်သွားတော့ ဟန်မပျက်ပြန်ထိန်းရင်းဧည့်ခန်းကိုလျှောက်လာမိတယ် ကျွန်းသစ်ထိုင်ခုံရဲ့အလည်မှာသစ်သားနဲ့ထုဆစ်ထားတဲ့ခြသ်ေရုပ်ကမြင်တာနဲ့တန်းသိပါတယ်ဘယ်လောက်တန်ဖိုးကြီးမှန်း နံရံမှာဆိုလဲရှေးကျတဲ့ပန်ချီးကားတချက်ရယ်နံရံကပ်နာရီတလုံးရယ်ပဲရှိတယ်။အိမ်အပေါ်ထပ်လှေကားဘေးမှာတန်ဖိုး‌ကြီးကြွေပန်းအိုးအကြီးကြီးထဲမှာပန်းထိုးထည့်ခြင်းမရှိပဲဒီတိုင်းအလှထားခြင်းဖစ်ပုံရတယ်ထင်ပါတယ်။ထိုစဉ်
"အကိုလေး ဒီမှာခနထိုင်ပါအုံးဗျ သခင်ကြီးရောက်လာတော့မှာပါ"ယန်ယန်ကပြောလိုက်သည်‌ထိုချိန်မှာ*ဒန်...ဒန်...ဒန်*နံရံပေါ်နာရီလက်တံညနေ၅နာရီအချိန်ကိုညွှန်ပြရင်းအချက်ပေးအသံနဲ့အတူမြည်းလာခဲ့တယ်။ရှောင်းကျန့်တယောက်အကိုလေးလို့အခေါ်ခံရသည်မှာနည်းနည်းတော့ဘဘောမကျမိပါ ဒါပေမဲ့မမေးဖစ်လိုက်ပါဘူး။ယန်ယန်လဲထိုသို့ပြောပြီထွက်သွားတယ်ထိုနေရာမှာသူတယောက်ထဲကျန်ခဲ့သည်‌။အပ်ကျသံ‌ေတာင်မကြား‌ေလာက်သည်ထိတိတ်ဆိတ်နေတဲ့အိမ်တော်မှာတယောက်ထဲထိုင်‌နေရတာနည်းနည်းတော့ရူးကြောင်ကြောင်နိုင်တယ်မလား ။အတွေးများနေစဉ်အိမ်ရှေ့မှကားသံကားတော့သေချာတယ်သခင်ကြီးဆိုသူကအိမ်ရောက်ပီထင်ပါတယ်။ရှောင်းကျန့်လဲလက်ဆွဲအထုတ်လေးကိုဘေးမှာချပီလက်နှစ်ချောင်းအရှေ့မှာယှက်လိုက်ပီခေါင်းငုံရပ်နေမိသည်သခင်ကြီးဆိုသူကသူ့ကိုမြင်သည်သည့်အလားဧည့်ခန်းကိုသာလျှောက်လာရင်းသူရှေ့ကထိုင်ခုံမှာထိုင်လိုက်သည်။
"ထိုင်ပါအုံး"ဩရှရှအသံကအာဏာပါဝါဘယ်လောက်ရှိကြောင်းကိုထောက်ပံ့ပေးနေသည့်အလားအရှိန်အဝါကကြီးတယ်ဆိုတာသူများပြောတာကြားဖူးပေမဲ့ခုလက်ရှိကသူရှေ့မှာပေါ့။
"ဟုတ်ကဲ့"
"နာမည် ဘယ်လိုခေါ်လဲ"၀မ်ရိပေါ်တယောက်သိနေပေမဲ့မေးလိုက်ခြင်းပင်
"ဟို...ရှောင်းကျန့်ပါခင်မျ"
"ကိုကတော့..ရှောင်းလို့ပဲခေါ်မယ် အဆင်ပြေတယ်မလား"
