Chapter 16

507 64 1
                                    

Chapter 16
December 1, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 16
Translator – Utopia
ပုန်ကန်မှုကို တားရမယ့်သူက သူပုန်ဖြစ်လာခဲ့တယ်။ ကောရုံက ရှေ့မင်းဆက်ကို ပုန်ကန်ခဲ့ပြီး အခု သူ့လက်ရုံးက ကောမင်းဆက်ကို ပုန်ကန်ခဲ့ပြန်တယ်။
အဲ့ဒီနောက်မှာတော့ ရှဲ့ယီက ဧကရာဇ်အဖြစ် ထီးနန်းတက်ခဲ့ပြီး တိုင်းပြည်ကိုလည်း ယဲ့အင်ပါယာလို့ ပြောင်းလဲခေါ်ဆိုခဲ့တယ်။ ရှဲ့ရွှမ်းချန်၊ ရှဲ့ရွေ့၊ ရှဲ့ရွှမ်းကျီတို့လည်း ရာထူးအဆင့်အသီးသီး ချီးမြင့်ခံခဲ့ရတယ်။
ပုန်ကန်မှုရဲ့ အစကနေ အဆုံးထိ ရှဲ့ရွှမ်းချန်ကသာ အဓိကလုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျန်းမိသားစု၊ ရှဲ့ရွေ့၊ ရှဲ့ရွမ်းကျီတို့ဆိုတာ သူ့ရဲ့အောင်မြင်မှုကို မှီပြီး ကြီးပွားလာတဲ့ ပမွှားလေးတွေပဲ။
ဒါပေမဲ့လည်း ရှဲ့ယီ ထီးနန်းတက်ပြီးနောက် မှန်းလို့မရခဲ့တဲ့ အပြောင်းအလဲတစ်ခုက ဖြစ်သွားခဲ့တယ်။ မင်းဆက်နှစ်ဆက်လုံးမှာ တိုင်းပြည်ကို အကျိုးပြုခဲ့တဲ့ ရှဲ့ရွှမ်းချန်က တောင်ပိုင်း ထန်အင်ပါယာကို တိုက်ခိုက်သိမ်းယူဖို့ အမိန့်ပေးခဲ့တယ်။ ထန်အင်ပါယာလည်း ပြိုပျက်ခဲ့ရပြီး ရှဲ့ရွှမ်းချန်လည်း သူ့ရဲ့အသိစိတ်ကို ဆုံးရှုံးသွားတော့တယ်။
အတိအကျ နေ့စွဲကိုတော့ မသိရပေမဲ့ ပြောကြတာတော့ ရှဲ့ရွှမ်းချန်က မျက်လုံးတွေ အနီရောင်ပြောင်းသွားပြီး ကိုယ့်စစ်တပ်ကိုကိုယ် ပြန်တိုက်ခိုက်ခဲ့တယ်တဲ့။ သူနဲ့ အရင်းနှီးဆုံး ရဲဘော်ရဲဘက်တွေ အားလုံး အသတ်ခံခဲ့ရပြီး စစ်စခန်းတစ်ခုလုံး သွေးတွေ လွှမ်းနေခဲ့တယ်။ ရှဲ့ရွှမ်းချန်ရဲ့ခန္ဓာကိုယ်က သတ်ဖြတ်ရင်း ပင်ပန်းပြီး လဲကျသွားတော့မှပဲ စစ်သားတွေလည်း အနားကပ်ရဲတော့တယ်။
ဒီသတင်းက မြို့တော်ကို ရောက်တဲ့အခါ ရှဲ့ယီ ထိတ်လန့်သွားရတော့တယ်။ သူ ချက်ချင်းပဲ သူ့သားကို တွေ့ဖို့ သွားခဲ့ပြီး သူ့ညီတော် ရှဲ့ရွေ့လည်း အတူပါလာခဲ့တယ်။ ဒါပေမဲ့လည်း ရှဲ့ရွှမ်းချန်က ကြိုးတုပ်ခံထားရပြီး လက်နက်မဲ့နေတာတောင်မှ ဘေးနားကလူတွေကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ့အဖေနဲ့ဦးရီးတော်ကိုပါ သတ်မိလုနီးပါးပဲ။
ရှဲ့ယီ သူ့သားကို ပြန်ခေါ်လာပြီးနောက် ချက်ချင်းပဲ နန်းဆောင်ထဲမှာ ပိတ်လှောင်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ သူ့ခြေလက်တွေအားလုံးကို သံခြေချင်းတွေနဲ့ ခတ်ထားပြီး ဧကရာဇ်ရဲ့အမိန့်မပါဘဲ ဘယ်သူမှ ဖွင့်မပေးရဘူး။
ဧကရာဇ်က အမျက်တော်ရှပြီး ထုတ်ပြန်ခဲ့တာဆိုပေမဲ့ ရှဲ့ရွှမ်းချန်ရဲ့ အခြေအနေက တိုးတက်မလာခဲ့ဘူး။ သူ သတိဝင်နေသ၍ ဘယ်သူမှ သူ့အနား မကပ်ရဲကြဘူး။ ရှဲ့ရွှမ်းချန် ပင်ပန်းပြီး မေ့မြောသွားအောင်လို့သာ လူတွေ တစ်သုတ်ပြီး တစ်သုတ် ပို့ပေးရုံပဲ တတ်နိုင်တယ်။ သူ သတိပြန်ရတဲ့အချိန်က နည်းသထက် နည်းလာပေမဲ့ သူ့ရဲ့ခွန်အားနဲ့တိုက်ခိုက်နိုင်စွမ်းကိုတော့ လျှော့တွက်လို့ မရချေ။
စစ်နတ်ဘုရားတစ်ဖြစ်လဲ ချီယန်ဝမ် ရှဲ့ရွှမ်းချန်၊ ယဲ့အင်ပါယာရဲ့ ထွန်းတောက်နေတဲ့ အလံလိုလူဟာ မမျှော်လင့်ထားတဲ့ ဘဝအချိုးအကွေ့မှာ ရှုံးနိမ့်ခဲ့ရတယ်။ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေမှာ ပြည်သူတွေက ရှဲ့ရွမ်းချန်နာမည်ကို ပြောလိုက်ရုံနဲ့ ရန်သူတွေကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ဒီဓားက ကိုယ့်ဆီ ပြန်ချိန်ရွယ်လာပြီး ကိုယ့်ရဲဘော်တွေကို ပြန်သတ်ခဲ့တယ်။
ရှဲ့ယီ သူ့သားကို အကျဉ်းချထားစဥ်မှာ သူကိုယ်တိုင်လည်း အရင်က ရောဂါဟောင်း ပြန်ပေါ်လာခဲ့တယ်။ ကျန်းရှီသက္ကရာဇ်ရဲ့ ဒုတိယနှစ်မှာ သူ့နှလုံသားက လေးလံနေခဲ့ပြီး ညီတော်ကို ဆင့်ခေါ်ခဲ့တယ်။ အဲ့နေ့ညမှာ ဘာတွေဖြစ်ခဲ့လဲ မသိခဲ့ရပေမဲ့ ရှဲ့ယီက ရုတ်တရက် နတ်ရွာစံသွားခဲ့တယ်။ သူ မသေခင်မှာ ထီးနန်းကို ညီတော် ရှဲ့ရွေ့ဆီ လွှဲပေးကြောင်း တော်ဝင်အမိန့်စာ ထားရစ်ခဲ့တယ်။
တိုင်းပြည်ရဲ့ ပြည့်ရှင်က နောက်တစ်ဖန် ပြောင်းလဲသွားပြန်တယ်။ ရှဲ့ရွေ့က ထီးနန်းတက်လာပြီး သူ့လူတွေကို ရာထူးကြီးတွေ ပေးခဲ့တယ်။ သူတို့အားလုံးက ရှဲ့ရွေ့လိုပဲ အရပ်ဘက် ရုံးတော်အရာရှိတွေ ဖြစ်ကြတယ်။
