Chapter 15

512 39 0
                                    

Chapter 15
November 30, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 15
Translator – Utopia
ဘယ်သူမှ တုပခံရတာကို ကြိုက်မှာ မဟုတ်ချေ၊၊ အထူးသဖြင့် ကိုယ့်နဲ့ ရုပ်ရည်ကော အပြောအဆို အပြုအမူကိုပါ လိုက်တုထားတာမျိုးဆို ပိုလို့တောင် မကြိုက်ကြဘူး။ ကျန်းမင်ဝေ့ရဲ့ ဘဝနှစ်ခုလုံးမှာ အရွံရှာဆုံးအရာက သူမကို တုထားတဲ့ အတုအယောင်မ ပဲ ဖြစ်တယ်။
သူမ မုမင်ထန်ကို ဒီလို မုန်းတီးနေရတာကလည်း အရင်ဘဝက စိတ်ဒဏ်ရာတွေကြောင့်ဖြစ်တယ်။ အရင်ဘဝမှာ မုမင်ထန်က ရှဲ့ရွှမ်းကျီကို လက်ထပ်ခဲ့ပြီး ဧကရီမိဖုရားခေါင် ဖြစ်လာခဲ့တယ်။ တစ်ဖက်မှာတော့ ကျန်းမင်ဝေ့က ဆိုးရွားတဲ့အဆုံးသတ်ကို ကြုံတွေ့ ခဲ့ရတယ်။ ကံကြမ္မာဆိုတာလည်း ငြင်းပယ်ဖို့ ထက် မယုံကြည်လိုက်ဖို့သာ ရွေးချယ်တတ်ကြတယ်ဆိုတဲ့အတိုင်း ကျန်းမင်ဝေ့ ပြန်လာတဲ့လမ်းတစ်လျှောက်မှာ သူမ ပြန်ရောက်တာနဲ့ မုမင်ထန်ကို အရင်ဆုံး နှင်ထုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့တယ်။ ကျန်းမိသားစုထဲ မုမင်ထန် ရှိနေသ၍ သူမအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဦးမှာပဲ။ သူမသာ သာမန်အရပ်သား ပြန်ဖြစ်သွားရင်တော့ ကိစ္စမရှိတော့ပါဘူး။
သူမ မျက်ရည်တွေ ခြောက်သွားတဲ့အခါ အမေဖြစ်သူရဲ့ လက်ကို ကိုင်လိုက်ပြီး
“မဟုတ်တာ၊ သမီးကသာ အမေ့ကို စိတ်ပူစေခဲ့မိတာပါ”
“ဒီကလေးကတော့ ဘာတွေပြောနေပြန်တာလဲ” ကျန်းသခင်မ မင်ဝေ့ရဲ့လက်ကို ခပ်ဖွဖွ ပုတ်ပေးရင်း “ကိုယ့်သမီးလေးကို ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ။ ကျင်းဝမ်နဲ့ အတူ သမီးဘဝတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းလေး နေသွားတာမြင်ရသ၍ အမေက ပျော်နေပါပြီ။ အရှင့်သားက သမီးကို တကယ် ချစ်မြတ်နိုးတယ်။ အရင်ကတော့ သူ့ကို ဒီအတိုင်း ယဥ်ကျေးပျူငှာတဲ့ ကလေးပဲလို့ ထင်ခဲ့ပေမဲ့ ဘယ်သူထင်မှာလဲ သမီးအပေါ် ဒီလောက်တောင် ခံစားချက်တွေ နက်ရှိုင်းနေမယ်လို့။ ဒီလို ချစ်မြတ်နိုးတတ်တဲ့ ခင်ပွန်းရယ်၊ ဝမ်ဖေးရာထူးနဲ့ရယ်ဆို သမီးရဲ့နေ့ရက်တွေက ဆိုးရွားမှာ မဟုတ်တော့ဘူး။ အမေတို့မိသားစုရဲ့ အနာဂတ်က သမီးအပေါ်ပဲ မူတည်သွားပြီ”