"ဟုတ်....ဟုတ်ကဲ့ သခင်ကြီအဆင်ပြေသလိုခေါ်ပါ"ရှောင်းကျန့်စီကသခင်ကြီးဆိုတဲ့နာမ်စားကြားလိုက်မိချိန်မျက်ခုံတွန့်ချိုမိသွားတဲ့သူမှာ၀မ်ရိပေါ်ပါ ဟန်ချက်ကိုပြန်ပြင်ရင်း
"ဒါနဲ့အသက်ဘယ်လောက်ရှိလဲ"၀မ်ရိပေါ်ကထိုသို့မေးတော့
"အသက်၂၀ပြည့်ပီပါပီ"ပြန်ဖြေရင်းခုထိခေါင်းငုံနေပါသောရှောင်းကျန့်ကြောင့်အလိုမကျဖစ်မိတာကလဲ၀မ်ရိပေါ်ပါပင်
"ဘာအလုပ်လုပ်ရမလဲဆိုတာကိုအိမ်တော်ထိန်းကပြောပြလိမ့်မယ်"ထိုသို့ပြောပြီ
"ဦးလေးကျောက်ရေ"၀မ်ရိပေါ်ကလှမ်းခေါ်တော့မီးဖိုခန်းထဲကမန်းကတန်းထွက်လာခဲ့တယ်။
"မနေ့ကအခန်းပြင်ခိုင်းတယ်မလားလိုက်ပြပေးလိုက်လိုအပ်တာ၀ယ်ဖြည့်ပေးလိုက်ပီတော့လုပ်ရမဲ့အလုပ်ကိုလဲသေချာပြောပြထာယလိုက်ပါ"ထိုသို့ပြောပီ အပေါ်ထပ်တက်သွားလေသည်။ထိုနေရာမှာကျန်ခဲ့တဲ့သူနဲ့ဦးလေးကျောက်ဆိုသူသာ ထိုလူကလဲသူကိုပြုံးပြရင်း
"အကိုလေးနေဖို့ဦးလေးအခန်းလိုက်ပြပေးမယ် အနောက်ကလိုက်ခဲ့နော်"ထိုသို့ပြောပြီသူအထုတ်ကိုဆွဲယူသွားတော့ရှောင်းကျန့်လဲအမြန်ပင်တားလိုက်မိတယ်
"နေပါစေဗျ ကျွန်တော်ဘာသာဆွဲပါ့မယ်"ထိုသို့ပြောပီ
"အကိုလေး နောက်ကပဲလိုက်ခဲ့ပါ"ထိုမျှသာပြောပီရှေ့ကနေထွက်သွားပီအိမ်အပေါ်ထပ်ကိုတက်လာလိုက်သည်ရှောင်းကျန့်လဲယောင်လည်လည်နဲ့အပေါ်ထပ်လိုက်တက်မိတယ်အခန်းတခုရှေ့ရောက်တော့တံခါးဖွင့်ပီအရင်၀င်သွားသူဦးလေးကျောက်မှာသူအ၀တ်စားထုတ်ကိုဗီဒိုထဲထည့်ဖို့အလုပ်မှာရှောင်းကျန့်တယောက်အမြန်ပင်တားလိုက်မိသည်။
"နေပါစေဗျ ကျွန်တော်ဘာသာလုပ်ပါ့မယ်ဒါနဲ့ဦး‌ေလးအလုပ်သမားနေရမယ့်အခန်းက ဒီလောက်တောင်ကြီးကျယ်တာလားဟင်"ရှောင်းကျန့်တယောက်အခန်းပတ်ပတ်လည်လည်ကိုကြည့်မေးခွန်းထုတ်နေမိသည်။သူမေးတာကိုပြန်မဖြေပဲတုတ်တုတ်မျှမလှုပ်ရနေတဲ့ဦးလေးကအပြုံးတခုနဲ့သာ ပီတော့သူလုပ်ရမယ့်အလုပ်ကိုပြောပြပီအခန်းထဲကထွက်သွားခဲ့သည်။ရှောင်းကျန့်တယောက်‌ေရချိုးခန်းအိမ်သာအခန်းပတ်ပတ်လည်လည်ကိုလိုက်ကြည့်ရင်းပါလာတဲ့အ၀တ်စားကိုထုတ်ပီဗီဒိုထဲထည့်လိုက်သည်။ထို့နောက် ကြီးမားလှတဲ့ကျွန်းသစ်ကုတင်ပေါ်ကအိစက်နေတဲ့မွေ့ယာခင်းအပေါ်လှဲချရင်းတွေးနေမိသည်။သူ့တသက်မှာတခါမှမမြင်ဖူးဘူးမအိပ်ဖူးဘူး တအိမ်လုံးကိုတောင်မပြောနဲ့အခုဒီအခန်းထဲကပစည်းတွေကသူတသက်ရှာရင်တောင်မရနိုင်ဘူးမလား ထိုစဉ်လက်ကောက်၀တ်ကလက်ပတ်ကလေးကိုထိကိုင်ရင်းမျက်ရည်ကျမိပြန်တယ်သူကခုသူများအိမ်မှာအလုပ်လုပ်လာလုပ်ရတာ နေစရာကောင်းကောင်းနဲ့နေရပေမဲ့ချစ်တဲ့သူက ကမ်းမမြင်တဲ့ပင်လယ်ပြင်ကြီးမှာတွေးရင်းငိုမိပြန်တယ်။
  ည၇နာရီထိုးပီမလို့ရှောင်းကျန့်တယောက်မီးဖိုချောင်းမှာကျိုထားတဲ့နွားနို့ကရပီမလို့ ဖန်ခွက်ထဲထည့်ပီဘန်းသေးသေးတခုထဲထည့်ရင်း အပေါ်ထပ်သို့တက်လာလိုက်သည်ဦးတည်လာတာက စာကြည့်ခန်းပေါ့။
"ဒေါက်..ဒေါက်..ဒေါက်"တံခါးခေါက်ပီ
"သခင်ကြီးအတွက်နွားနို့လာပို့တာပါ"ရှောင်းကျန့်ကပြောပီ
"၀င်ခဲ့ပါ"၀မ်ရိပေါ်ကထိုသို့ပြောပီရှောင်းကျန့်လဲအခန်းထဲ၀င်လာရင်းနွားနို့ဘန်းကိုစာပွဲပေါ်ချပေးပီပြန်ထွက်မယ်အလုပ်
"ရှောင်း"၀မ်ရိပေါ်ကခေါ်လိုက်တော့ပြန်လှည့်ကြည့်လာတဲ့ရှောင်းကျန့်ကခုထိခေါင်းငုံ့ထားတုန်းပဲ
"အဆင်မပြေတာရှိသလား လိုအပ်တာရှိရင်ကိုယ့်ကိုပြောလို့ရပါတယ်"၀မ်ရိပေါ်ထိုသို့ပြောလိုက်တော့အံဩရသူကရှောင်းကျန့်ပါပင်။ဘယ်အလုပ်ရှင်ကအလုပ်သမားအပေါ်ဒီလိုဆက်ဆံဖူးလို့လဲ?တွေးရင်း
"ဟုတ်ကဲ့...အကုန်အဆင်ပြေပါတယ်ဘာမှမလိုပါဘူးခင်မျ"ရှောင်းကျန့်စီကတုန့်ပြန်သံကြားရင်းပြုံးနေမိသည်။
"မိုးချုပ်နေပီဆိုတော့ရှောင်းနားတော့လေ လုပ်ရမယ့်အလုပ်ကအိမ်တော်ထိန်းကပြောပြထားတယ်မလား"