ဧကရာဇ်အသစ် ထီးနန်းတက်ပြီးကတည်းက ရှဲ့ယီနဲ့ ရှဲ့ရွေ့တို့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ရာထူးချပြောင်းရွေ့ခံခဲ့ရတယ်။ ရှဲ့ရွေ့က စာပေသမားဖြစ်ပြီး စစ်မှုရေးရာကို နားမလည်ချေ။ ရှဲ့ရွှမ်းကျီကလည်း ရှဲ့ရွှမ်းချန်နေရာကို ယူပြီး ထီးနန်းဆက်ခံသူဖြစ်လာခဲ့တယ်။
ကျန်းဟုန်ဟောက် အမတ်ကြီးဖြစ်လာတာလည်း ဒီအချိန်ဝန်းကျင်လောက်မှာပဲ ဖြစ်တယ်။
အုပ်ချုပ်သူပြောင်းသွားတဲ့အခါ အမတ်တွေလည်း ပြောင်းကုန်ကြတယ်။ အရပ်ဘက်အရာရှိတွေက ရှဲ့ရွေ့နဲ့ ရှဲ့ရွှမ်းကျီတို့ကို ချီးကျူးကြချိန် ရှေ့မင်းလက်ထက်က ရာထူးကြီး စစ်ဘက်အရာရှိတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ရာထူးချခံခဲ့ရတော့တယ်။
ရှဲ့ရွှမ်းချန်ရဲ့ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့တဲ့ သမိုင်းတွေ၊ ရှဲ့ယီရဲ့ တိုင်းပြည်ကို အုတ်မြစ်ချပေးခဲ့တာတွေက တဖြေးဖြေး မှေးမှိန်သွားပြီး အချိန်တွေကြာညောင်းတဲ့အခါ မေ့လျော့သွားကြတော့တယ်။
အခုအချိန်မှာ ချီယန်ဝမ်လို့ ပြောလိုက်တာနဲ့ လူတွေက သွေးဆာနေတဲ့ မိစ္ဆာကောင်လို့ ပဲ မြင်ကြတော့တယ်။ ချီယန်အိမ်တော်ကိုလည်း အမင်္ဂလာနေရာတစ်ခုလို့ သတ်မှတ်ကြပြီး ရှောင်ရှားသွားလေ့ရှိတယ်။ ဒါပေမဲ့ အတိတ်တုန်းက ချီယန်ဝမ် ရှဲ့ရွှမ်းချန်ရဲ့ အောင်မြင်မှုကို မြင်တွေ့ခဲ့ရတဲ့ ရှဲ့ရွှမ်းကျီ၊ ကျန်းမိသားစုနဲ့ လက်ရှိဧကရာဇ်တောင်မှ ထုတ်မပြောကြပေမဲ့ စိတ်ထဲ ကြောက်ရွံ့နေကြဆဲဖြစ်တယ်။
ဒါပေမဲ့ ရှဲ့ရွှမ်းချန်ရဲ့ အနေအထားက ဖြုံလောက်စရာကောင်းနေတုန်းပဲ။
ဒါကြောင့်မို့လည်း ကျန်းမင်ဝေ့ အဲ့လောက် လက်မခံနိုင်ဖြစ်နေတာ ဖြစ်တယ်။ မုမင်ထန်လိုလူက ရှဲ့ရွမ်းချန်နဲ့ လက်ထပ်ရအောင် ဘာအခွင့်အရေးရှိလို့လဲ?
အခုခေတ်မှာ ဘယ်သူမှ ဟိတ်ကြီးဟန်ကြီးနဲ့ မျိုးရိုးမြင့်ဟန် ထောင်လွှားနေတဲ့ ကျန်းမိသားစုက ဘယ်ဘဝက လာလဲ မမှတ်မိကြတော့ချေ။
ဒါပေမဲ့ ရှဲ့ရွှမ်းချန်နဲ့ အရင်က ရာထူးကြီး စစ်သူကြီးတွေ၊ အမတ်ကြီးတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့က သနားစရာပိုးမွှားတွေသာသာပဲ ရှိတယ်။
___________________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးOpowieści tętniące życiem. Odkryj je teraz