ဒီစကားက အဓိပ္ပာယ်အများကြီးပါတယ်။ ရှဲ့ရွှမ်းကျီက တော်ဝင်မင်းသားတစ်ပါးဖြစ်နေပြီ၊ တကယ်လို့ ကိစ္စတွေသာ အဆင်ပြေချောမွေ့ခဲ့မယ်ဆို သူက ဧကရာဇ်ဖြစ်လာလိမ့်မယ်။ ကျန်းမင်ဝေ့ ခေါင်းလေး ငုံ့လိုက်တယ်။ ခဏကြာတဲ့အခါ
ရှဲ့ရွှမ်းချန်လို့ ပြောလိုက်တဲ့အချိန်မှာ ကျန်းသခင်မမျက်နှာက တည်သွားတယ်။ သူမ ခဏကြာအောင် နှုတ်ဆိတ်နေပြီးမှ ခေါင်းယမ်းလိုက်ရင်း
“အခြေအနေကတော့ နေ့လား ညလားပဲ။ ပြည်သူတွေက အရှင်မင်းကြီးကို ကိုယ့်တူတော်ကို မတရားဆက်ဆံတယ်လို့ ပြောဆိုကြမှာ စိုးရိမ်တာကြောင့် ရှဲ့ရွှမ်းချန်ရဲ့အသက်ကို ကယ်ဖို့ ဘာမှအဲ့လောက်အားထုတ်မနေတော့ဘူး။ ရှေ့နှစ်တွေတုန်းက ရှဲ့ရွှမ်းချန် နိုးလာခဲ့တယ်၊ သူက ဆယ်ယောက် တစ်ယောက်ကို နိုင်အောင် တိုက်ခိုက်နိုင်နေတုန်းပဲ။ ချီယန် အိမ်တော်ကို စောင့်ရှောက်ပေးနေတဲ့ စစ်သားတွေကိုလည်း ပုံမှန် လူလဲထားကြတယ်။ ဒါပေမဲ့ ဒီနှစ်ကစလို့ သူ သတိဝင်နေတဲ့အချိန်က နည်းသထက် နည်းလာနေတယ်။ စစ်သားတွေကိုတောင် သူ မတိုက်ခိုက်နိုင်တော့ဘူး။ သူ မကြာခင် ဆုံးပါးတော့မယ်ဆိုတာ သေချာသလောက်ပဲ”
အခုအချိန်မှာ လူတွေက ကျန်းမိသားစုနဲ့ တော်ဝင်မျိုးနွယ် ကျင်းဝမ်တို့ရဲ့ လက်ရှိအခြေအနေကိုပဲ မြင်ကြပေမဲ့ ဟိုးအရင်တုန်းက လင်အန်းက အရာရှိငယ်လေးဘဝက လာကြတယ်ဆိုတာ မသိကြတော့ဘူး။ တကယ် တော်ဝင်မျိုးနွယ်တွေက ရှဲ့မိသားစုရဲ့ အဓိက အိမ်တော်ဖြစ်တဲ့ ရှဲ့ရွေ့ရဲ့အစ်ကိုတို့ မိသားစုပဲ ဖြစ်တယ်။
စစ်မက်ထူပြောတဲ့ကာလမှာ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်တစ်နေရာစီ ခွဲထွက်ခဲ့ကြတယ်။ ညီငယ် ရှဲ့ရွေ့ က လင်အန်းက အဆင့် ၇ ရုံးတော်အရာရှိဖြစ်လာပြီး သူ့အစ်ကို ရှဲ့ယီကတော့ စစ်တပ်ထဲ ဝင်သွားတယ်။ စစ်သူကြီး ကောရုံရဲ့ လက်အောက်မှာ အမှုထမ်းရင်း ရှဲ့ယီက စစ်တပ်ထဲ နေရာရလာတယ်။ အဲ့အချိန်တုန်းက ဧကရာဇ်က ကောရုံရဲ့ စစ်အင်အားကို မကြည်ဖြူဖြစ်လာတဲ့အခါ ကောရုံက ထီးနန်းသိမ်းပိုက်ခဲ့ပြီး ဧကရာဇ်အဖြစ် နန်းသိမ်းခဲ့တယ်။