"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး"ရှောင်းကျန့်လဲပြောပီမိမိအခန်းရှိရာဘေးအခန်းသို့၀င်လာလိုက်သည်။ယုန်လူသားလေးကခုဆိုသူရဲ့အရိပ်အောက်မှာရှိနေပီ သူခုဆက်ဆံနေပုံကအလုပ်သမားတယောက်အနေနဲ့မဟုတ်ပဲအိမ်သူတယောက်အနေနဲ့ဆက်ဆံနေတာကိုယုန်လူသားလေးကမသိရှာဘူး လက်လွှတ်ဖို့မဖစ်နိုင်တော့ဘူး ရုန်းထွက်ဖို့လဲမစင်းစားတော့ဘူး ပိုင်ဆိုင်ရဖို့ဘာမဆိုလုပ်မှာမို့ထွက်မပြေးဖို့ပဲဆုတောင်းမိတယ် အတ်တကြီးတာပဲဆိုဆို ထို့သိုတွေးရင်းတခါမှကုန်အောင်မသောက်တဲ့နွားနို့ကလဲကုန်လို့သွားမှန်းမသိကုန်သွားခဲ့သည်။
**************
ရှောင်းကျန့်တယောက်မနက်အစောကြီးထပီမီးဖိုချောင်မှာမနက်စာပြင်ဆင်နေသည်။အဆင်သင့်ဖစ်ပီဆိုမှရေချိုးဖို့အပေါ်ထပ်ကသူ့အခန်းကို၀င်သွားလိုက်သည်။သူကတော့ပုံမှန်ပါပဲအ၀တ်စားကအကောင်းစားမဟုတ်ပေမဲ့အသန့်ကြိုက်တဲ့သူအတွက်ကတော့သပ်ရပ်မှုရှိတယ်ပြောရမယ်။သူလဲပြင်ဆင်ပီတော့ သခင်ကြီးရဲ့ဝေယျ၀စ်စလုပ်ရမှန်သမျှလုပ်ပေးရမယ်တဲ့ဦးလေးကျောက်ကပြောထားတော့ ခုသူရောက်နေတာကသခင်ကြီးအခန်းရှေ့မှာ ရှောင်းကျန့်တယောက်အသက်ကိုခပ်ပြင်းပြင်းတခါရှုထုတ်ပီတံခါးခေါက်လိုက်သည်။ပထမဆုံးအလုပ်ဆင်းရက်မှာအမှားလုပ်မိမှာလဲဆိုးတယ်လေ။
"ဒေါက်..ဒေါက်"ရှောင်းကျန့်တံခါးခေါက်ပီနားစွင့်နေမိတယ်အထဲကဘာအသံမှမကြားတော့
"သခင်ကြီးကျွန်တော်၀င်လာမယ်နော်"ပြောပီတံခါးကိုအသာလေဖွင့်ကြည့်တော့အခန်းထဲမှာဘယ်သူရှိမနေဘူးအထဲ၀င်လာလိုက်ပီရေသံကြားတယ်ရေချိုးနေတာထင်တယ်ရှောင်းကျန့်လဲဘာမှပြောမနေတော့ပဲ ရှုပ်ပွနေတဲ့အိပ်ရာခင်းစောင်တွေခေါက်ရင်းသေသေသပ်သပ်အိပ်ရာသိမ်းလိုက်တယ်ထိုချိန်ရေချိုးခန်းထဲကထွက်လာတဲ့၀မ်ရိပေါ်ကကုန်းကုန်းကွကွနဲ့အိပ်ရာသိမ်းနေတဲ့ကောင်လေးကြည့်ရင်းပြုံးနေမိတယ် ထိုကောင်လေးကိုစချင်တာနဲ့အသံပြုမိသည်။
