Chapter 11

1.1K 113 6
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I will be the male lead’s sister-in law)
Chapter 11
Translator – Utopia

ကျန်းမင်ဝေ့ တစ်နှစ်ပတ်လုံး ဘယ်ရောက်နေခဲ့မှန်း မသိရဘူးဆိုတာက ငြင်းမရတဲ့အချက်ပေ။ ဒါကို ပြန်ဖာထေးဖို့က မလွယ်ဘူး။

သူ့သမီးလေးက ငယ်ရွယ်မိုက်မဲတာမို့ ဒီလိုအမှားမျိုး လုပ်ခဲ့တာကို ကျန်းဟုန်ဟောက် နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းကျီကကော? သူ့ဇနီးလောင်းက တိုင်းတစ်ပါးသားနဲ့ တစ်နှစ်လုံး ခိုးရာလိုက်ပြေးသွားတာကို ဘယ်ယောက်ျားက သည်းခံနိုင်မတုန်း?

နောက်ပြီး ရှဲ့ရွှမ်းကျီက တော်ဝင်မိသားစုကလေ။ ရေရှည်မှာ ဒီအချက်က သူ့အတွက် ပြစ်ချက်တစ်ခုလို ဖြစ်လာလိမ့်မယ်။

သူ ခဏ တုံ့ဆိုင်းနေခဲ့ပြီးမှ လေသံကို ပုံမှန်အတိုင်း လုပ်ယူရင်း ပြောလာတယ်။

“အရှင့်သား အရှင့်သားနဲ့ မင်ဝေ့က ကလေးထဲက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ကျွန်တော်မျိုးတို့ လမ်းထဲက ကလေးတွေ အားလုံးထဲမှာ အရှင့်သားတို့နှစ်ယောက်က အရင်းနှီးဆုံးပဲ။ နောက်ပိုင်း ကျွန်တော်မျိုးတို့ မိသားစုတွေလည်း ကိုယ်စီ ပြောင်းရွှေ့သွားရပြီးတဲ့နောက် အရှင့်သားနဲ့မင်ဝေ့လည်း ကွဲသွားကြရတယ်။ အရှင့်သားတို့နှစ်ယောက် အခုလို စေ့စပ်ကြောင်းလမ်းလိုက်တာကို မြင်ရဝာာ တကယ်ကို ကြည်နူးပီတိ ဖြစ်မိတယ်။ မြို့တော်ကို ကျွန်တော်မျိုးတို့ ပြောင်းလာတုန်းက မင်ဝေ့လေးက ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်အရွယ် ၁၄ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော်မျိုးကလည်း လွှတ်တော်အရေးကိစ္စတွေနဲ့ အလုပ်များနေခဲ့ပြီး သူ့အမေကလည်း ကလေးအပေါ် အလိုလိုက်သလို အပြင်လည်း လွတ်လွတ်လပ်လပ်ပေးမထွက်ခဲ့ဘူး။ ဒီလိုနဲ့ မင်ဝေ့လေးက အလိုလိုက်ခံရလို ဆိုးသွမ်းပြီး လွတ်လပ်မှုကို ရှာချင်လာခဲ့တယ်။ သူမ အိမ်ကနေ ထွက်ပြေးသွားတာလည်း အားလုံးက ကျွန်တော်မျိုးတို့ သွန်သင်ဆုံးမမှု ညံ့ဖျင်းခဲ့တာကြောင့်ပါပဲ အရှင့်သား .....”