ကောရုံ ဧကရာဇ်ဖြစ်လာတဲ့အခါ ရှဲ့ယီလည်း ရာထူးကြီး အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ကောရုံရဲ့ ညာလက်ရုံးပဲ။ ရှဲ့ရွှမ်းချန် မွေးလာတဲ့အခါ ကောရုံက သူ့သားအရင်းထက်တောင်မှ ရှဲ့ရွှမ်းချန်ကို ချစ်သေးတယ်။
ရှဲ့မိသားစုရဲ့ အာဏာက ကြီးမားလာနဲ့အတူ အိမ်တော်မှာ ကူညီပြီး လုပ်ကိုင်ပေးဖို့ လူတွေလည်း လိုလာခဲ့တယ်။ ဒီလိုနဲ့ ရှဲ့ယီက သူ့ညီငယ်ရဲ့ မိသားစုကို လင်အန်းကနေ မြို့တော်ဆီ ပြောင်းရွှေ့စေခဲ့တယ်။ ရှဲ့ရွေ့ သူ့အစ်ကိုဆီ ရောက်လာပြီး အရင်က လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောပြတဲ့အခါ ရှဲ့ယီရဲ့ လက်တစ်ဝှေ့နဲ့တင် အားလုံး ရာထူးတိုးသွားကြပြီး မြို့တော်ကို ကိုယ်စီ ‌ရောက်လာကြတော့တယ်။ 
မြို့တော်ကို ကျန်းမိသားစု ပြောင်းလာခါစတုန်းကဆို ရှဲ့ယီနဲ့ ရှဲ့ရွှမ်းချန်ဆိုတာ တောက်ပနေတဲ့ ကြယ်လိုပဲ။ အသက် ၁၅နှစ်ပဲ ရှိသေးတဲ့ ဒီဟိုရယ်က ရုပ်ရည်တင်မက အဆုံးမဲ့တဲ့ အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ကျန်းမိသားစုခမျာ ဟိုးအဝေးကနေပဲ သူတို့ရဲ့ ကြီးမြတ်မှုကို ငေးမောနေနိုင်တယ်။
ကံဆိုးစွာနဲ့ပဲ နန်းတက်ပြီး ၂နှစ်တောင် မကြာသေးဘူး ကောရုံက နတ်ရွာစံသွားပြီး သူ့သားက ထီးနန်းတက်လာတယ်။ မြို့တော်မှာ အာဏာအကြီးဆုံး အမျိုးသားနှစ်‌ယောက်ဖြစ်တဲ့ ရှဲ့ယီနဲ့ ရှဲ့ရွှမ်းချန်က ဘယ်လိုလုပ် ကလေးတစ်ယောက်ဆီ ခေါင်းငုံ့ခံရမလဲ?
ဒီလိုနဲ့ ရှဲ့ရွှမ်းချန်ကစပြီးတော့ ပုန်ကန်ခဲ့တယ်။ ဒါပေမဲ့ ရှဲ့ယီက ဧကရာဇ်ဘက်က ပါနေတုန်းပဲ။ ‌ပြောကြတာကတော့ ပုန်ကန်ခဲ့တုန်းက ရှဲ့ယီက တွန့်ဆုတ်ခဲ့တယ်တဲ့။ အဲ့အချိန်မှာ ရှဲ့ရွှမ်းချန်က တော်ဝင်နဂါးဝတ်ရုံတော်ကို ယူပြီး ရှဲ့ယီပေါ် လွှမ်းပေးကာ ကိုယ်တိုင်က ဒူးထောက်ပြီး သူ့အဖေကို ဧကရာဇ်အဖြစ် ကြေညာခဲ့တယ်။ ဒီလိုနဲ့ပဲ ရှဲ့ယီလည်း ငြင်းမရဘဲ ဧကရာဇ်ဖြစ်လာခဲ့ပြီး သူ့စစ်တပ်ကို ဆင့်ခေါ်ကာ မြို့တော်ကို တိုက်ခိုက်တော့တယ်။
___________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးTahanan ng mga kuwento. Tumuklas ngayon