"အဟမ်..အဟမ်"ချောင်းဆိုအသံပြုမိတော့ရှောင်းကျန့်လဲအသံလာရာအနောက်ကိုလှည့်မိတော့ ကြောင်ကြည့်နေမိသည် ပခုံးကျယ်ကျယ်တောင့်တင်းတဲ့လက်မောင်းကြွက်သားအဆီပိုမရှိပေါင်မုန့်၆လုံးဖြူအုပ်နေတဲ့အသားရေ ရေချိုးထားလို့ဆံပင်ကခပ်အုပ်အုပ် ခုမြင်နေရတဲ့မြို့အုပ်မင်းကသာမန်လူငယ်တယောက်လိုပါပဲ အတွေးထဲပုံဖော်ရင်းခါးအောက်ပိုင်းကိုကြည့်မိတော့အဖြူတဘက်တထည်သာရှိနေသည်ကိုသတိထားမိ၍ ရှောင်းကျန့်တယောက်နားရွက်တွေနီလာပီခေါင်းငုံ့မိသည်၀မ်ရိပေါ်လဲဒါကိုသိလို့ဘာမှပြောမနေတော့ပဲဤနားသို့လျှောက်လာပီကုတင်ပေါ်ခြေချထိုင်လိုက်သည်။
"ခေါင်းသုတ်ပေးပါအုံးရှောင်း"၀မ်ရိပေါ်ကပြောလိုက်သည်။ရှောင်းကျန့်လဲနောက်ထပ်တဘက်တထည်ကိုယူလိုက်ပီခေါင်းသုတ်ပေးနေသည်။ဆံပင်သုတ်ခြင်းအလုပ်ပီးသွားတော့ဗီဒိုထဲsuitတစုံထုတ်လိုက်ပီအကျီ၀တ်ပေးဖို့ပြင်သည်ကြယ်သီးတွေတပ်ပီတော့နက်ခတိုင်တပ်ပေးရအုံးမည်။ပြသနာကအဲမှာစတာပဲရှောင်းကျန့်မစီးတက်ဘူးလေနက်ခတိုင်ကသူတခါမှမလုပ်ဖူဘူးသူလိုဆင်းရဲတဲ့သူတွေကသာမန်ပဲ၀တ်စားတတ်တယ်လေရ‌ေရှာင်းကျန့်လဲနက်ခတိုင်ကို၀မ်ရိပေါ်လည်ပင်ပေါ်ချိတ်ထားရင်းလက်နှစ်ဖက်ကဟိုဘက်ဒီဘက်ကိုင်းထားပီးရပ်နေမိတယ်ဒါကိုဘယ်လိုလုပ်ရတာလဲသူစင်းစားနေရင်းသူ့ကိုမျက်တောင်မခပ်တမ်းစိုက်ကြည့်နေတဲ့သခင်ကြီးကပြုံးလျက်သူလက်နျှစ်ဖက်ကိုကိုင်းရင်းနက်ခတိုင်စီးနေလိုက်သည် ရှောင်းကျန့်လဲမရုန်းမိပဲအလိုက်သင့်လေနက်ခတိုင်စီးခြင်းကိုလုပ်နေမိတယ်ခနကြာတော့လက်အကိုင်ခံရတဲ့ရှောင်းကျန့်ကသတိ၀င်လာဟန်ဖြင့်လက်ကိုရုန်းမိပီနေတော့
"နောက်ခါလုပ်တတ်အောင်မှတ်ထား"ထို့သို့ပြောပီသူ့အရှေ့ကအရင်ထွက်သွားလိုက်သည်။ရှောင်းကျန့်လဲဘယ်ဘက်ရင်ဘတ်ကိုဖိရင်း"ငါဘာဖစ်တာလဲ ရင်ခုန်နေတာလားမဟုဘူး ငါကြောက်နေတာနေမယ် ဟုတယ် သခင်းကြီးကိုငါကြောက်တယ်"ထို့သိုပြောရင်းအောက်ထပ်ကိုဆင်းလာလိုက်သည်။
  ထမင်းစားခန်းထဲကစာပွဲပေါ်မှာပြင်ဆင်ထားတဲ့မနက်စာကိုချပေးပီဘေးနားမှာဦးလေးကျောက်နဲ့အတူရပ်နေမိသည်။