“ယွဲ့ဖု (ယောက္ခမအဖေ)” ရှဲ့ရွှမ်းကျီက တားလိုက်တယ်။ “ပန်ဝမ်တို့ မိသားစုနှစ်ခုက ငယ်စဥ်ကတည်းက ရင်းနှီးခင်မင်ခဲ့ကြတာပါ။ ကျန်းအိမ်တော်က နေ့လယ်စာ မကြာခဏ စားဖြစ်ခဲ့ပြီး ကျန်းသခင်မက ဒီမင်းသားကို ဘယ်လောက် ဂရုစိုက်ခဲ့လဲဆိုတာ မှတ်မိနေတုန်းပဲ။ ကျန်းမိသားစုက ဒီမင်းသားအပေါ်  တကယ် စိတ်ရင်းနဲ့ ကောင်းပေးခဲ့ပြီး မင်ဝေ့ကလည်း ပန်ဝမ်ရဲ့ ငယ်ချစ်ဦးပါပဲ။ တစ်စိတ်တစ်ဝမ်းတည်း ချစ်ကြသူတို့အဖို့ သူမရဲ့ ကိုယ်ကျင့်သိက္ခာကို ဘယ်လိုလုပ် သံသယဝင်ရမလဲ? ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့။ ဒီစကားက မင်ဝေ့ကို စော်ကားလိုက်ရုံသာမက မင်ဝေ့အပေါ်  ဒီမင်းသားရဲ့ ခံစားချက်တွေကို စော်ကားလိုက်တာနဲ့ အတူတူပဲ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ သူမ ပြန်လာပြီဆိုရင် ရပါပြီ”

ချက်ချင်းဆိုသလို ကျန်းဟုန်ဟောက် စိတ်အေးသွားတော့တယ်။ ရေနွေးခွက်ကို သူ့ရင်ဘတ်နဲ့ တစ်တန်းတည်း ကိုင်မြှောက်လိုက်ပြီး

“အရှင့်သားက တကယ်ကို မြင့်မြတ်ပြီး ဖြောင့်မတ်မှန်ကန်ပါပေတယ်! သေရည်အစား လက်ဖက်ရည်ကြမ်းနဲ့ပဲ အရှင့်သားအပေါ် ကျွန်တော်မျိုးရဲ့ လေးစားမှုကို ဖော်ပြလိုက်ပါတယ်”

“ပန်ဝမ်က ဘယ်လိုလုပ်လက်ခံရမလဲ” ရှဲ့ရွမ်းကျီက အမြန်ပဲ သူ့ရေနွေးခွက်ကို ကိုင်မြှောက်လိုက်ရင်း “ပန်ဝမ်ကသာ ယွဲ့ဖုကို လေးစားမိတာပါ”

စာကြည့်ခန်းမှာ လေထုက မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေပေမဲ့ ကျန်းအိမ်တော်ရဲ့ ပင်မခန်းဆောင်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်။

“ဘာလို့လဲ?”ကျန်းမင်ဝေ့ ဒေါသတကြီးနဲ့ ခေါင်းပေါ်က ပုလဲဆံထိုးကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်တယ်။ “သူမက နိမ့်ကျတဲ့ စစ်ပြေးဒုက္ခသည်တစ်ယောက်ပဲ! သူမလိုလူက ချီယန်ဝမ်နဲ့ လက်ထပ်ပြီး ချီယန်ဝမ်ဖေးဖြစ်လာရအောင် ဘာအခွင့်အရေး ရှိလို့လဲ”

“ဒီကလေးကတော့လေ”  ကျန်းသခင်မ ဒေါသူပုန်ထနေတဲ့ သူ့သမီးကို ဆူလိုက်ရင်း ပုလဲဆံထိုးကို ကောက်ယူကာ စားပွဲပေါ် ပြန်တင်ထားလိုက်တယ်။ “ဒါက ကျောက်စိမ်းရှုမျှော်ဆောင်က ထွက်တဲ့ နောက်ဆုံးပေါ်လက်ရာပဲ။ မြို့တော်က အရပ်သားတစ်ယောက်ဆို ဒါကို ဝယ်နိုင်ဖို့ တစ်နှစ်ပတ်လုံး အလုပ်လုပ်မှ စုနိုင်မှာ။ နောက်ပြီး ဒါက ပိုက်ဆံရှိရုံနဲ့တင် ဝယ်နိုင်တဲ့ဟာ မဟုတ်ဘူး”

ကျန်းမင်ဝေ့ သူမရဲ့ အရင်ဘဝက နေ့ရက်တွေကို ပြန်တွေးမိတယ်။ တိုင်းတစ်ပါးမှာ ရိုးရှင်းကြမ်းတမ်းတဲ့ အိပ်ရာတစ်လုံးနဲ့ အခန်းထဲ တစ်သက်လုံး ပိတ်လှောင်ခံထားရတယ်။ သိပ်မကြာသေးခင်ကတင် သူမက မြောက်ပိုင်းက အရိုင်းအစိုင်း ပေယန်ဧကရာဇ် ယဲ့လုယန်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ခဲ့တာလေ။

