"တံခါးဖွင့်စမ်းနှင်းငယ်,..ဒုန်း ဒုန်း တံခါးဖွင့်စမ်း မင်းသေနေတာလား ငါခေါ်နေတာမကြားဘူးလား,
သူပေးထားတဲ့ဒဏ်ရာတွေကြောင့် နေမကောင်းလို့အိပ်နေတာ ဇေယျမင်းမောင်ရဲ့အသံကြားရော နှင်းငယ်တစ်ယောက် တုန်လှုပ်လာသည် ဒီညရော သူမကိုဘာဒဏ်ရာတွေထပ်ပေးဦးမှာလဲ ကြောက်ကြောက်နဲ့တံခါးကိုဖွင့်ပေးလိုက်၏, ဒါပေမဲ့ ဒီတခါ သူမကိုမလုပ်တာလုပ်ရင် အသက်နဲ့လဲဖို့ထိ တွေးထားသည်
"အသံကျယ်ကြီးနဲ့မအော်နဲ့ အရီးတို့ကြားရင်မကောင်းဘူး.
"ဟက်"အရီးတဲ့လား...ငါ့အမေကိုအရီးပေါ့လေ..ဟုတ်လား နှင်းငယ်,
"ဟုတ်တယ်,အဲ့ဒါဘာဖြစ်လဲ ရှင်မူးရင်အိပ်လိုက် ကျွန်မကို ပြသနာလာမရှာနဲ့,
ဇေယျမင်းမောင် တော်တော်လေးမူးနေတာတော့အမှန် မူးပေမဲ့လဲအသိစိတ်ကကပ်နေသေးတော့,..နှင်းငယ်ကသူ့အမေကို အမေလို့မသုံးနှုန်းပဲအရီးလို့သုံးတာကြောင့် အရမ်းစိတ်တိုနေခြင်းဖြစ်သည်
"ငါမမူးဘူး,မင်းငါ့ကိုအမိန့်ပေးစရာမလိုဘူး..မင်းလိုအစေခံမက ငါခိုင်းတာလုပ် ငါကျွေးတာစား ငါပေးတာယူ..ငါလုပ်တာ..ဟဟ
"ဖြန်း,လူယုတ်မာ ခွေးမျိုး
ဇေယျမင်းမောင်ရဲ့ပါးက ပူကနဲဖြစ်သွား၏ သောက်ထားတဲ့အရက်တွေပါ ဘယ်ရောက်လို့ရောက်ကုန်မှန်းမသိပျောက်ကုန်သည်,
"မင်းကများငါ့ကို,
"ရိုက်လေ ရိုက် အားသုံးပြီး မိန်းမတစ်ယောက်ကိုပြန်ရိုက်တာ ရှင့်ကိုရှင်ဂုဏ်ယူရင်ရိုက်လိုက်,ရှင့်လူကမွေးပြီးခွေးစိတ်ရှိတဲ့လူနဲ့,.
"တိတ်စမ်း, အဲ့ခွေးက မင်းကိုမိတ်လိုက်ခဲ့တာမှတ်မိလားဟမ်း..
ရင်နာလိုက်တာ သူ့ရဲ့စကားကို တကယ်နားထောင်နိုင်စွမ်းတောင်မရှိတော့ဘူး စကားတွေက ကြမ်းတမ်းပြီးအောက်လုံးတွေပဲသုံးနှုန်းနေတာ သူမကိုရိုက်တာထပ်တောင်နာကျင်စေသည်
"ရှင့်လောက်ရွံစရာကောင်းတဲ့ယောကျ်ားမျိုး ကျွန်မဘဝမှာ မမြင်ဖူးဘူး, ရှင့်ကိုအရမ်းမုန်းတယ်
YOU ARE READING
မြို့အုပ်မင်းရဲ့အမုန်းတော်ခံမိန်းမသား or အစေခံဇနီး
Historical Fictionမြို့အုပ်မင်းရဲ့ဇနီးလောင်းက သူမကြောင့် သေသွားတာကြောင့် သူမကိုလက်ထပ်ပြီး ပြန်ပေးဆပ်ခိုင်းမဲ့ ဇေယျမင်းမောင်