"တခါတည်း၀င်စားလိုက်"၀မ်ရိပေါ်ကပြောတော့ရှောင်းကျန့်လဲဦလေကျောက်ကိုပြောတာလားမသိဆိုတဲ့ဟန်ကြည့်မိတယ်
"ဘာရပ်လုပ်နေတာလဲထိုင်လေ"၀မ်ရိပေါ်ကထပ်ပြောတော့
"အကိုလေးထိုင်ပါခင်မျ"သူကိုရိုးရိုးကျို့ကျို့ပြောလာတဲ့ဦးလေးစကား‌ေကြာင့်ရှောင်းကျန့်တယောက်ကိုယ့်ကိုယ့်ကိုလက်ညိုးထိုးပီမေးလိုက်သည်။
"ကျွန်တော်ကိုပြောတာလား "ဦးလေးကခေါင်းညိတ်ပြတော့
"နေပါစေ သခင်ကြီးပါပဲစားပါခင်မျ"ထိုစကားကိုကြားပီ၀မ်ရိပေါ်မျက်မှောင်ကြုတ်မိတယ်အလိုမကျသည့်ဟန်ဖြင့်
"အိမ်တော်ထိန်းကပြောမထားမိဘူးလားဘာလုပ်ရမယ်ဆိုတာ"၀မ်ရိပေါ်ကဦလေကိုထိုသို့ပြောလိုက်တော့ဦးလေးကခေါင်းငုံ့ပီ
"တောင်းပန်ပါတယ်သခင်ကြီး ပြောဖို့မေ့သွားလို့ပါ"ရှောင်းကျန့်လဲသခင်ကြီးကဘာကိုအလိုမကျဖစ်သွားတာသူသေသေချာချာမသိပေမဲ့မနက်စာကိုအတူထိုင်စားလိုက်သည်သခင်ကြီးရုံးသွားရင်ဦလေးကိုမေးအုံးမယ်လို့လြဆုံးဖြတ်လိုက်သည်။ဒီလိုနဲ့မနက်စာစားပီတော့သခင်ကြီးကိုအိမ်ရှေ့ထိလိုက်ပို့ပေးရမယတော့သခင်ကြီးကိုအိမ်ရှေ့ထိလိုက်ပို့ပေးရမယ်ညနေအပြန်ဆိုလဲအိမ်ရှေ့မှာထွက်ကြိုရမယ် သူ့အလုပ်ကသခင်ကြီးနဲ့ပတ်သက်သမျှလုပ်ပေးရမယ်လေ ဘယ်လောက်သက်သာလိုက်လဲ သခင်ကြီးကလဲကောင်းကောင်းထားတယ်၀င်ငွေလဲကောင်းကောင်းရတယ်စားဖို့လဲမပူထိဘူးရသမျှစုရုံပဲမို့ကိုပြန်လာရင်သေချာတယ်အဆင်ပြေနေမှာပဲလို့ရှောင်းကျန့်ကထိုသို့တွေးရင်းပျော်နေခဲ့သည်။

*ရှောင်းရယ် ကိုယ့်ရဲ့အချစ်ကိုမြင်နိုင်ဖို့အတွက်ကို့အများကြီးကြိုးစားမှာပါ ကိုယ့်ကိုပြဲရှောင်းချစ်ရမယ် ကိုယ့်တယောက်ထဲအတွက်ပဲဖစ်ရမယ်*ထိုအတွေးကိုတွေးရင်းအိမ်တော်မှရုံးခန်းသို့.....#

#ဖတ်ရှုပေးလို့ကျေးဇူးအထူးပါရှင့်နောက်အပိုင်းမှာလဲအားပေးပါအုံးနော်🤍
vote ပေးတဲ့ချစ်ချစ်တို့ကိုလဲကျေးဇူးပါ❣️

Until the end🥀(Complete)Where stories live. Discover now