ကျန်းမိသားစုက တကယ်တော့ မြို့တော်ဇာတိမဟုတ်သလို ကျန်းဟုန်ဟောက်ရဲ့ အမတ်သုံးပါးထဲက တစ်ယောက်ဆိုတဲ့ ရာထူးကလည်း သူ့အရည်အချင်း ကြိုးစားအားထုတ်မှုကြောင့် ရလာတာ မဟုတ်ချေ။ အစတုန်းက ကျန်းမိသားစုက လင်အန်းက သာမန် အဆင့် ၈ အရာရှိမိသားစုမျှသာ ဖြစ်တယ်။ အရပ်သားတွေထက်တော့ ပိုကောင်းကောင်းနေရတယ်ဆိုပေမဲ့ အာဏာရှိ ငွေကြေးကြွယ်ဝတဲ့အထဲက မဟုတ်ချေ။

နောက်ပြီး သူတို့နေခဲ့တဲ့ တစ်ရပ်ကွက်လုံးကလည်း ဒီလို ရာထူးငယ်တဲ့ အရာရှိလေးတွေ နေကြတာဖြစ်တယ်။

ရှဲ့မိသားစု ... ပြောရရင် ရှဲ့‌ရွေ့တို့ မိသားစုကလည်း သူတို့နဲ့ အိမ်နီးချင်းတွေ ဖြစ်တယ်။ သူတို့နေတဲ့လမ်းကို ကျန်းအန်လမ်းလို့ ခေါ်တယ်။ နှစ်ဖက်မိသားစုစလုံးက သူတို့ကလေးတွေကို သာမန်အရပ်သား ကုန်သည် ကလေးတွေနဲ့ မဆော့ဖို့ တားမြစ်ထားကြတယ်။ ဒီလိုနဲ့ သူတို့ကလည်း တခြားကလေးတွေနဲ့ ကစားကြတော့တယ်။ ကျန်းမင်ဝေ့နဲ့ ရှဲ့ရွှမ်းကျီက ရွယ်တူလည်း ဖြစ်တယ်၊ အိမ်နီးချင်းတွေလည်း ဖြစ်တယ်၊ မိဘတွေကလည်း ရင်းနှီးကြတယ်၊ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေ ဖြစ်လာကြတာပဲ။

ကျန်းမင်ဝေ့က ကလေးကတည်းက သိပ်ကို ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်ပြီး ရွယ်တူတွေထက် ပိုပြီး တော်တယ်။ ယောက်ျားလေးတွေကြားထဲမှာလည်း ရေပန်းစားတယ်။

ရှဲ့ရွှမ်းကျီက ဉာဏ်ကောင်းတယ်၊ အရပ်ရှည်တယ်၊ ကောင်မလေးတွေကို ဘယ်လိုလိုက်ရမလဲလည်း ငယ်ငယ်ကတည်းက သိတယ်။ သူက လမ်းထဲမှာတော့ ကလေးဗိုလ်ပဲ။ သူတို့နှစ်ယောက်က ငှက်မောင်နှံလိုပဲ နှစ်ယောက်စလုံးက လှပပြီး အရည်အချင်း ရှိကြတယ်။ သူ့ဖာသာသူ မာန်တွေတက်ရင်း ကျန်းမင်ဝေ့ကို သူများတွေ စနောက်ကြရင် ရှဲ့ရွှမ်းကျီ မကြိုက်မိဘူး။ တစ်ယောက်ယောက်က သူတို့နှစ်ယောက်က ကြီးပြင်းလာရင် စုံတွဲတွေ ဖြစ်လာမှာလို့ ကျီစယ်ကြတိုင်း ကျန်းမင်ဝေ့ကလည်း ရှက်သွေးဖြာရင်း ထွက်ပြေးတတ်တယ်။
____________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးحيث تعيش القصص. اكتشف الآن